Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 21, 2020

မြန်မာပြည်က ဘဏ်လုပ်ငန်းရှင်တွေ Money Changers တွေ မရှက်ကြဘူးလား......။


မြန်မာပြည်ကဘဏ်လုပ်ငန်းရှင်တွေ
Money Changers တွေမရှက်ကြဘူးလား......။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ငွေကြေးလဲလှယ်ပြီဆိုရင်
လဲလှယ်တဲ့ငွေစက္ကူစစ်မှန်ဖို့ပဲလိုအပ်ပါတယ်။

ငွေစက္ကူ တွန့်လိမ်ခြင်း
ဟောင်းနွမ်းခြင်း
ခေါက်ကျိုးရာပါခြင်း
အမှတ်အသားပါခြင်း
အစွန်းအထင်းပါခြင်း တို့က လဲလှယ်တဲ့ငွေစက္ကူရဲ့ဈေးနှုံးကို မည်သို့မျှမယုတ်လျှော့စေပဲ မူရင်းဈေးနှုံးအတိုင်းနိုင်ငံတကာမှာလဲလှယ်လို့ရပါတယ်။
ယုတ်စွအဆုံး အပြဲရာလေးပါနေလျှင်တောင်မှ့ မူရင်းဈေးနှုံးနှင့် လဲလှယ်လို့ရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံကျမှ့ပဲ ထူးဆန်းအံ့ဩစရာ
အထက်ပါအကြောင်းအရာလေးတွေဖြစ်နေရုံမျှနှင့် ငွေဈေးနှုံးကို ဘယ်လောက်လျှော့လိုက်ပါတယ် ဘယ်လောက်ပဲရပါမယ်လို့ ပြောဆိုလုပ်ကိုင်နေကြတာ အင်မတန် အံ့ဩဖို့လည်းကောင်းသလို အင်မတန်ရှက်ဖို့ကောင်းလှပါတယ်။

မြန်မာပြည်က ငွေကြေးလဲလှယ်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ ယခု့လို သိက္ခာမဲ့တဲ့ သိက္ခာမရှိ့တဲ့လုပ်ရပ်မျိုး ကိုရပ်တန်းကရပ်ဖို့လိုပါပြီ။

မြန်မာပြည်ကိုရောက်လာပြီးငွေလဲလှယ်တဲ့နိုင်ငံခြားသားတွေမှတ်ချက်ပြု့သွားတာကလည်း မင်းတို့တိုင်းပြည်က အထူးအဆန်းကြီးပါလား နောက်တစ်ခါလာရင် စက်ရုံထုတ် အသစ်ချပ်ချွတ်ကိုပဲ ယူလာရမလိုလိုဖြစ်နေပြီ....
ဆိုတဲ့စကားဟာ ဘယ်လောက်တောင် ကမ္ဘာမှာရှက်စရာကောင်းတဲ့အပြု့အမူမျိုးလဲဆိုတာ သိ့သင့်ပြီလို့ထင်ပါတယ်။

အခု့ပုံမှာပြထားတဲ့ အမှတ်ကလေးပါတဲ့ငွေဆိုရင်
၁၅၀၀ ဈေးနှုံးနှင့် ၁၅၀၀၀၀ ကျပ် ရရှိ့ရမည့်အစား
၁၃၅၀ ဈေးနှုံးနှင့် ၁၃၅၀၀၀ သာရရှိ့မှာဖြစ်ပါတယ်။

ယခု့လိုအမှတ်အသားပါရုံမျှနှင့် လဲလှယ်နှုံး ၁၅၀၀၀ နစ်နာသွားရတာ မဖြစ်သင့်တော့ပါဘူး။

ဘဏ်လုပ်ငန်းရှင်များ ငွေကြေးလဲလှယ်ရာနေရာများရှက်ကြပါ အရှက်မရှိ့ မျက်နှာပြောင်တိုက်ပြီး ပြု့မူဆောင်ရွက်ခြင်းတို့မှ့ ရှောင်ကျဉ်ပေးကြပါ။

အရှက်သိက္ခာ
ကိုယ်ကျင့်သိက္ခာ လူ၌ မြဲကြပါစေ။

Zaw Maung

No comments:

Post a Comment