Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 30, 2019

ႏွစ္သစ္ 2020 မွာ သတိထားသင့္သည့္ စာရြက္စာတမ္း စာခ်ဳပ္စာတမ္းကိစၥ


မဂၤလာညခ်မ္းပါခင္ဗ်ာ … 2019 ကုန္လို႔ 2020သို႕ ေရာက္ဖို႔ရက္ပိုင္းပဲ လိုပါေတာ့တယ္ … ဒီလိုအခ်ိန္မွာ 2020 တြင္ မိတ္ေဆြ တစ္ခ်က္ေလး သတိလက္လြတ္တာနဲ႕ ဆံုးရံႈးမႈ႕ေတြ ျဖစ္လာႏိုင္ပါတယ္…

2020 ရဲ႕ဘယ္လိုေနရာေတြမွာ ဆံုးရံႈးမႈ႕ ျဖစ္ႏိုင္လဲဆိုေတာ့ စာခ်ဳပ္စာတမ္း ခ်ဳပ္ဆိုတာေတြ ရက္စြဲအတိအက်ျဖင့္ လုပ္ရမယ့္ အလုပ္ေတြမွာပါ … ဘယ္လို ပံုစံနဲ႕ ဆံုးရံႈးမွာလဲဆိုေတာ့ ” ကြ်န္ေတာ္တို႔ေတြဟာ ခုႏွစ္ကို အလြယ္ အလြယ္တကူ ေနာက္ဆံုး ၂ လံုးကိုပဲ ေရးတက္ႀကပါတယ္ … ဥပမာ 29 . 11. 2019 ဆိုရင္ 29.11.19ဆိုျပီး ေရးတက္ႀကပါတယ္ …2020 ခုႏွစ္မွာေတာ့ ဒီအက်င့္ကို ျပင္ပါေနာ္ …

အျခားသူတစ္ဦးက ၎ရက္စြဲကိုိ ျပင္ဆင္ေရးသားနိုိင္သည္ ဥပမာ 31/01/2020 ကို 31/01/2019 …31/12/2018… 31/12/20…… သို့ေျပာင္းနိုင္ၿပီး မည္သည့္ႏွစ္အတြင္းမဆို ျပန္လည္ျပင္ဆင္နိုင္သည္ကို သတိျပဳသင့္ပါတယ္ေနာ္… ဒါေၾကာင့္ဒီအေၾကာင္းသတိိထားပါ … မည္သည့္စာရြက္စာတမ္းမ်ားတြင္မွွ မေရးသင့္ပါ…အခန႔္မသင့္္က ဆုံးရွုံးစရာေပၚလာႏိုင္ပါတယ္ …

တဆက္ထဲမွာပဲ ေျမအေရာင္းအဝယ္္ စာခ်ဳပ္ခ်ဳပ္ဆုိပံု အဆင့္ဆင့္ကို မွ်ေဝလိုက္ပါတယ္ေနာ္ … မိမိိဝယ္ယူလိုေသာ ေျမကြက္ကုိ မ၀ယ္ေသးမီ ပထမဆံုးအေနနဲ႔ အမည္ေပါက္ဟုတ္ / မဟုတ္ ကိုလည္းေကာင္း၊ အ႐ွဳပ္ အရွင္း ရွိ/မရွိ ႏွင့္ ေျမပုံ ရာဇဝင္ စစ္ / မစစ္ တို႔ကိုလည္းေကာင္းေသခ်ာစြာစစ္ေဆးရန္ လုိအပ္ပါတယ္…အဆိုိပါ အခ်က္မ်ားအားလံုးစစ္ေဆးၿပီးေသာအခါတြင္ ေအာက္ေဖာ္ျပပါ အခ်က္မ်ားကို ဆက္လက္ ေဆာင္ရြက္ရမည္ျဖစ္ပါသည္။

(1)- စရံစာခ်ဳပ္ခ်ဳပ္္ဆို္ရန္ (စရံစာခ်ဳပ္ကို ကတိစာခ်ဳပ္ ဟုလည္း ေခၚပါသည္။) (2)- ေဖာ္ျပပါ ေျမကြက္ အေရာင္းအ၀ယ္ျပဳလုပ္ျခင္းအား ကန္႔ကြက္လိုပါက ကန္႔ကြက္ႏိုင္ပါေၾကာင္း သတင္းစာ ေၾကာ္ျငာထည့္ရန္။ (3)- ေၾကာျငာပါသည့္ေန႔မွစ၍ (၁၄) ရက္ အထိ ေစာင့္ၾကည့္ရန္။ (4)- ေၾကာ္ျငာပါသည့္ရက္မွ (၁၄) ရက္အတြင္း ကန္႔ကြက္မည့္သူမရွိပါက ေနာက္တစ္ရက္တြင္ ေငြ ေပး ေခ်ရန္။ (ကန္႔ကြက္မႈ တစ္စံုတစ္ရာရိွခဲ့လွ်င္ အေရာင္းအဝယ္လုပ္ငန္း ဆက္လက္ေဆာင္ရြက္လို႔ မရႏိုင္ေသာေၾကာင့္ ကန္႔ကြက္သူ မ်ား ႏွင့္ အဆင္ေျပေအာင္ ညိွႏိႈင္းျခင္းကို အိမ္ရွင္ဘက္ မွ ေဆာင္ရြက္ရမည္ျဖစ္ၿပီး ဆက္လက္ေဆာင္ရြက္မည့္ အေရာင္းအဝယ္လုပ္ငန္းတြင္လည္း ေဖာ္ျပပါ ကန္႔ကြက္ခဲ့သူမ်ားပါ လက္မွတ္ ေရးထိုးရမည္ျဖစ္သည္။)



(5)- ေလ်ာ့ခ်ဳပ္တစ္ေစာင္ခ်ဳပ္ရန္ (အမည္ေပါက္လုပ္ရန္ ေလ်ာ့ခ်ဳပ္တစ္ေစာင္ခ်ဳပ္ရသည္။) (6)- ပိုိင္ရွင္အေနျဖင့္ ဝယ္ယူသူဘက္မွ အေရာင္းေျမပုံ ေမးလာလွ်င္ ထုတ္ျပႏုိင္ရန္္။ (အေရာင္းေျမပံု မရိွပါက ပိုင္ရွင္အမည္၊ ေျမတိုင္း / ေျမကြက္ အမွတ္၊ မွတ္ပံုတင္မူရင္း၊ စရံ စာခ်ဳပ္မိတၱဴမ်ားယူေဆာင္၍ အိုးအိမ္ / စည္ပင္ရံုးတြင္ ပိုင္ရွင္ကိုယ္တိုင္ သြားေရာက္ထုတ္ေပးရပါမည္။) (7)- ေရာင္းခ်သည့္ အိမ္၏တန္ဖုိး အား ရာျဖတ္အဖြဲ႕မွ ျဖတ္ထားသည့္ တန္ဖုိး အတုိင္းအခြန္ေဆာင္ရန္။ (အဆိုပါ အခြန္အား ရာျပတ္ဌာနကို ေပးေဆာင္ရမည္ျဖစ္ပါသည္။)

(8)- ေငြအေက်ေခ် သည့္အခ်ိိန္တြင္ မွတ္ပုံတင္႐ုံး၌ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆုိရန္။ (9)- မွွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ပစၥည္းလႊဲေျပာင္းယူရန္ အတြက္ ၀ယ္ယူထားေသာ အိမ္ႏွင့္ပတ္သက္သည့္ စာရြက္စာတမ္း ခ်ဳပ္ဆုိထားေသာ မွတ္ပုံတင္စာခ်ဳပ္၊ (အခြန္ေဆာင္ၿပီး) အေရာင္းအဝယ္စာခ်ဳပ္၊ ဂရံ စာခ်ဳပ္၊ မွတ္ပံုတင္မူရင္းႏွင့္ ေျမပံုမ်ား ယူေဆာင္၍ အုိးအိမ္ (သုိ႔မဟုတ္) စည္ပင္ရံုး တြင္ အမည္ေျပာင္းရန္။(အမည္ေျပာင္းသည့္အခါတြင္ လက္ရိွ အေရာင္း အဝယ္ျပဳလုပ္လွ်က္ရိွေသာ အိမ္၊ ေျမ ၏ အစ မွ အဆံုး ထိ အေရာင္းအဝယ္ျပဳလုပ္ထားသူမ်ားႏွင့္ အဆင့္ဆင့္ စာခ်ဳပ္စာတမ္း အစံုအလင္ျဖင့္ သြား၍လုပ္ေဆာင္ရမည္ျဖစ္ပါသည္။) မူရင္းေရးသားသူအား ေလးစားစြာခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ

unicode မင်္ဂလာညချမ်းပါခင်ဗျာ … 2019 ကုန်လို့ 2020သို့ ရောက်ဖို့ရက်ပိုင်းပဲ လိုပါတော့တယ် … ဒီလိုအချိန်မှာ 2020 တွင် မိတ်ဆွေ တစ်ချက်လေး သတိလက်လွတ်တာနဲ့ ဆုံးရှုံးမှု့တွေ ဖြစ်လာနိုင်ပါတယ်… 2020 ရဲ့ဘယ်လိုနေရာတွေမှာ ဆုံးရှုံးမှု့ ဖြစ်နိုင်လဲဆိုတော့ စာချုပ်စာတမ်း ချုပ်ဆိုတာတွေ ရက်စွဲအတိအကျဖြင့် လုပ်ရမယ့် အလုပ်တွေမှာပါ … ဘယ်လို ပုံစံနဲ့ ဆုံးရှုံးမှာလဲဆိုတော့ ” ကျွန်တော်တို့တွေဟာ ခုနှစ်ကို အလွယ် အလွယ်တကူ နောက်ဆုံး ၂ လုံးကိုပဲ ရေးတက်ကြပါတယ် … ဥပမာ 29 . 11. 2019 ဆိုရင် 29.11.19ဆိုပြီး ရေးတက်ကြပါတယ် …2020 ခုနှစ်မှာတော့ ဒီအကျင့်ကို ပြင်ပါနော် …

အခြားသူတစ်ဦးက ၎င်းရက်စွဲကို ပြင်ဆင်ရေးသားနိုင်သည် ဥပမာ 31/01/2020 ကို 31/01/2019 …31/12/2018… 31/12/20…… သို့ပြောင်းနိုင်ပြီး မည်သည့်နှစ်အတွင်းမဆို ပြန်လည်ပြင်ဆင်နိုင်သည်ကို သတိပြုသင့်ပါတယ်နော်… ဒါကြောင့်ဒီအကြောင်းသတိထားပါ … မည်သည့်စာရွက်စာတမ်းများတွင်မှှ မရေးသင့်ပါ…အခန့်မသင့်က ဆုံးရှုံးစရာပေါ်လာနိုင်ပါတယ် …



တဆက်ထဲမှာပဲ မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့်ကို မျှဝေလိုက်ပါတယ်နော် … မိမိဝယ်ယူလိုသော မြေကွက်ကို မဝယ်သေးမီ ပထမဆုံးအနေနဲ့ အမည်ပေါက်ဟုတ် / မဟုတ် ကိုလည်းကောင်း၊ အရှုပ် အရှင်း ရှိ/မရှိ နှင့် မြေပုံ ရာဇဝင် စစ် / မစစ် တို့ကိုလည်းကောင်းသေချာစွာစစ်ဆေးရန် လိုအပ်ပါတယ်…အဆိုပါ အချက်များအားလုံးစစ်ဆေးပြီးသောအခါတွင် အောက်ဖော်ပြပါ အချက်များကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(1)- စရံစာချုပ်ချုပ်ဆိုရန် (စရံစာချုပ်ကို ကတိစာချုပ် ဟုလည်း ခေါ်ပါသည်။) (2)- ဖော်ပြပါ မြေကွက် အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ပါကြောင်း သတင်းစာ ကြော်ငြာထည့်ရန်။ (3)- ကြောငြာပါသည့်နေ့မှစ၍ (၁၄) ရက် အထိ စောင့်ကြည့်ရန်။ (4)- ကြော်ငြာပါသည့်ရက်မှ (၁၄) ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက နောက်တစ်ရက်တွင် ငွေ ပေး ချေရန်။ (ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့လျှင် အရောင်းအဝယ်လုပ်ငန်း ဆက်လက်ဆောင်ရွက်လို့ မရနိုင်သောကြောင့် ကန့်ကွက်သူ များ နှင့် အဆင်ပြေအောင် ညှိနှိုင်းခြင်းကို အိမ်ရှင်ဘက် မှ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည့် အရောင်းအဝယ်လုပ်ငန်းတွင်လည်း ဖော်ပြပါ ကန့်ကွက်ခဲ့သူများပါ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။)

(5)- လျော့ချုပ်တစ်စောင်ချုပ်ရန် (အမည်ပေါက်လုပ်ရန် လျော့ချုပ်တစ်စောင်ချုပ်ရသည်။) (6)- ပိုင်ရှင်အနေဖြင့် ဝယ်ယူသူဘက်မှ အရောင်းမြေပုံ မေးလာလျှင် ထုတ်ပြနိုင်ရန်။ (အရောင်းမြေပုံ မရှိပါက ပိုင်ရှင်အမည်၊ မြေတိုင်း / မြေကွက် အမှတ်၊ မှတ်ပုံတင်မူရင်း၊ စရံ စာချုပ်မိတ္တူများယူဆောင်၍ အိုးအိမ် / စည်ပင်ရုံးတွင် ပိုင်ရှင်ကိုယ်တိုင် သွားရောက်ထုတ်ပေးရပါမည်။) (7)- ရောင်းချသည့် အိမ်၏တန်ဖိုး အား ရာဖြတ်အဖွဲ့မှ ဖြတ်ထားသည့် တန်ဖိုး အတိုင်းအခွန်ဆောင်ရန်။ (အဆိုပါ အခွန်အား ရာပြတ်ဌာနကို ပေးဆောင်ရမည်ဖြစ်ပါသည်။)



(8)- ငွေအကျေချေ သည့်အချိန်တွင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်။ (9)- မှှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ပစ္စည်းလွှဲပြောင်းယူရန် အတွက် ဝယ်ယူထားသော အိမ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်၊ (အခွန်ဆောင်ပြီး) အရောင်းအဝယ်စာချုပ်၊ ဂရံ စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မြေပုံများ ယူဆောင်၍ အိုးအိမ် (သို့မဟုတ်) စည်ပင်ရုံး တွင် အမည်ပြောင်းရန်။(အမည်ပြောင်းသည့်အခါတွင် လက်ရှိ အရောင်း အဝယ်ပြုလုပ်လျှက်ရှိသော အိမ်၊ မြေ ၏ အစ မှ အဆုံး ထိ အရောင်းအဝယ်ပြုလုပ်ထားသူများနှင့် အဆင့်ဆင့် စာချုပ်စာတမ်း အစုံအလင်ဖြင့် သွား၍လုပ်ဆောင်ရမည်ဖြစ်ပါသည်။) မူရင်းရေးသားသူအား လေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ

No comments:

Post a Comment