Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 4, 2020

စိတ်ဝင်စားစရာ မျှော်လင့်ချက်ပါ


COVID-19 ရဲ့လက်သည် virus ကို အီတလီ၊ အမေရိကန်၊ တရုတ်နဲ့ အိန္နိယတို့မှာ genome sequencing လုပ်ထားပါတယ်။ တရုတ်ဝူဟန်ကစတဲ့virusရဲ့ဗီဇနဲ့ အီတလီ နဲ့အနောက်နိုင်ငံတွေကိုရောက်သွားတဲ့ virus ယှဉ်ကြည့်ရင် mutation လို့ခေါ်တဲ့ဗီဇ ပြောင်းလဲမှု၃ခုတွေ့ရပြီး virus ကိုပိုမိုကူးစက် ပိုမိုအန္တရာယ်ပေးနိုင်လာစေတာကိုတွေ့ရပါတယ်တဲ့။
ဥရောပကနေအိန္နိယကိုရောက်လာဟန်တူတဲ့virus မှာတော့တရုတ်မူလနဲ့စာရင် genetic mutation တခုသာဖြစ်ပြီး spike protein လို့ခေါ်တဲ့ virusရဲ့အခွံမှာရှိတဲ့လူသားဆဲလ်ထဲကိုစတင်ဝင်ရောက်ဖို့အရေးကြီးတဲ့အစိတ်အပိုင်းမှာပြောင်းလဲမှုဖြစ်ပြီး လူ့ဆဲလ်နဲ့virus ထိတွေ့ချိတ်ဆက်မှုကိုအားနည်းသွားစေတာတွေ့ရတယ်လို့ဆိုပါတယ်။

ဒါဟာအလွန်အရေးကြီးတဲ့တွေ့ရှိချက်ဖြစ်ပြီး အိန္နိယ မြန်မာ အပါအဝင် နောက်မှ virus ဝင်ရောက်ခံရတဲ့အာရှနိုင်ငံတွေအတွက်သက်သာရာရစေမယ့်မျှော်လင့်ချက်တခုဖြစ်ပါတယ်။န

နောက်သက်သာရာရစေတဲ့တချက်က virus ဟာအေးပြီးခြောက်သွေ့တဲ့ရာသီရှိတဲ့နိုင်ငံဒေသတွေမှာပိုဖြစ်ခဲ့တာပါ။

အပူချိန်နဲ့လေထုစိုထိုင်းမှုက virus ပြန့်ပွားမှုကိုအားမပေးဘူးဆိုတဲ့တွေ့ရှိချက်တွေလည်းထုတ်ပြန်ထားပါပြီ။
ဓာတ်ခွဲခန်းသုတေသနအရ virus ဟာ၃၂ဒီဂရီစင်တီအထက်မှာကြာရှည်မရှင်နိုင်တာတွေ့ခဲ့ကြပါတယ်။ မန္တလေးမှာဒီနေ့နေ့အပူချိန်၃၉လောက်ရှိပါတယ်။ခုညချိန်ကို၃၂ရှိပါတယ်။နေရောင်ခြည်ရဲ့UVပြင်းအားကလည်းပိုးသေစေတဲ့တချက်ပါ။
ခုအိန္နိယမှာ ၃ပတ် lockdown လုပ်နေခဲ့ပေမယ့်ပြန်ဖွင့်ဖို့စဉ်းစားနေကြပါပြီ။ Social impact တွေဖြစ်တဲ့ မငြိမ်မသက်တွေဖြစ်မှု၊ လူတွေသီးခြားခွဲနေကြရတဲ့ social distancing လုပ်တာကြာလာတဲ့အခါဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် နောက်ဆက်တွဲလူမှုပြဿနာတွေဖြစ်တဲ့ အမုန်းပွား-အနိုင်ကျင့်-စိတ်ကျ-အဆုံးစီရင် စတဲ့ကွင်းဆက်ပြဿနာတွေဧကန်ဖြစ်လာမှာသိကြလို့ပါ။အနောက်နိုင်ငံတွေမှာ psychological counseling တွေလုပ်နေရပါပြီ။

ဒါကြောင့်မြန်မာတွေအနေနဲ့ရောဂါကိုသတိထား ပြီး မိမိကိုယ်တိုင်အစိုးရကျန်းမာရေးဌာနများရဲ့အစီအမံများကိုလိုက်နာရင်ရပါပြီ။ အလွန်အကျွံမကြောက်ကြဖို့ လိုပါတယ်။

၁။ လက်မကြာခဏဆေးပါ။
၂။ အာဟာရပြည့်ဝအောင်စားပါ။ Vitamin C, D နဲ့ Zinc တို့ဟာ ကိုယ်ခံအားစနစ်အတွက်အလွန်အရေးကြီးတာမို့ဖြည့်စွက်စားပေးပါ။
၃။ အိမ်ထဲမှာငြိမ်ကုတ်မနေဘဲ minimal physical activity ကိုယ်လက်လှုပ်ရှားအတန်အသင့်ပြုလုပ်ပေးပါ။
၄။ စိတ်ကိုကျန်းမာအောင်ထားပါ။ (အကောင်းမြင်စိတ်မွေးပါ။ ပျော်ပျော်နေပါ။ လူတွေနဲ့အဆက်အသွယ်မပြတ်ရှိပါစေ)
ကျနော်တို့အားလုံးဒီကပ်ကြီးကိုကျော်လွှားနိုင်မယ်ဆိုတာအခိုင်အမာယုံကြည်ပါတယ်။
Myat Nyan


COVID-19 ရဲ့လက္သည္ virus ကို အီတလီ၊ အေမရိကန္၊ တ႐ုတ္နဲ႔ အိႏၷိယတို့မွာ genome sequencing လုပ္ထားပါတယ္။ တ႐ုတ္ဝူဟန္ကစတဲ့virusရဲ့ဗီဇနဲ႔ အီတလီ နဲ႔အေနာက္နိုင္ငံေတြကိုေရာက္သြားတဲ့ virus ယွဥ္ၾကည့္ရင္ mutation လို့ေခၚတဲ့ဗီဇ ေျပာင္းလဲမွု၃ခုေတြ႕ရၿပီး virus ကိုပိုမိုကူးစက္ ပိုမိုအႏၲရာယ္ေပးနိုင္လာေစတာကိုေတြ႕ရပါတယ္တဲ့။

ဥေရာပကေနအိႏၷိယကိုေရာက္လာဟန္တူတဲ့virus မွာေတာ့တ႐ုတ္မူလနဲ႔စာရင္ genetic mutation တခုသာျဖစ္ၿပီး spike protein လို့ေခၚတဲ့ virusရဲ့အခြံမွာရွိတဲ့လူသားဆဲလ္ထဲကိုစတင္ဝင္ေရာက္ဖို့အေရးႀကီးတဲ့အစိတ္အပိုင္းမွာေျပာင္းလဲမွုျဖစ္ၿပီး လူ႔ဆဲလ္နဲ႔virus ထိေတြ႕ခ်ိတ္ဆက္မွုကိုအားနည္းသြားေစတာေတြ႕ရတယ္လို့ဆိုပါတယ္။

ဒါဟာအလြန္အေရးႀကီးတဲ့ေတြ႕ရွိခ်က္ျဖစ္ၿပီး အိႏၷိယ ျမန္မာ အပါအဝင္ ေနာက္မွ virus ဝင္ေရာက္ခံရတဲ့အာရွနိုင္ငံေတြအတြက္သက္သာရာရေစမယ့္ေမၽွာ္လင့္ခ်က္တခုျဖစ္ပါတယ္။န

ေနာက္သက္သာရာရေစတဲ့တခ်က္က virus ဟာေအးၿပီးေျခာက္ေသြ႕တဲ့ရာသီရွိတဲ့နိုင္ငံေဒသေတြမွာပိုျဖစ္ခဲ့တာပါ။

အပူခ်ိန္နဲ႔ေလထုစိုထိုင္းမွုက virus ျပန႔္ပြားမွုကိုအားမေပးဘူးဆိုတဲ့ေတြ႕ရွိခ်က္ေတြလည္းထုတ္ျပန္ထားပါၿပီ။

ဓာတ္ခြဲခန္းသုေတသနအရ virus ဟာ၃၂ဒီဂရီစင္တီအထက္မွာၾကာရွည္မရွင္နိုင္တာေတြ႕ခဲ့ၾကပါတယ္။ မႏၲေလးမွာဒီေန႔ေန႔အပူခ်ိန္၃၉ေလာက္ရွိပါတယ္။ခုညခ်ိန္ကို၃၂ရွိပါတယ္။ေနေရာင္ျခည္ရဲ့UVျပင္းအားကလည္းပိုးေသေစတဲ့တခ်က္ပါ။

ခုအိႏၷိယမွာ ၃ပတ္ lockdown လုပ္ေနခဲ့ေပမယ့္ျပန္ဖြင့္ဖို့စဥ္းစားေနၾကပါၿပီ။ Social impact ေတြျဖစ္တဲ့ မၿငိမ္မသက္ေတြျဖစ္မွု၊ လူေတြသီးျခားခြဲေနၾကရတဲ့ social distancing လုပ္တာၾကာလာတဲ့အခါျဖစ္လာတတ္တဲ့ စိတ္ပိုင္းဆိုင္ရာထိခိုက္မွုေတြေၾကာင့္ ေနာက္ဆက္တြဲလူမွုျပႆနာေတြျဖစ္တဲ့ အမုန္းပြား-အနိုင္က်င့္-စိတ္က်-အဆုံးစီရင္ စတဲ့ကြင္းဆက္ျပႆနာေတြဧကန္ျဖစ္လာမွာသိၾကလို့ပါ။အေနာက္နိုင္ငံေတြမွာ psychological counseling ေတြလုပ္ေနရပါၿပီ။

ဒါေၾကာင့္ျမန္မာေတြအေနနဲ႔ေရာဂါကိုသတိထား ၿပီး မိမိကိုယ္တိုင္အစိုးရက်န္းမာေရးဌာနမ်ားရဲ့အစီအမံမ်ားကိုလိုက္နာရင္ရပါၿပီ။ အလြန္အကၽြံမေၾကာက္ၾကဖို့ လိုပါတယ္။
၁။ လက္မၾကာခဏေဆးပါ။
၂။ အာဟာရျပည့္ဝေအာင္စားပါ။ Vitamin C, D နဲ႔ Zinc တို့ဟာ ကိုယ္ခံအားစနစ္အတြက္အလြန္အေရးႀကီးတာမို့ျဖည့္စြက္စားေပးပါ။
၃။ အိမ္ထဲမွာၿငိမ္ကုတ္မေနဘဲ minimal physical activity ကိုယ္လက္လွုပ္ရွားအတန္အသင့္ျပဳလုပ္ေပးပါ။
၄။ စိတ္ကိုက်န္းမာေအာင္ထားပါ။ (အေကာင္းျမင္စိတ္ေမြးပါ။ ေပ်ာ္ေပ်ာ္ေနပါ။ လူေတြနဲ႔အဆက္အသြယ္မျပတ္ရွိပါေစ)
က်ေနာ္တို့အားလုံးဒီကပ္ႀကီးကိုေက်ာ္လႊားနိုင္မယ္ဆိုတာအခိုင္အမာယုံၾကည္ပါတယ္။
Myat Nyan

No comments:

Post a Comment