Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 14, 2019

အောင်ရဲထွေး သေဆုံးခြင်းဟာ လူသတ်မှု မဟုတ်ဘဲ တရားခံတွေကို အာမခံပေးနိုင်တော့မှာ ဖြစ်ကြောင်းသိရ


ပုဒ္မ - ၃၂၅ ဆိုတာ
တုံးသောလက်နက်ဖြင့်
ပြင်းထန်နာကျင်စေမှု နဲ့ တရားစွဲတဲ့ ပုဒ်မ

ပုဒ်မ - ၃၂၆ ဆိုတာ
ချွန်ထက်သောလက်နက်ဖြင့်
ထိရှ ပြတ်နာ ပြင်းထန်စေတဲ့ ပုဒ်မ

ပုဒ်မ - ၃၀၂ ( ၂ ) ဆိုတာ ဒေါသအလျောက်
လူသတ်မိတဲ့အတွက် တရားစွဲတဲ့ပုဒ်မ

အောင်ရဲထွေး အမှုမှာ
တရားစွဲပုဒ်မ ၃၀၂ ( ၂ ) ကနေ
စွဲချက်တင်တဲ့အခါ ပုဒ်မ -၃၂၅ နဲ့ ပြောင်းလဲ
စွဲချက်တင်ခဲ့တော့ တရားစီရင်ရေးကို
မကျေနပ်ပြီး အော်ကြပြောကြတယ်
တကယ်လည်း ရွဲ့စောင်းနေတာကိုး
ဒါပေမယ့် ပြောင်းလဲလိုက်တာကို မေးကြည့်
ဥပဒေဘောင်ထဲက လုပ်ဆောင်တာပါ လို့
ပြောလာလိမ့်မယ် ....
ဘောင်ထဲက လုပ်သွားတဲ့ အကွက်

ပုဒ်မ - ၃၂၅ ရဲ့ ပြစ်ဒဏ်က
ငွေဒဏ် ( သို့ ) အမြင့်ဆုံးပြစ်ဒဏ် ၅ နှစ်ထိပဲ
အာမခံ ရတဲ့ အမှု
စွဲချက်တင်ပြီးတဲ့ အမှုတစ်ခု ရဲ့ အမိန့်ဟာ
အ့စွဲချက်တင်ခံရတဲ့ ပုဒ်မ ရဲ့
အမြင့်ဆုံးပြစ်ဒဏ်အထိပဲ အမိန့်ချလို့ရမယ်

ဆိုလိုတာ ၃၂၅ နဲ့ စွဲချက်တင်ရင် ၃၂၅ ရဲ့
အမြင့်ဆုံးပြစ်ဒဏ်ပဲ ချလို့ရမယ်
၃၀၂ ( ၂ ) လူသတ်မှုနဲ့ အမိန့်ချမရဘူး
အမှုတစ်ခုက အမိန့်မချခင် တရားခံလို့
မသတ်မှတ်ပဲ တရားပြိုင်လို့
သတ်မှတ်လို့ ရပေမယ့်
ဒီတရားပြိုင်ဆဲကာလ ကနေ
တရားခံအတွက် စွဲချက်တင်တဲ့အခါ
တရားသူကြီးရဲ့ဆင်ခြင်တုံတရားက
အရမ်းအရေးကြီးတာပါ ....

တရားစီရင် ရေး ရဲ့ အနှစ်သာရဖြစ်တဲ့
အမှန်တကယ်ကျူးလွန်သူသာ
ထိုက်သင့်သော ပြစ်ဒါဏ် ခံရရေးဆိုတဲ့ မူ
ကျူးလွန်သူဟာ အမှန်တကယ်
ကျူးလွန် ကြောင်း သက်သေထင်ရှား
ပြနိုင်ရမယ် ဆိုတဲ့ အချက် ...

အခု အောင်ရဲထွေး အမှု မှာ စွဲချက်တင်ခံရတဲ့သူ ၃ ယောက် ရှိတယ် အဲဒီသုံးယောက်နဲ့
ရန်ဖြစ် လို့ အောင်ရဲထွေးသေဆုံးရတာ
ဒါပေမယ့် ...အဲဒီ သုံးယောက် ထဲ က ဘယ်သူ့ လက်ချက် နဲ့ အောင်ရဲထွေး အသက် ထွက်သွား လဲဆိုတာ
သိသာ ထင်ရှားအောင် မပြနိုင်ဘူး
သုံးယောက်ထဲက တစ်ယောက်တော့ သေချာတယ်ဒါပေမယ့် ဘယ်သူမှန်းမသိဘူး

မှားယွင်းပြီး တရားစီရင်ခဲ့မိရင်
မသတ်တဲ့သူ က သတ်ပါတယ်ဆိုပြီး
ပြစ်ဒါဏ်ခံရနိုင်တယ်ဆိုတဲ့လမ်းကြောင်းနဲ့
တရားခံဘက် က ရှေ့နေကလုပ်သွားတာ
လူသတ်မှု အစား ပြင်းထန် နာကျင် စေမှု ဖြစ်သွားမယ် အာမခံ ရမယ်

ဥပေဒ ဆိုတာ
လက်တလုံးခြား လုပ်တတ်ရင်
သိပ်အန္တရာယ်ကင်းတာ လို့
လုပ် ပြ သွားတဲ့ အကွက် ....
ပြောရရင် ...

ဘောင်ထဲက ဗြောင်ဖြဲပြတာ မျိုး ....
Zay Yar


လူများများနဲ့သတ်ရင်လူသတ်မှု့မဖြစ်တော့ဘူးပေါ့
ကြိုက်ပီလေ
အရည်ကြို

----

ဒီတိုင်းပြည်နေရတာ ပျော်စရာကြီး
လူသတ်မှု ကို လည်း
နာကျင်စေမှုဆိုပြီး ပြောင်းလို့ရတယ်
မူရင်း - Myat Sawe / ထွဏ်းသွေးအိမ်

အာဏာနဲ့ ငွေ
ဖိထားခံရတဲ့ ဥပဒေ ဆိုတာလည်း
ဆေးရောင်မှိန်နေတဲ့
လမ်းဘေး ပလက်ဖောင်းလို
တောက်တောက် ပြောင်ပြောင် မရှိတော့ဘူး
ခင်ဗျား (၅) ယောက် သတ်လည်း ရတယ်
ခင်ဗျား (၄) ယောက် သတ်လည်း ရတယ်
ခင်ဗျား အစုလိုက် အပြုံလိုက် သတ်လည်း
ရတယ်
အေး ဒါပေမဲ့
ခင်ဗျားမှာ ငွေနဲ့ အာဏာ ရှိဖို့တော့ လိုမယ်

အဘွားကြီး အရွယ်က
မိုင်ထောင်ချီဝေးတဲ့အရပ်ကို
ပင်ပင်ပန်းပန်းသွားပြီး
ပြသနာ ကို ဖြေရှင်းနေတဲ့ အချိန်

မင်းတို့က
တစ်ချက်ထဲ ကျင်းဝင်သွားတဲ့
ဂေါက်သီးအကြောင်း ပြောရင်း ပျော်ရွင်
ဒီတိုင်းပြည် နေရတာ ပျော်စရာကြီး

မူရင်း - မြတ်ဆွေ


No comments:

Post a Comment