Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 11, 2019

ဓါတ်ပုံသတင်း‌ထောက် ပြောပြီလေ


ဒီပုံကို သမ္မတသစ်တတ်ပွဲမှာ ရိုက်ခဲ့တာပါ ရိုက်တုံးကကျတော်ပေးချင်တဲ့ message က ပြည်သူတင်မြှောက်တဲ့အစိုးရတတ်လာချိန်မှာ စစ်တပ်မတော်အသိုင်းအဝန်းကလည်း ကြည်ကြည်ဖြူဖြူ ဝမ်းပန်းတသာရှိတယ်ဆိုတဲ့ message လေးပေးခြင်လို့(ရှိသာမရှိသာမပြောနိုင်)ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်က တပ်အရာရှိတွေ ပြုံးရယ်နေတာကို လိုက်ရိုက်ထားတာ ဒီပုံရိုက်တုံးက မီဒီယာတွေကို ပေးထားတဲ့ နေရာရဲ့သတ်မှတ်ထားတဲ့ အနီရောင်လိုင်းကို ကျတော်ခြေတစ်ဖက်ကျော်ပြီး လိုက်ရိုက်ထားတာ မှတ်မှတ်ရရ တာဝန်ရှိတဲ့လူတွေ အော်တာတောင်ခံလိုက်ရတယ် ဒါတောင် ဒီပုံကို နှစ်ပုံပဲရိုက်ခွင့်ရလိုက်တယ် ရလိုက်လို့ လဲပျော်ခဲ့တယ် ကိုယ်က အဲ့အချိန်ပေးချင်တဲ့ message အကောင်းဘက်ကပေါ့ ဒါပေမယ့်ခုချိန်မှာ လူတစ်ချို့ရဲ့ မဆီမဆိုင်အသုံးပြုမူတွေကြောင့် ပြသနာတွေရှိလာခဲ့တယ် ကျတော်ပုံကို ယူသုံးတုံးကအကြောင်းလဲ မကြားခဲ့သလို ကျတော်အလုပ်လုပ်တုံးကဌာနကိုလဲ အသိမပေးခဲ့ဖူး(နောက်ရက်မှ သတင်းဌာနကိုတောင်းပန်စာပို့ကြောင်း) ခုတော့ ဒီပုံတစ်ပုံဟာ လူတစ်ချို့ရဲ့အကြောင်း မသိစဉ်းစားဥာဏ်နဲ့ အခြေအနေအချိန်အခါကြောင့် ကြောက်စရာကောင်းတဲ့ အတွေးသဘောကို ရောက်သွားရပြီ

Hein Htet

No comments:

Post a Comment