Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 23, 2020

ငါးသံပုရာပေါင်း


အရင္ဆုံးငါးကိုတစ္ေကာင္လုံးကို ဆားနဲ႔သံပုရာသီးအရည္ညႇစ္ၿပီးသမေအာင္ပြတ္ၿပီး ေဆးေပးရပါမယ္။ အညႇီအခၽြဲေတြေပ်ာက္ၿပီဆို ဂ်င္းကိုေထာင္းရလာတဲ့အရည္ကို ငါးကိုေနရာအႏွံ့ပြတ္ ၾကက္သားမႈန္႔ေလးလည္းေနရာအႏွံ့ပြတ္ၿပီး ေပါင္းေပးရပါမယ္။ ထမင္းေပါင္းအိုးထဲေရထည့္ ေပါင္းတဲ့အလယ္အကန္႔ေလးတင္ စတီးပန္းကန္ျပားေလးထဲမွာမွ ငါးကိုထည့္ၿပီးေပါင္းေပး႐ုံဘဲေနာ္။
ငါးေပါင္းၿပီးလို႔ထြက္လာတဲ့အရည္ကိုသြန္ပစ္ ငါးကိုအေအးခံ။ ထန္းလ်က္ နဲ႔ င႐ုတ္သီးအနီကိုညက္ေအာင္ေထာင္း ( ေျမပဲထည့္လၽွင္ရ သို႔ေသာ္အခ်ဥ္ေပါ့သြားမည္ဆိုး၍မထည့္ေတာ့ပါဖူး ) ၾကက္သားမႈန္႔ ငံျပာရည္ သံပုရာရည္ အခ်ိဳမႈန္႔ ေရေႏြးအနည္းငယ္ထည့္ၿပီး ေဆာ့စ္ေဖ်ာ္ေပးရပါမယ္။ ၿပီးမွ ေထာင္းထားတဲ့ ထန္းညက္နဲ႔ င႐ုတ္သီးေတြထည့္ နံနံပင္ ပူတီနံ ၾကက္သြန္ျဖဴေလးလွီးၿပီး သမေအာင္ေမႊ။ ေဆာ့စ္ရၿပီဆို ငါးေပါင္းကိုအလယ္မွာထား ေဆာ့စ္အရည္ေတြ ေလာင္းခ် သံပုရာကြင္းေလးေတြနဲ႔အလွဆင္။ စားခ်င္စရာ #ရႈးရွဲငါးသံပုရာေပါင္းေလးရပါၿပီ။
ထန္းလ်က္မႀကိဳက္ရင္ သၾကားအစားထိုးသုံးလို႔ရတယ္ေနာ္ fri တို႔ေရ…
Credit : HTR
.....................
အရင်ဆုံးငါးကိုတစ်ကောင်လုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။ အညှီအချွဲတွေပျောက်ပြီဆို ဂျင်းကိုထောင်းရလာတဲ့အရည်ကို ငါးကိုနေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်းနေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။ ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ငါးကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။

ငါးပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ် ငါးကိုအအေးခံ။ ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင်ထောင်း ( မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်ဆိုး၍မထည့်တော့ပါဖူး ) ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။ ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။ ဆော့စ်ရပြီဆို ငါးပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။ စားချင်စရာ #ရှုးရှဲငါးသံပုရာပေါင်းလေးရပါပြီ။

ထန်းလျက်မကြိုက်ရင် သကြားအစားထိုးသုံးလို့ရတယ်နော် fri တို့ရေ…

Credit : HTR
PT@credit

No comments:

Post a Comment