Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2019

voctoria အမှုရုံးတော်ကို မမှန်မကန်သက်သေတွေတင်သွင်းခဲ့


((( ကမ်းကုန်အောင် --ုတ် ကြပြီ )))

ဟိုးတုန်းကအာဏာရှင်တွေ ယုတ် ခဲ့တဲ့အချိန် ..
ဇာဂနာ ကို သူ့ အိမ်မှာ ဝင်ဖမ်းတုန်းကကွန်ပြူတာ Monitor ကြီး သိမ်းသွားတယ်
System ပုံးနဲ့ HD ယူ မသွားဘူး။
(ယူရမှန်းတောင် မသိဘူး)

ပြီးတော့ကွန်ပြူတာထဲက အချက်အလက်တွေနဲ့
(Monitor ကြီး အားကိုးနဲ့ 😂)
ဇာဂနာကို ထောင်ချ ပစ်လိုက်တယ်ဆိုဘဲ။

ယုတ်ရင်
အဲလို ကမ်း ကုန်အောင် ယုတ်ခဲ့ကြတာ။

အခုလည်း ..
ဘာထူး မလဲ
"အင်ကြီး" ကို
သက်သေလုပ် တင်ခဲ့ကြတာကိုး..။
(အဲခေတ် မီခဲ့သူတွေ ပါနေတာကိုး)

---------------------------------

ဗစ်တိုးရီးယားအမှုမှာ CCTV စက်ကို စစ်ဆေးပြီး တွေ့ရှိချက်ကို ရုံးတော်ကို တင်ပြခဲ့တဲ့ ကွန်ပျူတာပညာရှင်အသင်းက ဆရာဦးထွန်းခိုင်ရဲ့ အင်တာဗျူးမှာ အမှုအတွက် အတော်လေး စိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့အချက်တွေကို သိလိုက်ရတယ်။ ဆွဲထုတ်ပြရရင်

၁။ DVR စက်ထဲက Hard Disk ဟာ ၂၀၁၆ တုန်းက ဝယ်ထားတဲ့ Hard Disk ဖြစ်ပေမယ့် DVR စက်ထဲမှာ တပ်ထားတာ ရက်ပိုင်းပဲရှိသေးတဲ့ Hard Disk ဖြစ်နေတယ်။

၂။ DVR စက်ဟာ 32 Channel ဖြစ်တဲ့အတွက် ကင်မရာအပြည့်နဲ့ တကယ်သာ Run ထားခဲ့ရင် အခုလို Recover လုပ်တဲ့အချိန်မှာ DVR စက်ထဲမှာ ရှိတဲ့ Hard Disk နဲ့ မသက်ဆိုင်တဲ့ တခြားဖိုင်တွေ လုံးဝရှာတွေ့စရာ အကြောင်းမရှိဘူး။ (အခု မဆိုင်တဲ့တခြားဖိုင်တွေ တွေ့ရတယ်)

၃။ DVR စက်ထဲက မှတ်တမ်းတွေကို ကော်ပီကူးပြီးတင်ပြတဲ့ Memory Stick ထဲက ဖိုင် ၁၁ ဖိုင်ဟာလည်း မူမမှန်တဲ့ဖိုင်တွေဖြစ်နေတယ်။ File Name နဲ့ Content တွေ လွဲနေတယ်။

၎။ စစ်ဆေးတဲ့အဖွဲ့အနေနဲ့ ဒီ DVR စက်နဲ့ Hard Disk ဟာ အခင်းဖြစ်စဉ်တုန်းက အသုံးပြုခဲ့တဲ့ စက်နဲ့ Hard Disk ပါဆိုပြီ: ထောက်ခံပေးလို့မရပါဘူးဆိုပြီး ရုံးတော်ကို တင်ပြခဲ့တယ်။

သုံးသပ်ရရင်တော့ အမှုတည်ဆောက်ခဲ့တဲ့ ရဲတွေဟာ မမှန်သက်သေတွေ၊ ပြင်ဆင်ထားတဲ့သက်သေတွေကို ရုံးတော်ကို တင်သွင်းခဲ့တယ်ဆိုတာ အရမ်းပေါ်လွင်ထင်ရှားနေပါပြီ။ တရားရုံးနဲ့ တရားဥပဒေကို တိုက်ရိုက်ကြီးကို စော်ကားလိုက်တာပါပဲ။ မမှန်မကန်သက်သေခံပစ္စည်းတွေ တင်ခဲ့သူတွေကို တရားစွဲအရေးယူပြီး သက်သေအစစ်တွေကို ပိုက်စိတ်တိုက်ရှာဖွေဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်။
.
Credit - ဇော်သူရိန်ထွန်း



No comments:

Post a Comment