Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 2, 2019

အမွတ္၁၂ အထကအာစရိယပူေဇာ္ပြဲမွာျဖစ္သြားခဲ့တဲ့ ရြံစရာအျဖစ္အပ်က္



စုေပါင္းသဒၵါတရားကိုဖ်က္ဆီးလိုက္ျခင္း

မေန႔ကက်င္းပျပဳလုပ္ေသာမွတ္၁၂ အထက၏အာစရိယပူေဇာ္ပြဲမွာျဖစ္သြားခဲ့တဲ့အျဖစ္အပ်က္ကေလးပါ၊ေနာင္အလားတူမ်ိဳးမျဖစ္ေအာင္တားျမစ္နိုင္ဖို႕တင္ျပျခင္းပါ။

ဆရာမ်ားကိုကန္ေတာ့သည့္အခါဘယ္သူေက်ာင္းသားေဟာင္းဟုတ္မဟုတ္ မသိနိုင္ပါ ကန္ေတာ့ခံဆရာမ်ားကိုလိုက္ပို့သည့္သူမ်ားလည္းပါနိုင္တယ္။မဟုတ္လား ေက်ာင္းသားမ်ားသည္ဆရာမ်ားကိုေဖးမကူညီတြဲ၍လိုက္ပို့ၾကသည့္ျမင္ကြင္းမ်ားမွာပီတိျဖစ္စရာပါ၊

ဒီလိုျပဳလုပ္ခဲ့သည္မွာက်မတို့၁၇ ႀကိမ္တိုင္ခဲ့ပါၿပီ၊ဘာျပႆနာမွမရွိခဲ့ ဒါေပမဲ့ မေန႔မွာဆရာမႀကီးမ်ားဆရာႀကီးမ်ားက်မၼာေရးခ်ိဳ့တဲ့သူမ်ားကိုတပည့္မ်ားမွေဖးမကူညီေနစဥ္ဆရာမႀကီးတစ္ဦးက ပုံပါ မိန္းမမွဆရာမႀကီးကိုကန္ေတာ့ပစြည္းမ်ားကိုကူညီကိုင္ေပးေနၿပီးထမင္းသုံးေဆာင္သည့္ေနရာကိုပို့ေပးၿပီးေနရာခ်ထားေပးပါတယ္။

အဲ့ေနာက္ကန္ေတာ့ပစၥည္းအိတ္နဲ႔ဆရာမႀကီးဖုန္းထည့္ထားေသာပိုက္ဆံအိတ္တို့ကိုကိုင္ေပးထားသလိုနဲ႔ ေက်ာင္းျပင္ကိုထြက္သြားတယ္။ဆရာမႀကီးကလည္းျပန္လာနိုးေစာင့္ေနတယ္။ဒါေပမဲ့ထိုအမ်ိဳးသမီးျပန္မလာေတာ့ပါ။

အဲဒီမွေက်ာင္းသား/သူတိုနဲ႔ေရာၿပီးအလစ္သုတ္သြားမွန္းသိရေသာဆရာမႀကီးငိုပါေလေတာ့သည္။အသက္ ၇၀ ေက်ာ္ဆရာမႀကီးကိုလုပ္ရက္တယ္။

အထက ၁၂ ေက်ာင္းသား/သူမ်ားမွဆရာမႀကီးကိုစိတ္ခ်မ္းသာေစရန္ဝိုင္းဝန္း၍ စုေပါင္းလွူၾကၿပီးအလွူတစ္ခုထပ္ျပဳၾကရပါေၾကာင္းဆရာကန္ေတာ့ပြဲလုပ္လ်င္အလစ္သုတ္မ်ားကိုသတိထားနိုင္ပါရန္ ဤအျဖစ္မွန္တင္ျပအပ္ပါတယ္။
S H H


စုပေါင်းသဒ္ဒါတရားကိုဖျက်ဆီးလိုက်ခြင်း

Unicode
မနေ့ကကျင်းပပြုလုပ်သောမှတ်၁၂ အထက၏အာစရိယပူဇော်ပွဲမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်ကလေးပါ၊နောင်အလားတူမျိုးမဖြစ်အောင်တားမြစ်နိုင်ဖို့တင်ပြခြင်းပါ။

ဆရာများကိုကန်တော့သည့်အခါဘယ်သူကျောင်းသားဟောင်းဟုတ်မဟုတ် မသိနိုင်ပါ ကန်တော့ခံဆရာများကိုလိုက်ပို့သည့်သူများလည်းပါနိုင်တယ်။မဟုတ်လား ကျောင်းသားများသည်ဆရာများကိုဖေးမကူညီတွဲ၍လိုက်ပို့ကြသည့်မြင်ကွင်းများမှာပီတိဖြစ်စရာပါ၊

ဒီလိုပြုလုပ်ခဲ့သည်မှာကျမတို့၁၇ ကြိမ်တိုင်ခဲ့ပါပြီ၊ဘာပြဿနာမှမရှိခဲ့ ဒါပေမဲ့ မနေ့မှာဆရာမကြီးများဆရာကြီးများကျမ္မာရေးချို့တဲ့သူများကိုတပည့်များမှဖေးမကူညီနေစဉ်ဆရာမကြီးတစ်ဦးက ပုံပါ မိန်းမမှဆရာမကြီးကိုကန်တော့ပစွည်းများကိုကူညီကိုင်ပေးနေပြီးထမင်းသုံးဆောင်သည့်နေရာကိုပို့ပေးပြီးနေရာချထားပေးပါတယ်။

အဲ့နောက်ကန်တော့ပစ္စည်းအိတ်နဲ့ဆရာမကြီးဖုန်းထည့်ထားသောပိုက်ဆံအိတ်တို့ကိုကိုင်ပေးထားသလိုနဲ့ ကျောင်းပြင်ကိုထွက်သွားတယ်။ဆရာမကြီးကလည်းပြန်လာနိုးစောင့်နေတယ်။ဒါပေမဲ့ထိုအမျိုးသမီးပြန်မလာတော့ပါ။

အဲဒီမှကျောင်းသား/သူတိုနဲ့ရောပြီးအလစ်သုတ်သွားမှန်းသိရသောဆရာမကြီးငိုပါလေတော့သည်။အသက် ၇၀ ကျော်ဆရာမကြီးကိုလုပ်ရက်တယ်။

အထက ၁၂ ကျောင်းသား/သူများမှဆရာမကြီးကိုစိတ်ချမ်းသာစေရန်ဝိုင်းဝန်း၍ စုပေါင်းလှူကြပြီးအလှူတစ်ခုထပ်ပြုကြရပါကြောင်းဆရာကန်တော့ပွဲလုပ်လျင်အလစ်သုတ်များကိုသတိထားနိုင်ပါရန် ဤအဖြစ်မှန်တင်ပြအပ်ပါတယ်။
S H H

No comments:

Post a Comment