Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 2, 2019

သောကြာသားသမီးများအတွက် ၂၀၂၀ပြည့်ခုနှစ် တစ်နှစ်စာဟောစာတမ်း


သောကြာသားသမီးတို့သည် ယခုနှစ်တွင် စွန့်စွန့်စားစား လုပ်ကိုင်ရမည် ။ မိမိကိုယ် ယုံကြည်မှု အပြည့်အဝထားရှိသူ ဖြစ်ပါက ဘဝအတွက် အောင်မြင်ခြင်းပန်းတိုင်က လက်ကမ်းကြိုဆိုလျက် ရှိနေပါသည် ။

ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်နေသူဆိုလျှင် ရင်းနှီးမြှင်နှံမှု အစုစုကို ရဲရဲဝံ့ဝံ့ပြုလုပ် နိုင်ပါသည် … ။ ယခုနှစ်တွင်(၁၅-၁-၂၀၂၀)မှ စ၍(၁၅-၃-၂၀၂၀)အထိ စီးပွားရေးများ သတိနှင့် ဆောင်ရွက်ရမည် ။

ရည်ရွယ်ချက်ထားတိုင်း အတိုက်အခံများနှင့် ကြုံ တွေ့ရမည် ။ ကတိပေးမှားတာ၊ စာချုပ်မှားတာတွေ ဖြစ်တတ်ပါတယ် ။ အမွေအနှစ်ကိစ္စအတွက် ဆွေမျိုးများနှင့် အငြင်းပွားပြီး ဥပဒေနှင့် ရင်ဆိုင်ရတတ်သည် … ။

(၁၆-၄-၂၀၂၀)မှ စ၍ (၁၅-၇-၂၀၂၀)အထိ ဇိမ်ခံပစ္စည်းများဝင်မည် ။ နေရာသစ်၊ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင် ရတတ်သည် ။ လူသစ်၊ မိတ်သစ်များနှင့် ပူးတွဲလုပ်ခြင်းများ အကျိုးပေးမည် ။

စီးပွားရေး..အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း ပုလဲ၊ငါးမွေးမြူ ရေးလုပ်ငန်း စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများမှ ဝင်ငွေရရှိနိုင်သည် ။ မိမိရင်းနှီးမြှပ်နှံမှု ရှိသလောက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်သော နှစ်ဖြစ်သည် … ။

လူမှုရေရာ..မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊အလှူ အတန်းကိစ္စများထူးခြားစွာ အောင်မြင်လာလိမ့်မည် ။ အဖွဲ့အစည်းသက်ဆိုင်သူ သောကြာနေ့ဖွား အပေါင်းတို့သည်လည်း မိမိသဇြာ အာဏာလွှမ်းမိုးနိုင်ရန် အဖက်ဖက်မှ ရုန်းကန်လှုပ်ရှားရန် ကြိုတင် အသိပေးအပ်သည် ။

စက်ပစ္စည်းနှင့် ထိခိုက်ဒဏ်ရာရတတ်သည် ။ လုပ်ငန်းကိစ္စများအတွက် စနေနှင့် တနင်္လာသားသမီးများ တွဲဖက်ဆောင်ရွက်ခြင်းများ ဂရုစိုက်ပေးပါ … ။

ပညာရေး..စာပေသင်ကြားနေသူများ မိမိတို့၏ ဆုံးဖြတ်ချက် ခိုင်မာစွာထားရှိရန် လိုအပ်ပါသည် ။ နိင်ငံတကာ အဆင့်မြင့်ပညာရေးအတွက် မျှော်လင့်ချက်ထားရှိသူများ အလိုဆန္ဒပြည့်ဝပါမည် ။

ကျန်းမာရေးကြောင့် ပညာရေးတွင် အနှောင့်အယှက် အနည်းငယ်ရှိနိုင်သည် … ။ ပျို ရွယ်သူများ အချစ်ကိုဖွင့်ပြောရန် ဝတ်လေးပြီး နှုတ်ခမ်းနှေးခြင်းကြောင့် တစ်ပါးသူလက်သို့ ချစ်သူပါးသွားတတ်သည် ။

အချစ်ရေးသမားအတွက် မိမိတို့ ရရှိလာသော အခွင့်အရေးများကို ပိုင်နိုင်စွာ မသုံးချတတ်မှသာလျှင် ပန်းပန်နိုင်သူဖြစ်ပါမည် ။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး သာယာဝပြောပြီး စည်းစိမ်ဥစ္စာ တိုးပွားသော နှစ်ဖြစ်သည် ။

သို့သော် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကောင်းစွာ ရရှိသူများအတွက် အကျိုးပေး ကောင်းမွန်ပါမည် ။ အိမ်ထောင်ရှင်များ ရံဖန်ရံခါ စကားငြင်းဆိုမှုများ ပတ်ဝန်းကျင်ကြောင့် ပေါ်လာမည် ။

မိသားစုအတွင်း ပြင်ပပြဿနာများ ဝင်လာပြီး အပြောအဆို ခံရတတ်သည် ။ စိတ်အနှောက်အယှက် ဖြစ်နေမည် ။ အသက်အရွယ်ကြီးသူများ ရှိပါက ကျန်းမာရေး ဂရုစိုက်ရမည် … ။

ကျန်းမာရေးအတွက် သောကြာနေ့ဖွား ဂရုစိုက်ရပါမည် ။ ကျန်းမာရေးတွင် ဖျားနားခြင်း၊ အစားအသောက်မှားခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်အောင့်၊ လေနာရောဂါများ ဂရုစိုက်ရမည် ။

အနာရောဂါ ရှိသူများဖြစ်ပါက ဆေးဝါးကုသခံယူခြင်းဖြင့်၎င်း၊ တရားဓမ္မနည်း၊ယောဂကျင့်စဉ်နည်းတို့ဖြင့် ကုသသောနည်းများ ပါကျင့်သုံးရန်သင့်တော်ပါသည် … ။ ထီးထိုးရန်-အကျိူးပေး အက္ခရာနှင့်ဂဏန်း – {လ၊ယ၊စ၊ဆ} ၆ အစ, ဝ အဆုံး ထီးထိုးပေးပါ …။

အထူးသဖြင့် ဤနှစ် သားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များ အတွက်တော့ “စနေ,တနလာၤ” ထိုနေနံ သားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူး သတိထားသင့်သည် … ။

အကျိူးပေး အက္ခရာ – {လ၊ယ၊စ၊ဆ} ။ ။ အကျိူးပေး ဂဏန်း – {၆၊၈၊၂၊ဝ} ။ ။အကျိူးမပေး နေနံ-{“စနေ,တနလာၤ”} ။ ။ အကျိူးပေး အရောင်- အဖြူ ၊အစိမ်း၊ရွှေရောင် ။ ။ အကျိူးမပေး အရောင်- အမဲ့ရောင်၊ခရမ်းရောင် ။ ။ ဆောင်ရန် – စိန်ရတနာ

ယတြာ – ယတြာ-မိမိမွေးနေ့တွင် အဖြူရောင် သစ္စာပန်း၊ အဖြူရောင် နှင်းဆီပန်း၊ သဇင်ပန်း၊ ဇီးညွန့်(၁၁)ညွှန့် ဘုရားတွင် ကပ်လှူပေးပါ ။ အနောက်မြောက် အရပ်မှာ တန်ဆောင်ပြု လုပ်လှူဒါန်းခြင်း၊လှေကားပြု ပြင်လှူဒါန်းခြင်း ပြုလုပ်ပါ … ။

Unicodeဖြင့် ဖတ်ရန်

သောကြာသားသမီးတို့သည် ယခုနှစ်တွင် စွန့်စွန့်စားစား လုပ်ကိုင်ရမည် ။ မိမိကိုယ် ယုံကြည်မှု အပြည့်အဝထားရှိသူ ဖြစ်ပါက ဘဝအတွက် အောင်မြင်ခြင်းပန်းတိုင်က လက်ကမ်းကြိုဆိုလျက် ရှိနေပါသည် ။

ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်နေသူဆိုလျှင် ရင်းနှီးမြှင်နှံမှု အစုစုကို ရဲရဲဝံ့ဝံ့ပြုလုပ် နိုင်ပါသည် … ။ ယခုနှစ်တွင်(၁၅-၁-၂၀၂၀)မှ စ၍(၁၅-၃-၂၀၂၀)အထိ စီးပွားရေးများ သတိနှင့် ဆောင်ရွက်ရမည် ။

ရည်ရွယ်ချက်ထားတိုင်း အတိုက်အခံများနှင့် ကြုံ တွေ့ရမည် ။ ကတိပေးမှားတာ၊ စာချုပ်မှားတာတွေ ဖြစ်တတ်ပါတယ် ။ အမွေအနှစ်ကိစ္စအတွက် ဆွေမျိုးများနှင့် အငြင်းပွားပြီး ဥပဒေနှင့် ရင်ဆိုင်ရတတ်သည် … ။

(၁၆-၄-၂၀၂၀)မှ စ၍ (၁၅-၇-၂၀၂၀)အထိ ဇိမ်ခံပစ္စည်းများဝင်မည် ။ နေရာသစ်၊ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင် ရတတ်သည် ။ လူသစ်၊ မိတ်သစ်များနှင့် ပူးတွဲလုပ်ခြင်းများ အကျိုးပေးမည် ။

စီးပွားရေး..အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း ပုလဲ၊ငါးမွေးမြူ ရေးလုပ်ငန်း စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများမှ ဝင်ငွေရရှိနိုင်သည် ။ မိမိရင်းနှီးမြှပ်နှံမှု ရှိသလောက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်သော နှစ်ဖြစ်သည် … ။

လူမှုရေရာ..မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊အလှူ အတန်းကိစ္စများထူးခြားစွာ အောင်မြင်လာလိမ့်မည် ။ အဖွဲ့အစည်းသက်ဆိုင်သူ သောကြာနေ့ဖွား အပေါင်းတို့သည်လည်း မိမိသဇြာ အာဏာလွှမ်းမိုးနိုင်ရန် အဖက်ဖက်မှ ရုန်းကန်လှုပ်ရှားရန် ကြိုတင် အသိပေးအပ်သည် ။

စက်ပစ္စည်းနှင့် ထိခိုက်ဒဏ်ရာရတတ်သည် ။ လုပ်ငန်းကိစ္စများအတွက် စနေနှင့် တနင်္လာသားသမီးများ တွဲဖက်ဆောင်ရွက်ခြင်းများ ဂရုစိုက်ပေးပါ … ။

ပညာရေး..စာပေသင်ကြားနေသူများ မိမိတို့၏ ဆုံးဖြတ်ချက် ခိုင်မာစွာထားရှိရန် လိုအပ်ပါသည် ။ နိင်ငံတကာ အဆင့်မြင့်ပညာရေးအတွက် မျှော်လင့်ချက်ထားရှိသူများ အလိုဆန္ဒပြည့်ဝပါမည် ။

ကျန်းမာရေးကြောင့် ပညာရေးတွင် အနှောင့်အယှက် အနည်းငယ်ရှိနိုင်သည် … ။ ပျို ရွယ်သူများ အချစ်ကိုဖွင့်ပြောရန် ဝတ်လေးပြီး နှုတ်ခမ်းနှေးခြင်းကြောင့် တစ်ပါးသူလက်သို့ ချစ်သူပါးသွားတတ်သည် ။

အချစ်ရေးသမားအတွက် မိမိတို့ ရရှိလာသော အခွင့်အရေးများကို ပိုင်နိုင်စွာ မသုံးချတတ်မှသာလျှင် ပန်းပန်နိုင်သူဖြစ်ပါမည် ။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး သာယာဝပြောပြီး စည်းစိမ်ဥစ္စာ တိုးပွားသော နှစ်ဖြစ်သည် ။

သို့သော် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကောင်းစွာ ရရှိသူများအတွက် အကျိုးပေး ကောင်းမွန်ပါမည် ။ အိမ်ထောင်ရှင်များ ရံဖန်ရံခါ စကားငြင်းဆိုမှုများ ပတ်ဝန်းကျင်ကြောင့် ပေါ်လာမည် ။

မိသားစုအတွင်း ပြင်ပပြဿနာများ ဝင်လာပြီး အပြောအဆို ခံရတတ်သည် ။ စိတ်အနှောက်အယှက် ဖြစ်နေမည် ။ အသက်အရွယ်ကြီးသူများ ရှိပါက ကျန်းမာရေး ဂရုစိုက်ရမည် … ။

ကျန်းမာရေးအတွက် သောကြာနေ့ဖွား ဂရုစိုက်ရပါမည် ။ ကျန်းမာရေးတွင် ဖျားနားခြင်း၊ အစားအသောက်မှားခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်အောင့်၊ လေနာရောဂါများ ဂရုစိုက်ရမည် ။

အနာရောဂါ ရှိသူများဖြစ်ပါက ဆေးဝါးကုသခံယူခြင်းဖြင့်၎င်း၊ တရားဓမ္မနည်း၊ယောဂကျင့်စဉ်နည်းတို့ဖြင့် ကုသသောနည်းများ ပါကျင့်သုံးရန်သင့်တော်ပါသည် … ။ ထီးထိုးရန်-အကျိူးပေး အက္ခရာနှင့်ဂဏန်း – {လ၊ယ၊စ၊ဆ} ၆ အစ, ဝ အဆုံး ထီးထိုးပေးပါ …။

အထူးသဖြင့် ဤနှစ် သားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များ အတွက်တော့ “စနေ,တနလာင်္” ထိုနေနံ သားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူး သတိထားသင့်သည် … ။

အကျိူးပေး အက္ခရာ – {လ၊ယ၊စ၊ဆ} ။ ။ အကျိူးပေး ဂဏန်း – {၆၊၈၊၂၊ဝ} ။ ။အကျိူးမပေး နေနံ-{“စနေ,တနလာင်္”} ။ ။ အကျိူးပေး အရောင်- အဖြူ ၊အစိမ်း၊ရွှေရောင် ။ ။ အကျိူးမပေး အရောင်- အမဲ့ရောင်၊ခရမ်းရောင် ။ ။ ဆောင်ရန် – စိန်ရတနာ

ယတြာ – ယတြာ-မိမိမွေးနေ့တွင် အဖြူရောင် သစ္စာပန်း၊ အဖြူရောင် နှင်းဆီပန်း၊ သဇင်ပန်း၊ ဇီးညွန့်(၁၁)ညွှန့် ဘုရားတွင် ကပ်လှူပေးပါ ။ အနောက်မြောက် အရပ်မှာ တန်ဆောင်ပြု လုပ်လှူဒါန်းခြင်း၊လှေကားပြု ပြင်လှူဒါန်းခြင်း ပြုလုပ်ပါ … ။



No comments:

Post a Comment