သမ္မတ ကိုယ်တိုင် ပြန်စစ်ခိုင်းရတဲ့
အောင်ရဲထွေး အသတ်ခံရမှုကို -
တရားရေး က
"လူသတ်မှု" မှ -
"အပြင်းအထန် နာကျင်စေမှု" သို့
ပြောင်းလဲ စွဲချက်တင် သတဲ့ -
အဂတိမှုနဲ့ ဦးဟန်ထူးကိုဖမ်းလိုက်တဲ့ အချိန်မှာ သူ့တပည့်တွေနဲ့ အတူ "တရားရေးက ပုလင်းတူ ဘူးဆို့တွေ" မခံမရပ် ဖြစ်ခဲ့ကြတယ်။သူတို့ရဲ့ လုပ်စားဂွင် တွေ ပျက်မှာ စိုးရိမ်ခဲ့ကြတယ်။
အဲဒီတော့ ..
ဦးဟန်ထူးကို ရုံးထုတ်ချိန်မှာ သူ့တပည့်တွေ အပါအဝင် ပုလင်းတူ ဘူးဆို့ lnservice တွေကပါ ရသလောက်ဝန်းရံခဲ့ကြတယ်။ထီးတွေနဲ့ ဝိုင်းကာပေးခဲ့ကြတယ်။

တရားရေးရဲ့ အခု လုပ်ရပ်က
တစ်ချက်ခုတ် (၃) ချက်ပြတ် အကွက်ကို
ရွှေ့ပြလိုက်တာဘဲ ..
၁။ သမ္မတ နဲ့ လက်ရှိအစိုးရကိုလည်း ပညာပြပြီးသား။
၂။သူတို့ရဲ့ နောက်ကွယ်က Background ကိုလည်း ခပ်ပါးပါး ထုတ်ပြရင်း ပြည်သူကြား (Victoria အမှုလို) ပေါက်ကွဲစရာ Issue တစ်ခုလည်း ဖန်တီးပြီးသား။
၃။ သူတို့ရဲ့ "အဂတိ အသိုက်အမြုံ ကိုယ်ကျိုးဂွင်ကြီး" ကိုလည်း ရသလောက် ကာကွယ်ပြီးသား ဆိုတော့ -
ဒီ အမှုဟာ -
- ဦးဟန်ထူး(ဇေယျာဖြိုးဦးလေး)တောင်
ပေါ်တင်ကြီး ပြောင်းပြန်လုပ်ရဲတဲ့ အမှု
- သမ္မ ကိုယ်တိုင် ဝင်ပါလို့ ပြန်စစ်ရတဲ့ အမှု
- တရားရေးရဲ့- လက်ရှိ အစိုးရကို ပညာပြတဲ့ (Victoria အမှုလို) အမှုတွေထဲက
လျှော့တွက်လို့ မရတဲ့ အမှု
- အာဏာ ငန်းဖမ်းတဲ့ ကောင်တွေရဲ့
ပြည်သူ့ အစိုးရကို ပညာပြတဲ့ အမှု တစ်မှု ပါဘဲ ..။Thein Win
No comments:
Post a Comment