Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 8, 2020

သရုပ်ဆောင် မင်းရာဇာကို ၃၇၆ ဖြင့် အမှု ဖွင့်



ရန်ကုန်၊ဧပြီ၊၈ ။ ။သရုပ်‌ေဆာင် မင်းရာဇာနဲ့ဇနီးတို့ ညှင်းပန်နှိပ်စက်ခဲ့တယ်ဆိုတဲ့အိမ်အကူမိန်းကလေးဟာ ၁၅နှစ်အရွယ်သာရှိသေးပြီး မိန်းမကိုယ်ဆီးခုံကိုဓားနဲ့မွမ်းထားတဲ့ဒဏ်ရာ၊ အက်ဆစ်နဲ့ပက်ခံရတဲ့ ဒဏ်ရာ၊တူနဲ့ဦးခေါင်းကိုထထားတဲ့ ဒဏ်ရာတွေကြောင့် ရဲစခန်း(၂)ခုမှာ အမူဖွင့်ထားတယ်လို့ ကျူးလွန်ခံရသူမိန်းကလေးရဲ့ ဦးလေးတော်စပ်သူက ပြောပါတယ်။

    ကာမကျူးလွန်ခံရမှုအတွက် တာမွေရဲစခန်းနဲ့ ညှင်းပန်းနှိပ်စက်ခံရမူအတွက် ရွှေပေါက်ကံရဲစခန်းမှာ အမူဖွင့်တိုင်ကြားထားတာဖြစ်ပြီး မင်းရာဇာရဲ့ယောက္ခမဖြစ်သူကို ပါတိုင်ကြားထားတယ်လို့ ပြောပါတယ်။
  ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ ဦးလေးဖြစ်သူ ဦးမိုးကျော်က“ ညှင်းပန်းနှိပ်စက်တာကရွှေပေါက်ကံမှာဆိုတော့ အဲဒီမှာတိုင်ကြားထားပါတယ်၊ ရွှေပေါက်ကံမှာက ကိုမင်းရာဇာရဲ့ယောက္ခမအိမ်မှာပါ သူ့မိန်းမသိသွားတဲ့အချိန်မှာ ပို့ထားတာပါ ။သည်အိမ်ကိုသူတို့သွားပြီးနှိပ်စက်တာပါ ။ကျွန်တော်တို့တူမအရွယ်မရောက်သေးတဲ့ကလေးကို ကာမကျူးလွန်မူကြီးကိုတော့ ဥပဒေအရ အသက်မပြည့်သေးတဲ့ ကျွန်တော်တို့ကလေးအတွက် ရပ်တည်ပေးဖို့ အဖွဲ့အစည်းတွေကို မျော်လင့်နေတယ် ကူညီကြပါလို့ပြောချင်ပါတယ်"လို့ပြောပါတယ်။

   ဧရာ၀တီတိုင်းမှာနေထိုင်တဲ့ ကျူးလွန်ခံရသူတွေရဲ့ ဆွေမျိုးတွေက အွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ အသံဖိုင်ကိုကြားသိရပြီးချိန် အိမ်ရှင်တွေပေးထားတဲ့နေရပ်လိပ်စာကိုသွားရောက်ချိန်မှာ မတွေ့ရှိတာကြောင့် လိုက်လံရှာဖွေတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ သည်လ(၇)ရက်နေ့ကမှ မိန်းကလေးငယ်ရှိရာ ကိုလိုက်သွားချိန်မှာ နှိပ်စက်ချိန်မှာ ချူပ်နှောင်ပေးတဲ့ မင်းရာဇာရဲ့ မန်နေဂျာကိုပါ တရားစွဲဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

   မင်းသားမင်းရာဇာကို တာမွေမြို့နယ်ရဲစခန်း မှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားပြီး၊ ဖမ်းဆီးရမိထားခြင်းမရှိသေးဘူးလို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေများအဖွဲ့ဆီက သိရပါတယ်။ လက်ရှိကျူးလွန်ခံရတဲ့ မိန်းကလေးငယ်မှာ မြောက်ဥက္က လာပမြို့နယ်ဆေးရုံကြီးမှာ ဆေးကုသမူခံယူနေရပြီးအိမ် မဲ မြို့က မိဘတွေလိုက်လာချိန်မှာတောင် ပေးမတွေ့းပဲ ခြိမ်းခြောက်တာမျိူးတွေရှိခဲ့တယ်လို့ ဦးလေးတော်စပ်သူကပြောပါတယ်။

“ ဦးခေါင်းကိုတူနဲ့ထုထားတဲ့သွေးထွက်ဒဏ်ရာ၂ချက်၊ ဆီးခုံမှာ ဓားချွန်နဲ့ထိုးထားတဲ့ဒဏ်ရာနဲ့မွှေထားတာကတစ်ချက် မ်န်းမကိုယ်မှာ အက်စစ်နဲ့ပက်ထားတာက အများကြီးပါ ကလေးကိုခြောက်လန့် ထားတယ်၊ နင်လိုက်သွားရင်နင်မိဘတွေက သည်အကြောင်းတွေသိရင်သတ်မှာဆိုပြီး ခြိမ်းခြောက်ထားတယ်၊ ကလေးက ကျွန်တော်တို့ကိုတွေ့ချိန် ထွက်ပြေးလို့ အတင်းလိုက်ခေါ်ပြီးချော့မော့မေးရတယ် မရိုက်ဘူးမကြိမ်းမောင်းဘူးဆိုမှ ပြောပြတာ ဦးခေါင်းကဒဏ်ရာကလဲသတိရတစ်ချက်မရတစ်ချက်ဖြစ်နေတာ“လို့ပြောပါတယ်။
အေးအေးအောင်
KUMUDRA
https://www.kumudranews.com/

No comments:

Post a Comment