Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 21, 2019

၈၉ခုနှစ်မှာ သမီးလေးဗစ်တိုးရီးယားအမှု့လို တစ်နိုင်ငံလုံး စိတ်ဝင်စားခဲ့တဲ့အမှု့မှာ တရားခံရှေ့နေကြီး ဦးကိုယုပြောခဲ့သော သမိုင်းတွင် လျှောက်လဲချက်နှင့် ယခုဗစ်တိုးရီးယားလေးအမှု့ သုံးသပ်ချက်


ပညာရေးကလွဲပြီး ဘယ်အရေးဘယ်အကြောင်းမှ မတင်ဘူး ဒါပေမယ့် ဒါလေးတော့ တင်လိုက်တယ် အဲ့ခေတ်က ရဲမှူးကို လေးစားလို့။

တင်မြှောက်ခံထားရတဲ့အစိုးရကော မတင်မြှောက်ခံရပဲအစိုးရသူတွေကော ဗစ်တိုးရီးယားအမူကိုလျော့မတွက်ပါနဲ့ ဒါနိုင်ငံတော်အမူပါ တရားဥပဒေစိုးမိုးရေးရဲ့စံပြအမူပါ နိုင်ငံသားအားလုံးရဲ့လက်ရှိတရားဥပဒေစိုးမိုးရေးအပေါ်ထားတဲ့ မျော်လင့်ချက် စံချိန်တန်ဘိုးပါ

ဗစ်တိုးရီးယားအမူမှာ တရားမျှတမူကိုမရှာပေးနိုင်ရင် ဥပဒေအဖွဲ့အစည်းအားလုံးတင်မကဖူ နိုင်ငံတော်ပါကျဆုံးပြီမှတ်ပါ ‘ ၈၉ မှာ သူ့ကိုယ်သူ စစ်ကိုနိုင်လို့နာမည်ပေးထားတဲ့ အဖွဲ့ချုပ်လူငယ် စိုးသိန်းက တခြားလူငယ်အဖွဲ့ဝင် မသူဇာနဲ့ရည်ငံရာက ကိုယ်ဝန်ပျက်တယ် တချိန်လုံးစောင့်ကြည့်နေတဲ့ ထောက်လှမ်းရေးက ဒါကိုအားနည်းချက်တခုအဖြစ် ဇွတ်အသုံးချပြီး တော်တော်များများကို ဖမ်းတယ်

အဘသခင်အုန်းမြင့်လို နာမည်ကြီး လူကြီးတွေကို မဆီမဆိုင်အတင်းကြံရာပါအဖြစ် ဖမ်းတယ် ၈၉ ခုနှစ်မှာ တရားရုံးအမူဆွဲတင်တယ် တရားခံဖက်ကရှေ့နေက တကယ့်နိုင်ငံကျော်ရှေ့နေ ဦးကိုယု မြောက်များစွာသော ဆရာဝန်တွေ ဆေးဖက်ဆိုက်ရာပညာရှင်တွေ သက်သေတွေကို နှစ်ဖက်ရှေ့နေတွေရှေ့မှာ စစ်တယ် အပြန်လှန်မေးခွန်းတွေမေးတယ် မတရားသက်သေလာထွတ်ရတဲ့ ရဲဖက်ကအရာရှိတွေ အက်မတန်ထက်မြက်တဲ့ ဦးကိုယုမေးခွန်းတွေအောက်မှာ တရားခံဖြစ်လုနီးပါး အရှက်ရရတယ်

အကြောက်တရားအောက်မှာ သိသိကြီးနဲ့ပေကပ်ပြီး လိမ်ထွတ်ကြတယ် ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေထွတ်ဆိုတယ်။ နောက်ဆုံးသိပ်စကားတတ်တဲ့ ဦးကိုယုက တရားရုံးကိုလျောက်တယ် ။ အပြန်လှန်စစ်မေးပေါ်ပေါက်မူတွေက ဒါဟာ subject abortion (ပျက်ကျတာ) လိုပြနေတယ်။ အမူဆွဲတင်တဲ့အဖွဲ့စည်း ရဲဖက်ကလဲ အထောက်ထားမခိုင်ပဲ ဇွတ်ကိုဒါဟာ criminal abortion (ရာဇဝတ်မူမြောက်တဲ့ဖျက်ချမူလို့ ) ဆိုနေပါတယ် ။

တရားသူကြီးမင်းခင်ဗျာ တကယ်အဖြစ်နိုင်ဆုံးကတော့ သည်အမူဟာ state abortion (နိုင်ငံတော်ပျက်ကျမူ ( ကျဆုံးမူ) ကြီးပါလို့လျှောက်ခဲ့တယ် ။ ဗစ်တိုးရီးယားပြသနာလဲအလားတူပါ တရားဥပဒေကျဆုံးမူ နိုင်ငံတော်ကျဆုံးမူ့ဖြစ်သွားလိမ့်မယ် လျော့မတွက်ပါနဲ့ ပြည်သူ့ရဲ့ဥပဒေပေါ်ထားတဲ့ စိတ်ကုန်သွားမယ် ကုန်းကောက်စရာမရှိပဲရဲတပ်ဖွဲ့လဲ မရှိတဲ့ကိုယ်ကျင်တရား မူးလို့ရူစရာမရှိဖြစ်မယ် စိုးသိန်းအမူ ဇွတ်အတင်းဆွဲချပြီး အမိန့်ချတဲ့နေ့မှာပဲ

ဆရာဦးကိုယုဆီကို အဲသည်တုန်းက ပယ်ပယ်နယ်နယ်တလျေက်လုံးနွာခံခဲ့ရတဲ့ ရဲချုပ်က မျက်နှာငယ်လေးနဲ့လာတောင်းပန်တယ် ဆရာ မလွဲရှောင်သာတော့လုပ်ရပါတယ် ဆရာတို့ရွေးကောက်ပွဲမှာအနိုင်ရမှာပါ ကျွန်တော်အိပ်ရာလိပ် လိပ်ထားပါမယ်လို့ရိုးသားစွာဆိုတယ် ဦးကိုယုက ကိစ္စမရှိပါ။ ကျွန်တော်နားလည်ပါတယ်လို့ ဆိုတယ်။ မတရားမူကိုအကြောက်တရားကြောင့် မလွဲရှောင်သာလုပ်ရတာတောင်
အဲ့သည်ကာလက ရဲတချို့က အရှက်တရားရှိသေးတယ်ဆိုတာ ပြောချင်တာ။ ခုရဲတွေက ဘယ်လောက်ဆက်မိုက်လုံးကြီးဦးမလဲ အနာဂတ်တခုလုံး လူမွေးလူတောင်မပြောင်ဖူးဖြစ်သွားမယ်။ ဗစ်တိုးရီးယား မုဒိန်းမူမဟုတ်ဖူ။း နိုင်ငံတော်မုဒိန်းကျင့်ခံရတာ ဥပဒေမုဒိန်းကျင့်ခံရတာ ဦးကိုယုစကားနဲ့ပြောရရင် တရားမျှတမူမုဒိန်းကျင့်ခံရတာ။ KN

No comments:

Post a Comment