Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 19, 2019

ကော့သောင်းခရိုင် ခမောက်ကြီးမြို့မှ ရုံးအတွင်းအကြမ်းဖက်


ကော့သောင်းခရိုင် ခမောက်ကြီးမြို့မှ ရုံးအတွင်းအကြမ်းဖက်

မြန်မာ့စာတိုက်မှ စာတိုက်မှူး ဦးမိုးမြင့်အေးသည် စာပို့သူဝန်ထမ်းမိန်းကလေးအား ရိုက်နက်နေပုံ

ဗွီယိုဖိုင်ထဲကြည့်ရသည်မှာ အတော်လေးအရုပ်ဆိုး အကြည်းတန်လှပါသည်။ ဆရာဖြစ်သူမှ တပည့်ဖြစ်သူအား ရိုက်နှက်နေသည့် အနေအထားပေါ်လွင်နေပါသည်။ ယခုကိစ္စမှာ ဆရာနှင့် တပည့်မဟုတ်။

ဝန်ထမ်းများဖြစ်ပီး အထက်အရာရှိတစ်ယောက်မှ လက်အောက်ငယ်ဝန်ထမ်းအပေါ် အခုလို လုပ်ဆောင်စရာအကြောင်းမရှိပါ။အမှားလုပ်မိတယ်ဆိုလည်း ယဉ်ကျေးစွာပြောဆို ဆုံးမနိုင်ပါတယ်။ အခုလိုရိုက်နှက်စရာအကြောင်းမရှိပါ။ ကိုယ့်နိုင်ငံမှာ အထက်ဖားအောက်ဖိများ အလွန်ပေါများပါသည်။

ကိုယ့်နိုင်ငံမှာ အထက်ဖားအောက်ဖိများ အလွန်ပေါများပါသည်
တစ်ချို့ လူမသိသူမသိ အနိုင်ကျင့်ခံ၊ အခွင့်အရေးချိုးဖောက်ခံနေရသော ဝန်းထမ်းများ များစွာရှိနေပါလိမ့်မည်။ မိန်းကလေးဝန်ထမ်းတစ်ယောက်၊ ပီးတော့ရုံးချိန်မဟုတ်တဲ့ အချိန်မှာ အခန်းတံခါးပိတ် ရိုက်နှက်အော်ဟစ်တာဟာ အတော်လေးတရားလွန်တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ Aung Myo Thu အကောင့်ပိုင်ရှင်မှ အောက်ပါအတိုင်း ပြန်လည်တင်ထားတာဖြစ်ပါတယ်။

ဘာကြောင့်ရိုက်ရလဲ? စကားကျယ်ကျယ်မပြောလို့၊ စာရင်းပြုစုမှားလို့ စရင်းမှားရအောင်စာပို့သမားက စရင်းဇယားမနိုင်နင်းတဲ့အတွက် အထက်လူကြီးပီသစွာရှင်းပြခွင့်ရှိသည် ရိုက်ပိုင်ခွင့်မရှိပါ။

ဝန်ထမ်းတွေ အလုပ်ဆင်းချိန် ညနေ4နာရီဆိုဆင်းရပါပီ စာပို့သူအား အခန်းပိတ်၍ည8နာရီအထိရုံးမဆင်းဘဲ ဆူပူကြိမ်းမောင်းပါသည် ရိုက်သံများကိုအပြင်ထိကျယ်လောက်စွာကြားရပါသည်။ ဝန်ထမ်းမိန်းကလေး ဘာကြောင့်မတိုင်ကြားတာလဲ၊

သူ့ကိုအလုပ်ဖြုတ်မယ် ခြိမ်းခြောက်သောကြောင့် မိဘများပါ အသိမပေးဘဲကြိမ်ခံနေသည်ဟု သိရပါသည်။ဤကိစ္စအား သက်ဆိုင်ရာတာဝန်ရှိသူများ အရေးယူပေးပါ။

Videoဖိုင်သည်ရုံးဆင်းချိန်ကျော်လွန်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ထိရောက်စွာ အရေးယူပေးနိုင်ရန်ဝိုင်းဝန်းရှယ်ပေးကြပါ။

ေကာ့ေသာင္းခရိုင္ ခေမာက္ႀကီးၿမိဳ႕မွ ႐ုံးအတြင္းအၾကမ္းဖက္



ျမန္မာ့စာတိုက္မွ စာတိုက္မႉး ဦးမိုးျမင့္ေအးသည္ စာပို႔သူဝန္ထမ္းမိန္းကေလးအား ရိုက္နက္ေနပုံ



ဗြီယိုဖိုင္ထဲၾကည့္ရသည္မွာ အေတာ္ေလးအ႐ုပ္ဆိုး အၾကည္းတန္လွပါသည္။ ဆရာျဖစ္သူမွ တပည့္ျဖစ္သူအား ရိုက္ႏွက္ေနသည့္ အေနအထားေပၚလြင္ေနပါသည္။ ယခုကိစၥမွာ ဆရာႏွင့္ တပည့္မဟုတ္။



ဝန္ထမ္းမ်ားျဖစ္ပီး အထက္အရာရွိတစ္ေယာက္မွ လက္ေအာက္ငယ္ဝန္ထမ္းအေပၚ အခုလို လုပ္ေဆာင္စရာအေၾကာင္းမရွိပါ။အမွားလုပ္မိတယ္ဆိုလည္း ယဥ္ေက်းစြာေျပာဆို ဆုံးမနိုင္ပါတယ္။ အခုလိုရိုက္ႏွက္စရာအေၾကာင္းမရွိပါ။ ကိုယ့္နိုင္ငံမွာ အထက္ဖားေအာက္ဖိမ်ား အလြန္ေပါမ်ားပါသည္။



ကိုယ့္နိုင္ငံမွာ အထက္ဖားေအာက္ဖိမ်ား အလြန္ေပါမ်ားပါသည္

တစ္ခ်ိဳ႕ လူမသိသူမသိ အနိုင္က်င့္ခံ၊ အခြင့္အေရးခ်ိဳးေဖာက္ခံေနရေသာ ဝန္းထမ္းမ်ား မ်ားစြာရွိေနပါလိမ့္မည္။ မိန္းကေလးဝန္ထမ္းတစ္ေယာက္၊ ပီးေတာ့႐ုံးခ်ိန္မဟုတ္တဲ့ အခ်ိန္မွာ အခန္းတံခါးပိတ္ ရိုက္ႏွက္ေအာ္ဟစ္တာဟာ အေတာ္ေလးတရားလြန္တာျဖစ္ပါတယ္။ဒါနဲ႔ပတ္သက္လို႔ Aung Myo Thu အေကာင့္ပိုင္ရွင္မွ ေအာက္ပါအတိုင္း ျပန္လည္တင္ထားတာျဖစ္ပါတယ္။



ဘာေၾကာင့္ရိုက္ရလဲ? စကားက်ယ္က်ယ္မေျပာလို႔၊ စာရင္းျပဳစုမွားလို႔ စရင္းမွားရေအာင္စာပို႔သမားက စရင္းဇယားမနိုင္နင္းတဲ့အတြက္ အထက္လူႀကီးပီသစြာရွင္းျပခြင့္ရွိသည္ ရိုက္ပိုင္ခြင့္မရွိပါ။



ဝန္ထမ္းေတြ အလုပ္ဆင္းခ်ိန္ ညေန4နာရီဆိုဆင္းရပါပီ စာပို႔သူအား အခန္းပိတ္၍ည8နာရီအထိ႐ုံးမဆင္းဘဲ ဆူပူႀကိမ္းေမာင္းပါသည္ ရိုက္သံမ်ားကိုအျပင္ထိက်ယ္ေလာက္စြာၾကားရပါသည္။ ဝန္ထမ္းမိန္းကေလး ဘာေၾကာင့္မတိုင္ၾကားတာလဲ၊



သူ႔ကိုအလုပ္ျဖဳတ္မယ္ ၿခိမ္းေျခာက္ေသာေၾကာင့္ မိဘမ်ားပါ အသိမေပးဘဲႀကိမ္ခံေနသည္ဟု သိရပါသည္။ဤကိစၥအား သက္ဆိုင္ရာတာဝန္ရွိသူမ်ား အေရးယူေပးပါ။



Videoဖိုင္သည္႐ုံးဆင္းခ်ိန္ေက်ာ္လြန္၍ ရိုက္ကူးထားျခင္းျဖစ္ပါတယ္။ ထိေရာက္စြာ အေရးယူေပးနိုင္ရန္ဝိုင္းဝန္းရွယ္ေပးၾကပါ။



Video-Credit

No comments:

Post a Comment