Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 5, 2019

ရန္ကုန္တုိင္းမ္စီးတီး အလယ္က ခုတ္မရတဲ့ ေညာင္ပင္နဲ႔ ေရႊ႕မရတဲ့ အုတ္ဂူ ၂ လံုး



လတ္တေလာ နာမည္ႀကီးေနတဲ့ အေၾကာင္းအရာကေတာ့ တုိင္းမ္စီးတီး အလယ္ေကာင္က ခုတ္မရတဲ့ ေညာင္ပင္ အေၾကာင္းနဲ႔ ကားပါကင္က ေရႊ႕မရတဲ့ အုတ္ဂူ ၂ လံုး အေၾကာင္းပဲ ျဖစ္ပါတယ္။
တုိင္းမ္းစီးတီး မတည္ေဆာက္ခင္ကေတာ့ အဲဒီေနရာဟာ ကားပြဲစားတန္းပါ။
ကားပြဲစားတန္း မတုိင္ခင္ကေတာ့ ရန္ကုန္ၿမဳိ႕ရဲ႕ နာမည္ႀကီး ႀကံေတာသခ်ဳိၤင္း ေနရာျဖစ္ခဲ့တာေပါ့။
ရန္ကုန္တၿမဳိ႕လံုးက လူေတြကုိ ႏွစ္ ေပါင္းရာနဲ႔ ခ်ီၿပီး ျမွဳပ္ႏွံသၿဂဳိၤဟ္ခဲ့ရာ ေနရာတခု ျဖစ္ပါတယ္။ ႀကံေတာမွာ နာမည္ႀကီးပုဂၢဳိလ္ေတြရဲ႕ အုတ္ဂူေတြသာမက ၿဗိတိသွ် စစ္သားေတြရဲ႕ အုတ္ဂူေတြပါ ရွိေနခဲ့ပါတယ္။

တခု ထူးျခားတာကေတာ့ ၁၉၉၄ ခုႏွစ္တုန္းက တာေမြသခ်ဳိၤင္းမွာ စူပါမားကတ္ တခု ေဆာက္ဖုိ႔ စီစဥ္ေတာ့ အဲဒီက အုတ္ဂူအမ်ားအျပားကုိ ႀကံေတာသခ်ဳိၤင္းကုိ ေျပာင္းေရႊ႕ ျမွဳပ္ႏွံခဲ့ၾကပါတယ္။

ရန္ကုန္စိန္႔ဂၽြန္းက အုတ္ဂူေတြကုိလည္း ႀကံေတာကုိ ေျပာင္းေရႊ႕ခဲ့ၾကပါတယ္။ ၁၉၉၆ မွာေတာ့ အစုိးရက ႀကံေတာသခ်ဳိၤင္းကုိ တလအတြင္း ေျပာင္းေရႊ႕ခုိင္းခဲ့ပါတယ္။

ေခတ္ေတြ ႏွစ္ေတြ ၾကာၿပီး ႀကံေတာသုသာန္ အေဟာင္းရဲ႕ ေျမေနရာမွာ တည္ေဆာက္ထားတဲ့ တုိင္းမ္စီးတီးကေတာ့ မၾကာခင္က ဖြင့္လွစ္ခဲ့ၿပီးၿပီ ျဖစ္ပါတယ္။

မဖြင့္ခင္ကတည္းက မွန္တံတားနဲ႔ နာမည္ႀကီးေနတဲ့ တုိင္းမ္စီးတီးမွာ ထူးဆန္းအံ့ၾသဖုိ႔ေကာင္းေနရာ ၂ ေနရာ ရွိပါတယ္။

အဲဒါကေတာ့ တုိင္းမ္စီးတီး ရင္ျပင္မွာ ရွိတဲ့ ခုတ္လက္စ ေညာင္ပင္မွာ ပံုစံစံု ဘုရားဆင္းတုေတာ္ေတြ ဝုိင္းပတ္ထားၿပီး အပူေဇာ္ခံထားတဲ့ ေနရာနဲ႔ ေျမေအာက္ထပ္ ကားပါကင္မွာ ရွိတဲ့ အုတ္ဂူ ၂ လံုးပါပဲ။

ႀကီးမားတဲ့ စီမံကိန္းေတြကုိ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ မေတာ္တဆျဖစ္မႈေၾကာင့္ အသက္အႏၱရာယ္ ဆံုးရႈံးခဲ့ရ တာေတြ ရွိပါတယ္။ ဒါေပမယ့္ တုိင္းမ္စီးတီးက ျဖစ္ရပ္ကေတာ့ ထူးဆန္းပါတယ္။

ေညာင္ပင္ ခပ္လတ္လတ္ တခုကုိ ခုတ္ဖုိ႔ ႀကဳိးစားခ်ိန္မွာ မေမွ်ာ္လင့္ဘဲ အလုပ္သမား ၂ ဦး အသက္ဆံုးရံႈးခဲ့ရတယ္လုိ႔ သိရွိသူမ်ားက ဆုိပါတယ္။ အဲဒီေညာင္ပင္မွာ ေနတဲ့ ပရေလာကသားဟာ ႏွစ္ခ်ဳိ႕ၿပီး အေတာ္ၾကမ္းတမ္းတယ္လို႔ ဆုိၾကပါတယ္။

တုိင္းမ္းစီးတီး စတင္တည္ေဆာက္တဲ့ ၂၀၁၂ ေလာက္မွာ ေျမညိွဖုိ႔ ႀကဳိးစားစဥ္ကတည္းက ခုတ္ဖုိ႔ ႀကဳိးစားၾကတာမွာ မေအာင္ျမင္ခဲ့ဘူးလုိ႔ ဆုိပါတယ္။

ဘူဒုိဇာ ၃ စီးနဲ႔ ၿဖဳိဖုိ႔ ႀကဳိးစားခဲ့ေပမယ့္လည္း အခက္အခဲ တခု မဟုတ္ တခု ေတြ႕ခဲ့လုိ႔ ေညာင္ပင္ကုိ ခုတ္ပစ္ဖို႔ အစီအစဥ္ကုိ လက္ေလွ်ာ့ခဲ့ၾကတယ္လို႔ ဆုိပါတယ္။ အခေၾကးေငြ ဘယ္ေလာက္ေပးေပး အဲဒီေညာင္ပင္ကုိ မခုတ္ရဲၾကေတာ့ဘူးလုိ႔ သိရပါတယ္။

အဲဒီအနီးအနားမွာ ေနတဲ့သူေတြရဲ႕ ေျပာျပခ်က္အရေတာ့ တုိင္းမ္းစီးတီး မဖြင့္ခင္ကတည္းက အဲဒီေနရာမွာ ညစဥ္ညတုိင္း ပရုိဂ်က္တာထုိးၿပီး မီးေတြထြန္း တရားေခြေတြ ဖြင့္ထားရတယ္လုိ႔ သိရပါတယ္။

တရားပြဲ က်င္းပေနတာ မဟုတ္ဘဲ တရားေခြကို ပရုိဂ်က္တာနဲ႔ ထုိးၿပီး ေဆာင္းေဘာက္နဲ႔ ဖြင့္ထားရတာပါတဲ့။

ႏုိင္ငံစံုက ဘုရားဆင္းတု မ်ဳိးစံု ထားရွိရတာ ကလည္း အဲဒီေနရာက ပရေလာကသားက ဘာလူမ်ဳိး ဘာႏုိင္ငံသားမွန္း မသိလုိ႔ လုပ္ထားတာလုိ႔ ဆုိပါတယ္။အဲဒီဘုရားရင္ျပင္ကုိ တေန႔ ၃ ခါ သန္႔ရွင္းေရး လုပ္ေပးရတယ္လုိ႔ ဆုိပါတယ္။

အဲဒီေညာင္ပင္မွာ ေနတဲ့ ပရေလာကသားကုိ ႏွင္ထုတ္ မရတဲ့အတူတူ အေႏွာင့္အယွက္ မေပးေအာင္ အစီအရင္ လုပ္ထားတဲ့ ပံုစံမ်ဳိး ျဖစ္လိမ့္မယ္လုိ႔ ထင္ပါတယ္။

ထူးျခား တာ တခုခု မရွိဘဲနဲ႔ ဒီလုိ အိမ္ရာႀကီး တခုရဲ႕ အလယ္မွာ ဘုရားဆင္းတုေတြ ခ်ထားမွာေတာ့ မဟုတ္ပါဘူး။ ေနာက္တခုကေတာ့ ေျမေအာက္ထပ္က ကားပါကင္မွာ ရွိတဲ့ အုတ္ဂူ ၂ ခု အေၾကာင္းပါ။

အဲဒီအုတ္ဂူ ၂ ခုကုိ ဘယ္လုိမွ ေျပာင္းေရႊ႕လုိ႔ မရတဲ့အတြက္ ကားပါကင္မွာပဲ ကြန္ကရစ္ေလာင္းၿပီး တခါထဲဖုိ႔လုိက္တယ္လုိ႔ သိရွိတဲ့သူေတြက ေျပာျပ ပါတယ္။ Basement 3 မွာ ရွိတဲ့ ခပ္ခံုးခံုးျဖစ္ေနတဲ့ ကမူဟာ အဲဒီ အုတ္ဂူ ၂ ခု ျဖစ္တယ္လုိ႔ သိတဲ့ လူအခ်ဳိ႕က ေျပာျပပါ တယ္။

တခ်ဳိ႕ကလည္း တုိင္းမ္းစီးတီးရဲ႕ ေနရာတခ်ဳိ႕နဲ႔ မွန္တံတားေပၚမွာ အရိပ္လုိလို လူတခ်ုိ႕ကုိ ညဖက္မွာ ျဖတ္ကနဲ ေတြ႕ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ဘာပဲျဖစ္ျဖစ္ သုသာန္ေဟာင္းေတြရဲ႕ ေနရာမွာ ထူးျခားဆန္းၾကယ္မႈေတြကေတာ့ ရွိတတ္ပါတယ္။ သုသာန္ေတြ ေျပာင္းေရႊ႕ဖုိ႔အတြက္ မင္းမိန္႔နဲ႔ ပရေလာကသားေတြကုိ အမိန္႔ျပန္တမ္းထုတ္ၿပီး ေရႊ႕ခုိင္းခဲ့တဲ့ သာဓကေတြ အခုိင္အမာ ရွိပါတယ္။

မင္းမိန္႔ကို သက္ရွိလူေတြေတာင္ အာခံၾကေသးတာ ပရေလာကသားမွာလည္း အာခံၿပီး မလုိက္နာဘဲ မေျပာင္းေရႊ႕တဲ့ သူေတြ ရွိခ်င္လည္း ရွိႏုိင္ပါတယ္။

ႏွစ္ေပါင္း အၾကာႀကီး ဒီေနရာမွာ ေနခဲ့ၿပီး အစြမ္းရွိတဲ့သူေတြ ဆုိရင္ေတာ့ မေျပာင္းမေရႊ႕နဲ႔ မင္းမိန္႔ကုိ အာခံၾကမွာပဲ။ ကားပဲြစားတန္း လုပ္တုန္းကလည္း ဒီလုိ ဇာတ္လမ္းေတြ ၾကားခဲ့ရေပမယ့္ အခုလို အင္တာနက္ေခတ္မဟုတ္ေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ မဟုတ္ဘဲ ေကာလဟလာ ေလာက္ပဲ သိ ခဲ့ ရပါတယ္။

ေနာက္တခ်က္က ႀကံေတာသုသာန္ကုိ ၁၉၉၆ ခုႏွစ္က တလအတြင္း အျမန္ေရႊ႕ေျပာင္းခဲ့ရတာပါပဲ။

အဲဒီလုိ အျမန္ေျပာင္းေရႊ႕ခဲ့ရတဲ့ အက်ဳိးဆက္အေနနဲ႔ သုုသာန္ထဲက ပရေလာကသားအခ်ဳိ႕ဟာ အသစ္ ေျပာင္းေရႊ႕ ခဲ့တဲ့ ထိန္ပင္နဲ႔ ေရေဝးသုသာန္ေတြကို ပါမသြားဘဲ ႀကံေတာသုသာန္ေနရာမွာပဲ က်န္ေနရစ္ ခဲ့တာ ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။

အခုအေၾကာင္းအရာေတြကုိ ေရးရတာက တုိင္းမ္စီးတီးကုိ နာမည္ပ်က္ေအာင္၊ လူေတြကုိ ေၾကာက္ရြံေအာင္ ေျခာက္လွန္႔ တာ မဟုတ္ပါဘူး။

ရန္ကုန္ၿမဳိ႕ရဲ႕ အထင္ကရေနရာတခုရဲ႕ သမုိင္းေၾကာင္းကုိ ေနာက္လူေတြ သိဖုိ႔နဲ႔ တုိင္းမ္စီးတီးက ပရေလာကသားေတြ ကို ေမတၱာပုိ႔ အမွ်ေပးေဝၿပီး ကၽြတ္တမ္းဝင္ေစခ်င္တဲ့ ဆႏၵေတြေၾကာင့္ပါ။

အုတ္ဂူရဲ႕ေနရာကုိေတာ့ သိရွိသူမ်ားအေနနဲ႔ ဓာတ္ပံု မွတ္တမ္းပါတင္ေပးမယ္ဆုိရင္ေတာ့ ေက်းဇူးအလြန္တင္မိမွာပါ။ အားလံုးပဲ သြားသတိ၊ လာသတိ၊ စားသတိေလးေတြ ထားႏုိင္ၾကပါေစ။
 ေမာင္ေလးလံုး

Unicode

ရန်ကုန်တိုင်းမ်စီးတီး အလယ်က ခုတ်မရတဲ့ ညောင်ပင်နဲ့ ရွှေ့မရတဲ့ အုတ်ဂူ ၂ လုံး

လတ်တလော နာမည်ကြီးနေတဲ့ အကြောင်းအရာကတော့ တိုင်းမ်စီးတီး အလယ်ကောင်က ခုတ်မရတဲ့ ညောင်ပင် အကြောင်းနဲ့ ကားပါကင်က ရွှေ့မရတဲ့ အုတ်ဂူ ၂ လုံး အကြောင်းပဲ ဖြစ်ပါတယ်။ တိုင်းမ်းစီးတီး မတည်ဆောက်ခင်ကတော့ အဲဒီနေရာဟာ ကားပွဲစားတန်းပါ။

ကားပွဲစားတန်း မတိုင်ခင်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ကြံတောသချိုင်္င်း နေရာဖြစ်ခဲ့တာပေါ့။ ရန်ကုန်တမြို့လုံးက လူတွေကို နှစ် ပေါင်းရာနဲ့ ချီပြီး မြှုပ်နှံသဂြိုင်္ဟ်ခဲ့ရာ နေရာတခု ဖြစ်ပါတယ်။ ကြံတောမှာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အုတ်ဂူတွေသာမက ဗြိတိသျှ စစ်သားတွေရဲ့ အုတ်ဂူတွေပါ ရှိနေခဲ့ပါတယ်။

တခု ထူးခြားတာကတော့ ၁၉၉၄ ခုနှစ်တုန်းက တာမွေသချိုင်္င်းမှာ စူပါမားကတ် တခု ဆောက်ဖို့ စီစဉ်တော့ အဲဒီက အုတ်ဂူအများအပြားကို ကြံတောသချိုင်္င်းကို ပြောင်းရွှေ့ မြှုပ်နှံခဲ့ကြပါတယ်။ ရန်ကုန်စိန့်ဂျွန်းက အုတ်ဂူတွေကိုလည်း ကြံတောကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ၁၉၉၆ မှာတော့ အစိုးရက ကြံတောသချိုင်္င်းကို တလအတွင်း ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

ခေတ်တွေ နှစ်တွေ ကြာပြီး ကြံတောသုသာန် အဟောင်းရဲ့ မြေနေရာမှာ တည်ဆောက်ထားတဲ့ တိုင်းမ်စီးတီးကတော့ မကြာခင်က ဖွင့်လှစ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ မဖွင့်ခင်ကတည်းက မှန်တံတားနဲ့ နာမည်ကြီးနေတဲ့ တိုင်းမ်စီးတီးမှာ ထူးဆန်းအံ့သြဖို့ကောင်းနေရာ ၂ နေရာ ရှိပါတယ်။

အဲဒါကတော့ တိုင်းမ်စီးတီး ရင်ပြင်မှာ ရှိတဲ့ ခုတ်လက်စ ညောင်ပင်မှာ ပုံစံစုံ ဘုရားဆင်းတုတော်တွေ ဝိုင်းပတ်ထားပြီး အပူဇော်ခံထားတဲ့ နေရာနဲ့ မြေအောက်ထပ် ကားပါကင်မှာ ရှိတဲ့ အုတ်ဂူ ၂ လုံးပါပဲ။ ကြီးမားတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ မတော်တဆဖြစ်မှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးခဲ့ရ တာတွေ ရှိပါတယ်။ ဒါပေမယ့် တိုင်းမ်စီးတီးက ဖြစ်ရပ်ကတော့ ထူးဆန်းပါတယ်။

ညောင်ပင် ခပ်လတ်လတ် တခုကို ခုတ်ဖို့ ကြိုးစားချိန်မှာ မမျှော်လင့်ဘဲ အလုပ်သမား ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရှိသူများက ဆိုပါတယ်။ အဲဒီညောင်ပင်မှာ နေတဲ့ ပရလောကသားဟာ နှစ်ချို့ပြီး အတော်ကြမ်းတမ်းတယ်လို့ ဆိုကြပါတယ်။ တိုင်းမ်းစီးတီး စတင်တည်ဆောက်တဲ့ ၂၀၁၂ လောက်မှာ မြေညှိဖို့ ကြိုးစားစဉ်ကတည်းက ခုတ်ဖို့ ကြိုးစားကြတာမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘူဒိုဇာ ၃ စီးနဲ့ ဖြိုဖို့ ကြိုးစားခဲ့ပေမယ့်လည်း အခက်အခဲ တခု မဟုတ် တခု တွေ့ခဲ့လို့ ညောင်ပင်ကို ခုတ်ပစ်ဖို့ အစီအစဉ်ကို လက်လျှော့ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခကြေးငွေ ဘယ်လောက်ပေးပေး အဲဒီညောင်ပင်ကို မခုတ်ရဲကြတော့ဘူးလို့ သိရပါတယ်။ အဲဒီအနီးအနားမှာ နေတဲ့သူတွေရဲ့ ပြောပြချက်အရတော့ တိုင်းမ်းစီးတီး မဖွင့်ခင်ကတည်းက အဲဒီနေရာမှာ ညစဉ်ညတိုင်း ပရိုဂျက်တာထိုးပြီး မီးတွေထွန်း တရားခွေတွေ ဖွင့်ထားရတယ်လို့ သိရပါတယ်။

တရားပွဲ ကျင်းပနေတာ မဟုတ်ဘဲ တရားခွေကို ပရိုဂျက်တာနဲ့ ထိုးပြီး ဆောင်းဘောက်နဲ့ ဖွင့်ထားရတာပါတဲ့။ နိုင်ငံစုံက ဘုရားဆင်းတု မျိုးစုံ ထားရှိရတာ ကလည်း အဲဒီနေရာက ပရလောကသားက ဘာလူမျိုး ဘာနိုင်ငံသားမှန်း မသိလို့ လုပ်ထားတာလို့ ဆိုပါတယ်။အဲဒီဘုရားရင်ပြင်ကို တနေ့ ၃ ခါ သန့်ရှင်းရေး လုပ်ပေးရတယ်လို့ ဆိုပါတယ်။

အဲဒီညောင်ပင်မှာ နေတဲ့ ပရလောကသားကို နှင်ထုတ် မရတဲ့အတူတူ အနှောင့်အယှက် မပေးအောင် အစီအရင် လုပ်ထားတဲ့ ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ထူးခြား တာ တခုခု မရှိဘဲနဲ့ ဒီလို အိမ်ရာကြီး တခုရဲ့ အလယ်မှာ ဘုရားဆင်းတုတွေ ချထားမှာတော့ မဟုတ်ပါဘူး။ နောက်တခုကတော့ မြေအောက်ထပ်က ကားပါကင်မှာ ရှိတဲ့ အုတ်ဂူ ၂ ခု အကြောင်းပါ။

အဲဒီအုတ်ဂူ ၂ ခုကို ဘယ်လိုမှ ပြောင်းရွှေ့လို့ မရတဲ့အတွက် ကားပါကင်မှာပဲ ကွန်ကရစ်လောင်းပြီး တခါထဲဖို့လိုက်တယ်လို့ သိရှိတဲ့သူတွေက ပြောပြ ပါတယ်။ Basement 3 မှာ ရှိတဲ့ ခပ်ခုံးခုံးဖြစ်နေတဲ့ ကမူဟာ အဲဒီ အုတ်ဂူ ၂ ခု ဖြစ်တယ်လို့ သိတဲ့ လူအချို့က ပြောပြပါ တယ်။ တချို့ကလည်း တိုင်းမ်းစီးတီးရဲ့ နေရာတချို့နဲ့ မှန်တံတားပေါ်မှာ အရိပ်လိုလို လူတချို့ကို ညဖက်မှာ ဖြတ်ကနဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် သုသာန်ဟောင်းတွေရဲ့ နေရာမှာ ထူးခြားဆန်းကြယ်မှုတွေကတော့ ရှိတတ်ပါတယ်။ သုသာန်တွေ ပြောင်းရွှေ့ဖို့အတွက် မင်းမိန့်နဲ့ ပရလောကသားတွေကို အမိန့်ပြန်တမ်းထုတ်ပြီး ရွှေ့ခိုင်းခဲ့တဲ့ သာဓကတွေ အခိုင်အမာ ရှိပါတယ်။ မင်းမိန့်ကို သက်ရှိလူတွေတောင် အာခံကြသေးတာ ပရလောကသားမှာလည်း အာခံပြီး မလိုက်နာဘဲ မပြောင်းရွှေ့တဲ့ သူတွေ ရှိချင်လည်း ရှိနိုင်ပါတယ်။

နှစ်ပေါင်း အကြာကြီး ဒီနေရာမှာ နေခဲ့ပြီး အစွမ်းရှိတဲ့သူတွေ ဆိုရင်တော့ မပြောင်းမရွှေ့နဲ့ မင်းမိန့်ကို အာခံကြမှာပဲ။ ကားပွဲစားတန်း လုပ်တုန်းကလည်း ဒီလို ဇာတ်လမ်းတွေ ကြားခဲ့ရပေမယ့် အခုလို အင်တာနက်ခေတ်မဟုတ်တော့ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘဲ ကောလဟလာ လောက်ပဲ သိ ခဲ့ ရပါတယ်။

နောက်တချက်က ကြံတောသုသာန်ကို ၁၉၉၆ ခုနှစ်က တလအတွင်း အမြန်ရွှေ့ပြောင်းခဲ့ရတာပါပဲ။ အဲဒီလို အမြန်ပြောင်းရွှေ့ခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ သုုသာန်ထဲက ပရလောကသားအချို့ဟာ အသစ် ပြောင်းရွှေ့ ခဲ့တဲ့ ထိန်ပင်နဲ့ ရေဝေးသုသာန်တွေကို ပါမသွားဘဲ ကြံတောသုသာန်နေရာမှာပဲ ကျန်နေရစ် ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အခုအကြောင်းအရာတွေကို ရေးရတာက တိုင်းမ်စီးတီးကို နာမည်ပျက်အောင်၊ လူတွေကို ကြောက်ရွံအောင် ခြောက်လှန့် တာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတခုရဲ့ သမိုင်းကြောင်းကို နောက်လူတွေ သိဖို့နဲ့ တိုင်းမ်စီးတီးက ပရလောကသားတွေ ကို မေတ္တာပို့ အမျှပေးဝေပြီး ကျွတ်တမ်းဝင်စေချင်တဲ့ ဆန္ဒတွေကြောင့်ပါ။

အုတ်ဂူရဲ့နေရာကိုတော့ သိရှိသူများအနေနဲ့ ဓာတ်ပုံ မှတ်တမ်းပါတင်ပေးမယ်ဆိုရင်တော့ ကျေးဇူးအလွန်တင်မိမှာပါ။ အားလုံးပဲ သွားသတိ၊ လာသတိ၊ စားသတိလေးတွေ ထားနိုင်ကြပါစေ။

မောင်လေးလုံး

No comments:

Post a Comment