Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 6, 2019

ကျားဖောင်ပေါ်မှာ ၆ သိန်း‌လျော်နိုင်ယင် ကြိုက်တဲ့သူကို သတ်လို့ရတယ်


"ရေလုပ်ငန်း (သို့မဟုတ်) လူပွဲစားတို့ရဲ့ဈေးကွက်"

ခုတလော ဖျာပုံဘက်က ကျားဖောင် လူကုန်ကူးမှုတွေ
နာမည်ကြီးနေတယ် ...
.
ဖျာပုံ ဒေးဒရဲဆိုတာ ဧရာဝတီတိုင်းမှာ ရေလုပ်ငန်းကို
အကြီးအကျယ်လုပ်ကိုင် နေတဲ့ ဒေသတွေပေါ့ ...
.
ကျေးလက်ဒေသတွေမှာ ပုဂ္ဂလိက ချေးငွေကိစ္စတွေ၊ အဓိကအားထားရတဲ့ လယ်ယာလုပ်ငန်းတွေမှာ
အကျိုးအမြတ်လျော့နည်းလာတာတွေကြောင့်
ကျေးလက်နေ လူငယ်လူရွယ်တွေဟာ မိမိတို့နေရပ်
တွေကို စွန့်ခွာပြီး အနီးဆုံး ရန်ကုန်၊ အဝေးဆုံး
နိုင်ငံခြားတွေကိုထွက်ခွာလာကြတယ် ...
.
ရေလုပ်ငန်းဆိုရင် တော်ရုံလူငယ်တွေ
မလုပ်ချင်ကြဘူးလေ ...
ပင်လယ်ပြင်မှာ ခံစားရတဲ့ လှိုင်းဒဏ် အလုပ်ဒဏ်တွေက
လယ်ယာလုပ်ငန်းက ထွန်တုံး မ ရတာထက် အဆမတန်
ပိုပင်ပန်းတာကိုး ...
.
ဆိုတော့ အဓိကအားဖြင့် ကျေးလက်မှာ လုပ်သားအရင်း
အမြစ်တွေရှားပါးလာတယ် ...
.
ရေလုပ်ငန်း အနေနဲ့ fishing period အရောက်မှာ
အလုပ်သမားလိုအပ်ခြင်းက အဓိက ပြဿနာတစ်ရပ်လို
ရင်ဆိုင်နေရတယ် ...
အဲ့ဒီမှာ လူပွဲစားတွေနဲ့ ချိတ်ပြီး ဈေးပေါပေါနဲ့ ရတဲ့
ဘယ်ကမှန်းမသိတဲ့ လူတွေကို ခေါ်ခိုင်းတော့တာပဲ ...
.
ပွဲစားတွေက နည်းမျိုးစုံမက်လုံးပေးပြီး ခေါ်တယ်
ပြီးရင် သူတို့က လူရှာခ ယူသွားတယ်
သူတို့ယူသွားတဲ့ငွေကြေးကို ကျန်ခဲ့တဲ့ လုပ်သားက
ကျေအောင်လုပ်ပေးပြီးကာမှ ကိုယ့်အတွက် လစာရတာမျိုး
လစာရပြီဆိုလို့လည်း သက်ပြင်းမချနဲ့ဦး
ရတဲ့လစာနဲ့ လုပ်ရတဲ့အလုပ်က လုံးဝမမျှတ ...
.
လူပွဲစားတွေက ဘယ်လောက်ထိ အတင့်ရဲလာလဲ ဆိုရင်
ရန်ကုန်က ကျောင်းသား လူငယ်တွေထိပါ ပစ်မှတ်ထား
လာကြတယ်
ဒဂုံတက္ကသိုလ်က ကျောင်းသားလေးရဲ့ ဖြစ်ရပ်က
သက်သေပဲ ...
.
ကိုယ်ကိုယ်တိုင်က ဖျာပုံဘက်က ဆိုတော့ ဒီဖြစ်ရပ်တွေ
ဒီ့ထက်မက ဖြစ်ပျက်နေတယ်ဆိုတာ နားနဲ့မဆန့်ဘူး
ကြားရတယ် ...
.
တချို့လုပ်သားတွေ လှေဦးစီးတွေနဲ့ အခန့်မသင့်ဖြစ်ပြီး
လှေဦးစီးတွေနဲ့ သူ့ရဲ့ တပည့်တပန်းတွေ ထိုးကြိတ်နှိပ်စက်
တာကိုခံရတဲ့သူတွေ ရှိသလို၊ ပင်လယ်ပြင်ရဲ့ လှိုင်းဒဏ်နဲ့
အလုပ်ရဲ့ ပင်ပန်းတဲ့ဒဏ်တွေကို မခံနိုင်ကြတော့ ရေထဲ
ခုန်ချပြီး ထွက်ပြေးသွားကြတဲ့ လူတွေလည်းမနည်းဘူး ...
.
ထွက်ပြေးလို့ မိရင်တော့လား အဲ့လူ မသက်သာတော့ဘူး
မှတ်။ ဦးစီးနဲ့ အပေါင်းအပါတွေရဲ့ ဝိုင်းဝန်း အမဲဖျက်ခြင်းကို ခံရပေတော့ပဲ ...
.
ဦးစီးနဲ့ အဆင်ပြေသည်ထားဦး ရေလုပ်သားအချင်းချင်း
အနိုင်ကျင့်စော်ကားတာလည်း ခံရသေးတာ
အဲ့လိုအခြေအနေဆို သူ့အတွက် သေခြင်းတရားက
နီးကပ်လာပြီလို့ပဲ မှတ်ယူထားရတော့မယ့် အခြေအနေ ...
.
သူတို့တွေရဲ့ သင်္ချိုင်းက ပင်လယ်ပဲ
တချို့ ရေလုပ်သားတွေဆို သတ်ပြီး ပင်လယ်ထဲမျှောပစ်ကြတာ မဟုတ်လား ...
.
လူတစ်ယောက်သတ်ပြီးရင် (သို့) ဘယ်အကြောင်းနဲ့
သေသေ လျော်ကြေး ၆သိန်းကနေ ၈ သိန်း ပေးရင်
အဆင်ပြေနေကြတာ
သူတို့ရဲ့အကြောင်းပြချက်က မတော်တဆ ရေနစ်
သေတာပေါ့ ...
.
အဲ့လိုဆိုတော့ အမှုတွေက အထက်ကိုမရောက်ဘူး
အောက်ခြေမှာတင်ပြတ်သွားတာများတယ် ...
ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကလည်း ငွေလေး
လေးငါးခြောက်သိန်းနဲ့ ကျေနပ်ကြရတာတွေလည်း
မနည်း...
မကျေနပ်ကြလို့လည်း မရတဲ့အခြေအနေနဲ့ နည်းမျိုးစုံ
ဝိုင်းဖိထားကြတာ (သိတယ်မလား... )
.
စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ အင်မတန်အားနည်းတဲ့
လူတစ်စုရဲ့ လက်အောက်မှာ ခံရမယ့် လူတစ်ယောက်ရဲ့
အသက်ဟာ ဘာမဆို ဖြစ်သွားနိုင်ပါတယ် ...
အာမခံချက်မရှိပါဘူး ...
.
အဲ့အမှု​တွေက အောက်​ခြေမှာတင်ပြတ်သွားလို့
ဌာနဆိုင်ရာတွေ မသိဘူးလားဆိုတော့လည်း သူတို့က
ပိုသိတာပေါ့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်တည်းက
media အချို့ အကျယ်တဝင့် ပြောလာတာပဲ ...
.
ဒါမယ့် သူတို့တွေ ငြိမ်သက်ပြီး မကိုင်တွယ်ခဲ့တာလည်း
အသေအချာပဲ ...
.
ဒါကြောင့်လဲ အခုလို အဖြစ်အပျက်တွေ ခပ်စိပ်စိပ်
ဖြစ်ပျက်နေတာပေါ့ ...
.
ခပ်စိပ်စိပ်ဖြစ်ပျက်နေပေမယ့်လည်း ဒေသန္တရ အစိုးရရဲ့
ကိုင်တွယ်မှုတွေ ပြည်ထဲရေးရဲ့ ကြိုးပမ်းမှုတွေ မကြားရ
မသိရသေးဘူး ...
.
ကြားရသလောက်ဆိုရင်တော့ လူသားရောင်းဝယ်
ဖောက်ကားမှုမှာ အပိုင် ရဲတွေက ပွဲစားတွေဆီက
လာဘ်လာဘကို ယူပြီး လမ်းကြောင်းတွေကို မသိချင်
ယောင်ဆောင် ပေးကြတာ
တချို့ အပိုင်ရဲတွေဆို ကိုယ်တိုင် ပွဲစားသဘောမျိုး
လုပ်နေတာတွေကိုတောင် ကြားရတယ် ...
.
ဆိုတော့...
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော်တို့ ရွာနားမှာ
ဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ခုကို သတိရလိုက်တယ် ...
.
ည အချိန်မတော် လူသေအလောင်းတစ်လောင်းကို
စောင်နဲ့ပတ်ပြီး သင်္ချိုင်းတစ်ခုမှာ လာမြှုပ်တယ်
ရေထဲမှာ ကြွက်တက်လို့ ရေနစ် သေတာဆိုပြီးတော့ပေါ့ ...
.
သေဆုံးသူအလုပ်လုပ်တာက အဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး သားရဲ့ လှေပေါ်မှာ ...
.
သူ့ရဲ့ ဇာတိလည်း မသိရသလို ကျန်တဲ့အချက်အလက်တွေလည်း မသိရတော့ အလောင်းပိုင်ရှင်က ပျောက်နေတယ်
ထုံးစံအတိုင်း ပွဲစားတွေဆီက ခေါ်ယူထားတာဆိုတော့လေ
...
.
အဲ့ဒီ့ အချိန်မတော် မြေမြှုပ်မှုကို တချို့ ပြည်သူတွေက
မယုံဘူး သမရိုးကျသေတာ မဖြစ်နိုင်ဘူးပေါ့
သို့လော သို့လောနဲ့ ထင်မြင်ပြီးပြောကြဆိုကြ ...
.
အဲ့လိုတွေ ပြောကြဆိုကြတဲ့ အသံတွေကျယ်လာလို့
ရပ်/ ကျေးအုပ်ချုပ်ရေးမှူးက အပိုင်ရဲကို အကြောင်းကြား
လိုက်တော့ မြေမြှုပ်ပြီး ၅ ရက်ခန့်အကြာမှာ အလောင်း
ပြန်ဖော်မယ်ဆိုပြီး ဖြစ်ကြတယ် ...
.
တိုယ်နယ် ဆရာဝန်လည်း ခေါ်တယ်
မြို့နယ် ရင်ခွဲရုံက ပုဂ္ဂိုလ်အချို့လည်းခေါ်တယ် ...
.
ဆေးစစ်ဖို့ ခန္ဓာကိုယ် အစိတ်အပိုင်းအနည်းငယ်
ယူတယ် ...
.
မြို့နယ် တရားရုံးထိ ရောက်ပေမယ့်
တရားလိုပြုလုပ်တိုင်တန်းမယ့်သူ ကာယကံရှင်
(အလောင်းပိုင်ရှင်) ပေါ်မလာတော့ အမှုစစ်ဆေးမှုက
ပွင့်လင်းမြင်သာမှုမရှိဘဲ ပြီးစီးသွားခဲ့တယ်ဆိုတယ် ...
.
တိုက်နယ်ဆေးရုံရဲ့ ဆေးစစ်ချက်အဖြေဆိုတာလည်း
ပွင့်လင်းမြင်သာစွာ မသိရဘူး ...
.
ဖြစ်စဉ်တွေကို စာနဲ့ သိရှိထားတဲ့ လွှတ်တော်ကိုယ်စား
လှယ်တွေ ဌာနဆိုင်ရာ တွေရဲ့ အဖြစ်မှန်ပေါ်ပေါက်အောင် အားစိုက်မှုနည်းနေတဲ့အကြောင်းကလည်း တစ်ကြောင်းအပါအဝင်ပေါ့ ...
.
တကယ်ပဲ ရေနစ်သေတာလား၊ လူသတ်မှုလား
ဆိုတာကိုတော့ အလောင်းရဲ့ သွင်ပြင် လက္ခဏာ အရ
ဘယ်လိုပဲ ထင်မြင်ပြောဆိုကြပါစေ ဆေးစစ်ချက်အဖြေ
အရ Not Detected ဆိုရင်လည်း မည်သူမျှ တတ်နိုင်မယ် မထင်။ (ဒါက ကိုယ့်အမြင်) ...
.
ပြောချင်တာက တရားဥပဒေစိုးမိုးမှု၊ ဒေသန္တရ အစိုးရရဲ့
ကိုင်တွယ်မှု၊ ပြည်ထဲရေးရဲ့ ကြိုးပမ်းမှု၊ အလုပ်သမားတွေရဲ့အခွင့်အရေး၊ တရားမျှတမှု
ဒါတွေ ကင်းမဲ့နေတာကိုပဲ ...
.
ဒီလိုပုံစံမျိုးတွေ ထပ်ဖြစ်မလာဖို့က ဘယ်သူတွေမှာ
တာဝန်အရှိဆုံးလဲ?
.
လူပွဲစားတွေရဲ့ ဈေးကွက်ကို ပိုမိုအားကောင်းခွင့်
ပေးမှာလား?
.
လှစ်လျူရှုခြင်းကရော အကောင်းဆုံးအဖြေလား?
.
သို့မဟုတ် ဘယ်လိုနည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ်
ဒီလိုငရဲခန်းရာဇဝတ်မှုတွေကို အကောင်းဆုံး
ထိန်းချုပ်ချိန်တန်နေပါပြီ...။

(ဘမ်းခံထိလို့ ပြန်တင်ရတဲ့ repost)
နေရဲဇင် ဒလ

No comments:

Post a Comment