Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 9, 2019

နိုင်ငံခြားသားကနေ ပါဆယ်ပို့တယ်ဆိုပြီး လိမ်သွားပြန်ပြီ။ အခုနည်းကတော့ ဝက်ဆိုက်နဲ့ပါ လိမ်တာ


နိုင်ငံခြားသားကနေ ပါဆယ်ပို့တယ်ဆိုပြီး လိမ်သွားပြန်ပြီ။ အခုနည်းကတော့ ဝက်ဆိုက်နဲ့ပါ လိမ်တာ

လွန်ခဲ့တဲ့ ၂ လလောက်က ကျနော်ဇနီးရဲ့ သူငယ်ချင်း တစ်ယောက် online မှာအလိမ်ခံခဲ့ရတဲ့ အကြောင်း ပြောပြပါတယ်။ သူမနဲ့ FB မှာ friend ဖြစ်နေတဲ့ ပြင်သစ်က (FBမှာဖေါ်ပြထားတဲ့ လိပ်စာအရ) Desmond Onwe ဆိုသူက သူမအတွက် မွေးနေ့ လက်ဆောင် gift box တစ်ဘုံးကို logistics ကုမ္ပဏီတစ်ခုကို ပို့ပေးခိုင်းထားတယ်လို့ ပြောပါတယ်။ အဲ့ဒီ gift bixထဲမှာ ဖိနပ် ၂ရံ, iPhone ၂လုံးအပြင် သူမအံသြသွားစေမယ့် လက်ဆောင်ထည့်ပေးလိုက် တယ်လို့ပြောပါတယ်။ အဲဒီ gift box ကိုဓါတ်ပုံ ရိုက်ပြီး chat box ကနေပို့ထားပါတယ်။

parcel ထုပ်ပို့ပေးတဲ့ logistics ကုမ္ပဏီက LinkFast express logistics ဖြစ်တယ်လို့ Desmond့ Onwe က သူမထံ message ပို့ပေးလို့သိရပြီး မြန်မာပြည်မှာရုံးခွဲ မရှိဘဲ ကိုယ်စားလှယ်တစ်ဦးသာခန့်ထားတယ်လို့ သိရပါတယ်။ parcel ထုပ်ကို ခြေရာခံ ( tracking) လုပ်နိုင်ဖို့ parcel consignment နဲ့ ပါတ်သက်ပြီး tracking no. တစ်ခုလည်းပေးထားတယ် လို့ သိရပါတယ် (ပုံ)။ (အဲဒီ website linkfastexpress.com လည်းအခု suspended လုပ်ထားပါတယ်)







အဲဒီ ကိုယ်စားလှယ်ဆိုသူ အမျိုးသမီးက သူမဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး parcel ထုပ်ဟာ မန္တလေးလေဆိပ်ကို ၉/ ၅/ ၂၀၁၉ က ရောက်ရှိနေပြီ လို့ဆိုပါတယ်။ ( ဘာကြောင့် မန္တလေး လေဆိပ်ကို ရောက်သွားရတာလဲလို့ မသိဘူး )။ ကိုယ်စားလှယ်အမျိုးသမီးရဲ့အဆိုအရ အထုပ်ကို ရွှေးဖို့ “အကောက်ခွန်ဂျုတီ ၈သိန်းခွဲ ဆောင်ရမယ်။ ဒါကြောင့် KBZ ဘဏ်ရဲ့ သီတာလှ အမည်နဲ့ account ကိုလွှဲပေးဖို့” ပြောပါတယ်။ ဒါကြောင့် အဲဒီနေ့ မနက်ဘဲ ငွေ ၈ သိန်းခွဲ လွှဲပေးလိုက် တယ်လို့ သိရတယ်။

နောက်နေ့မှာ အဲဒီ parcel ထုပ်ဟာ ရန်ကုန်လေဆိပ်ကို ရောက်နေပြီး လေဆိပ် X- ray မှာ parcel ထုပ်ကို ထည့်ကြည့် တော့ ဒေါ်လာတွေ ပါတဲ့ စာအိပ်တစ်အိပ်ပါတယ်လို့ လေဆိပ်တာဝန်ကျ ဒုအကောက်ခွန်မှုး – – – ဆိုသူက သူမထံ ဖုန်းဆက်ပြီး ပြောတယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် ငွေသိန်း၅၀ တောင်းတယ်လို့ဆိုပါတယ်။ သူမရဲ့ ဖုန်းနံပါတ်ကို parcel ဘုံးပေါ်က လိပ်စာက သိရတာလို့ဆိုပါတယ်။ အဲဒါကြောင့် သူမက Desmond Onwe ကိုမေးကြည့်တော့ ဒေါ်လာ ၂၅၀ယ၀၀၀ ကို မွေးနေ့လက်ဆောင်အဖြစ်ထည့်ပေးလိုက်တာ ဖြစ်ကြောင်းI သူမ surprise ဖြစ်သွား အောင်လို့ ကြိုတင် မပြောတာဖြစ်ကြောင်း နဲ့ parcel ထုပ် ဘယ်ရောက်နေတယ်ဆိုတာ သိရအောင် သူပေးထားတဲ့ logistics ကုမ္ပဏီရဲ့ parcel ထုပ် အတွက် tracking no. နဲ့ website link မှာ ဝင်ကြည့်ပါလို့ message ပြန်ပို့တယ်။ အဲဒီ number ကို ကျနော် ကို ပေးလို့ ကျနော်လည်း logistics ကုမ္ပဏီရဲ့ website ကိုဝင်ကြည့်တော့ (ပုံမှာ တွေ့ရတဲ့အတိုင်း) အထုပ်ထဲမှာ ဒေါ်လာတွေပါလို့ အကောက်ခွန်က တားဆီးထား တယ်လို့ ဖေါ်ပြထားပါတယ်။





သူမက Desmond Onwe အနေနဲ့ အဲဒီလို ဒေါ်လာတွေပို့လို့ မရကြောင်း, အသိမ်းခံရမည်ဖြစ် ကြောင်းပြောပြတော့ သူက အကောက်ခွန်ကတောင်း တဲ့ငွေ အမြန်လွှဲပေးပြီး အထုပ်ကိုအမြန်ရွေးယူဖို့ တိုက်တွန်းတယ်လို့ဆိုပါတယ်။ အဲ့ဒီအမျိုးသမီး က သူမအပေါ် အမှုပတ်လာမှာလည်း စိုးရိမ်I နောက်နေ့တွေဆိုရင် စနေ/ တနင်္ဂနွေနေ့ ပိတ်ရက်တွေနဲ့ parcel ရွေးယူလို့ မရဘဲ ကြန့်ကြာမှာ လည်းစိုးလို့ ပြသနာ အမြန်ပြေလည်ပြီး အထုပ်အမြန်ရဖို့ ဖုန်းနဲ့ငွေလွှဲပေးဖို့ ဆက်သွယ်လာတဲ့ ဒုအကောက်ခွန်မှုး ဆိုသူက လွှဲခိုင်းတဲ့ CB bank က ဒေါ်နန်းခန်းလုံအမည်နဲ့ account ကို အဲ့ဒီနေ့ ၁၂း၀၀ မှာ လွဲပေး လိုက်တယ် လို့သိရပါတယ်။ သူတို့ တောင်းတာက သိန်း၅၀ ဆိုပေမဲ့ သိန်း၄၀ နဲ့ ဈေးတည့်ပြီး သူမဆီမှာရှိတဲ့ သိန်း၂၀ နဲ့ သူမရဲ့မိတ်ဆွေဆီက လိုတဲ့ သိန်း၂၀ ချေးဌားပြီး ပေးလိုက်ရတယ်လို့ သိရပါတယ်။

ငွေသိန်း ၄၀ လွှဲပြီးတော့ ဒု- အကောက်ခွန်မှုးဆိုသူက ည ၇း၀၀ မှာ parcel ထုပ်ကို အိမ်လာပို့မယ်လို့ ပြောပြီး ညမှာ လာမပို့လို့ သူ့ထံဖုန်းထပ်ဆက်တော့ သူမအားလို့ နောက်တစ်နေ့ စနေနေ့ မနက် သူ duty ထွက်တော့မှ လာပို့ပေးတော့ မယ်လို့ ဆိုပါတယ်။ အဲ့ဒီအမျိုးသမီးက သူ မအားလို့ လာမပို့နိုင်လည်း သူမကဘဲ ညတွင်းချင်း လေဆိပ်ကို လာယူနိုင်ဖို့ သူ့ထံကို ဖုန်းပြန်ဆက်တော့ ဖုန်းမကိုင်တော့ဘူးလို့ ဆိုပါတယ်။

ဒီကိစ္စကို ကျနော်ရဲ့ မိတ်ဆွေ အကောက်ခွန် အရာရှိတစ်ဦးနဲ့စကားစပ်မိလို့ ပြောဖြစ်တော့ “လေဆိပ်ကုန်လှောင်ရုံကို လည်း တစ်ပါတ်ကို ၂ဦး/ ၃ ဦး လာပြီး အလားတူဖြစ်စဉ်တွေကို လာစုံစမ်းကြောင်းI သူတို့ အမည်နဲ့ parcel ထုပ်တွေ ရောက် နေကြောင်းI အကောက်ခွန်မှာ duty ဆောင်ရ မည်ဖြစ်ကြောင်းI သူတို့ပေးတဲ့ bank account ကိုငွေလွှဲပို့ ခိုင်း ကြောင်းI အမှန်တစ်ကယ် အထုပ်ရောက်/ မရောက်သိလိုပါကြောင်းI အထုပ်ရောက်နေပါက ငွေလွှဲပေးလိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် အကောက်ခွန်ကို ခုတုံးလုပ်၍ လိမ်လည်နေတာ တွေကို အမြဲ ရှင်းပြနေရတယ်လို့ဆိုပါတယ်။ (ဒါကြောင့် လူလိမ်အဖွဲ့က ရန်ကုန် လေဆိပ်ကို parcel ရောက်နေတယ်ပြောပြီး လိမ်ပါက လေဆိပ်မှာ သွားစုံစမ်းမှာစိုးလို့ မန္တလေး လေဆိပ်ကို ရောက်နေတယ်လို့ ပြောတာဖြစ်နိုင်ပါ တယ်။)



ဒါပေမဲ့ လူလိမ်ဇာတ်လမ်းကမပြီးသေးပါဘူး။ ပထမ ၈ သိန်းခွဲ စတောင်းတယ်။ အဆင်ပြေတော့ နောက်ထပ် သိန်း ၅၀ တောင်းတယ်။ သိန်း ၄၀နဲ့ ဈေးတည့်ပြီး အဆင်ပြေပြန်တော့ နောက်တစ်ဆင့် ထပ်တိုးပြီး ထပ်လိမ်ပြန်တယ်။ နောက်တစ်နေ့ မနက်မှာ courier service ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဆိုသူ အမျိုးသမီးက ဖုန်းဆက်လာပြန်ပါတယ်။ ရန်ကုန် လေဆိပ်မှာ ရောက်နေတဲ့ အထုပ်ထဲမှာ ဒေါ်လာငွေ ၂သိန်းခွဲ ပါတယ်။ အကောက်ခွန်ဥပဒေအရ ဒေါ်လာ ၁၀,၀၀၀ ကျော်ပါက အကောက်ခွန် ၅% ဆောင်ရမယ်။ ကျသင့်တဲ့ Customs duty $12,500 နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သိန်း ၁၉၀ ကို အခွန်ဆောင်ဖို့ မေဝင်းခိုင် အမည်နဲ့ KBZ ဘဏ်က account ကိုလွှဲပေးဖို့ viber ကနေ account no. ပို့ ပါတယ် (ပုံ)။ ကျနော်က ဘဏ် account ကတစ်ဆင့် တစ်ဖွဲ့လုံးကို ခြေရာခံ ဖမ်းနိုင်ဖို့ ရဲစခန်းမှာ အမှုဖွင့်သင့်တယ်လို့ သူမကို အကြံပေးပါတယ်။ သူမကတော့ အလုပ်ရှပ်မှာရော I ရှက်တာရောကြောင့် အမှု မဖွင့်လိုတော့ဘူးလို့ ဆိုပါတယ်။



သူမကလည်း Desmond Onwe ဆိုတဲ့ သူကို ဆက်သွယ်ပြီး ရန်ကုန်က courier service ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ် က ငွေထပ်မံလွှဲ ခိုင်းနေကြောင်း သူမ အနေနဲ့ကလည်း လွှဲပေးစရာ ငွေ မရှိတော့ကြောင်း လက်ဆောင် parcel ကိုလည်း မလိုချင်တော့ကြောင်း သူလွှဲပေးပြီးသွားတဲ့ ၄၈သိန်းခွဲကိုသာ သူမထံကို Western Union လို worldwide money transfer နဲ့ ပြန်ပို့ပေးပါလို့ ပြောတော့ အခြေအနေမဟန် တော့မှန်းသိပြီး သူမကို unfriend လုပ်သွား ပါတယ်။

အုပ်စုဖွဲ့ပြီးတော့ကိုလိမ်ကျတာပါ။ (Organized crime)ပါ။ နည်းပညာလည်းကျွမ်းကျင်တော့ ယုံကြည်အောင် website တွေတောင်တင်ပြီးလိမ် တာပါ။ ကျနော်တို့ baby boomer မျိုးဆက်တွေက IT နည်းပညာမှာ အားနည်းကျတော့ မစိစစ် နိုင်တော့ ဘဲ victims ဖြစ်သွားရပါတယ်။ အဲ့ဒီလူလိမ်ကောင်ရဲ့ FB account လည်း ဖြုတ်သွားပါပြီ။ နောက် account အသစ်နဲ့ သားကောင်အသစ်တွေ ရှာနေ လောက်ပါပြီ။ အလိမ်ခံလိုက်ရတဲ့ အမျိုးသမီးကတော့ ရှက်လည်းရှက် ချေးထား တဲ့ သိန်း ၂၀ လည်း လစဉ် အရစ်ကျဆပ်နေရပါပြီ။ ကာယကံရှင်ကိုငဲ့ညှာပြီး ၂လ ကျော်လောက်ကြာမှ ကျနော်လည်း အခြားသူတွေ သတိထားရအောင် ဖြစ်စဉ်လေးကိုတင်လိုက်တာပါ။

“လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကျပါစေ။”

သန့်ဇင် (MICS-UK) ဇူလှိုင်လ ၂၁ ရက် ၂၀၁၉။ (လေးစားမှုဖြင့် ခရက်ဒစ်)

No comments:

Post a Comment