Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 12, 2019

ဥပဒေပညာရှင် ရှေ့နေတယောက်ဆံပင်တု(Wig)


မနေ့က ICJ မှာမြန်မာဘက်ကလိုက်ပါ
ဆောင်ရွက်တဲ့နိုင်ငံခြားသားဥပဒေပညာရှင်
ရှေ့နေတယောက်ဆံပင်တု(Wig) စွတ်ပြီး
ရုံးတော်မှာလျှောက်လဲချက်ပေးတာတွေ့မိ
တယ်၊

တရားသူကြီးများနဲ့ရှေ့နေများဟာကြွယ်ဝ
ချမ်းသာခြင်းအမှတ်လက္ခဏအဖြစ်တရား
ရုံးတော်မှာဆံပင်တု(Wig)စွတ်ပြီးအမှု
လျောက်လဲခြင်း ထုချေခြင်းအလေ့အထဟာ
၁၆၈၀ ခုနှစ်ကအင်္ဂလန်နိုင်ငံမှာပေါ်ပေါက်
ခဲ့တယ်၊

ဆံပင်တုအရောင်အဖြူနဲ့ခဲရောင်ကိုအသုံးပြု
ကြတယ်၊
ဆံပင်တုအပေါ်ပိုင်းနဲ့ဘေးနှစ်ဘက်
မှာဆံပင်လိပ်အခွေပါပြီးအနောက်နဲ့
ဘေးနှစ်ဘက်ကိုဆံပင်ကောက်ခွေချထား
တယ်၊ဆံပင်တုကိုသတ်မှတ်ထားတဲ့ပုံစံပဲ
ပြုလုပ်ရတယ်၊

အင်္ဂလန်နိုင်ငံမှာပါလီမန်ဖွင့်လှစ်ခြင်း
အခမ်းအနားမှာတက်ရောက်လာတဲ့တရားသူ
ကြီးများဟာအစဉ်အလာအဖြင့်တကိုယ်လုံး
ဖုံးဝတ်ရုံဖြူနဲ့ဆံပင်တုစွတ်ထားကြရတယ်၊

အင်္ဂလန်နိုင်ငံမှာရှေ့နေ့ကိုတရားရုံးချုပ်
ရှေ့နေ (Barrister) အဖြစ်အသိအမှတ်ပြုတဲ့
အခမ်းအနားမှာအသိအမှတ်ပြုခံရတဲ့
ရှေ့နေဟာဆံပင်တုစွတ်ပြီးအခမ်းအနားတက်
ရောက်ကြရတယ်၊

တရားရုံးတော်မှာဆံပင်တုစွတ်ထားခြင်းဟာ
ဩဇာအာဏာနဲ့အလေးအမြတ်ပြုခြင်း
သဘောကိုဆောင်ကျဉ်းပါတယ်၊

တရားသူကြီးများဟာဝတ်ရုံဖြူနဲ့ဆံပင်တု
စွတ်ပြီးပြစ်မှုဆိုင်ရာအမှုများကိုစစ်ဆေးစီရင်
ရလို့တရားခံများကအလွယ်တကူမှတ်မိဖို့
မလွယ်ကူနိုင်တဲ့သဘောလည်းဆောင်ပါ
တယ်၊

ဒါပေမယ့် တရားမမှု (Civil) နဲ့မိသားစု
အမှုအခင်းများကိုစီရင်ဆုံးဖြတ်ပေးတဲ့
တရားသူကြီးနဲ့ရှေ့နေများဟာဝတ်ရုံဖြူနဲ့
ဆံပင်တုဝတ်ဆင်ထားဖို့မလိုဘူးလို့အင်္ဂလန်
တရားသူကြီးချုပ်ကဆုံးဖြတ်ချက်ချထား
တယ်၊

ဒါကြောင့် ဝတ်ရုံဖြူနဲ့ဆံပင်တုကိုပြစ်မှု
ဆိုင်ရာအမှုအခင်း (Criminal)မှာပဲဝတ်ဆင်
ပါတယ်၊အင်္ဂလန်နိုင်ငံပြစ်မှုဆိုင်ရာတရားရုံး
တော်များမှာဆံပင်တုမစွတ်ထားတဲ့ရှေ့နေ
တရားသူကြီး‌ကို ဘုရင်မရုံးတော်ကို
စော်ကားမော်ကားပြုလုပ်တယ်လို့
သတ်မှတ်ပါတယ်၊

ဆံပင်တုပုံစံကိုသတ်မှတ်ထားတဲ့ပုံစံအတိုင်း
ချုပ်လုပ်ရပါမယ်၊ဆံပင်တုတိုင်းဝတ်ဆင်လို့
မရဘူး၊ ၁၇ ရာစု အင်္ဂလန်တရားသူကြီး
များနဲ့ရှေ့နေများဟာ ဆံပင်တုကိုမြင်းမွေး
နဲ့ပြုလုပ်ရတယ်၊အခုခေတ်မှာဆံပင်တုကို
နိုင်လွန်၊ပိုလီအက်စတာ၊ချည်နဲ့ပြုလုပ်ထား
ကြတယ်၊

မြန်မာနိုင်ငံတရားစီရင်ရေးစနစ်ဟာကိုလိုနီ
အင်္ဂလိပ်ဆီကအမွေဆက်ခံထားတာဖြစ်ပေ
မယ့်တရားရုံးများမှာဆံပင်တု(Wig)အစား
မြန်မာဆန်ဆန်မောင့်ကြက်သရေ
ခေါင်းပေါင်းကိုအသုံးပြုကြပါတယ်။
lwinooyankin




No comments:

Post a Comment