Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 28, 2019

ကလေးတွေသိပ်ပျောက်တယ် လူတွေသိပ်ပျောက်တယ် တဲ့


မှန်မမှန် ဖြစ်နိုင်မှု ရှိမရှိ ဆင်ခြင်ကြည့်ကြဖို့ပါ။
...............................
အခုတစ်လော ကလေးတွေသိပ်ပျောက်တယ် လူတွေသိပ်ပျောက်တယ် တဲ့။ တို့ဆေးတွေ သောင်းကျန်းနေတယ် တဲ့။ ဒီနေ့ တမနက်တည်းမှာတင် wall ပေါ်မှာ လူပျောက်ကြော်ငြာကို share ထားတဲ့ post ၆ ခုထက် မနည်းတွေ့လိုက်တယ်။ နည်းနည်းအားနေလို့ လိုက်စပ်စုကြည့်တော့ ဒါလေးတွေ တွေ့ရတယ်။

၁။ share ထားတာတွေ အကုန်လုံးဟာ Facebook ပေါ်က ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမဟုတ်ပဲ ပြင်ပ website link တွေ ဖြစ်နေတယ်။

၂။ အဲဒီ ပြင်ပ website တွေဟာလဲ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမျိုးတွေမဟုတ်ပဲ နာမည်အသစ် website အသစ်တွေ ဖြစ်နေတယ်။

၃။ site တွေ တော်တော်များများ သုံးထားတဲ့ site template တွေ တူကြတယ်။

၎။ လူတွေစိတ်ထဲ စိုးရိမ် ကြောင့်ကြမယ့် ကိစ္စတွေကိုပဲ တင်ထားတယ်။

၅။ တင်တဲ့ pattern တွေ တူတယ်။ ဥပမာ၊ အခု လူငယ်တွေ ပျောက်တဲ့ကိစ္စတွေချည်း တချိန်တည်းလိုလို အတူတူတင်တယ်။ အရင်တစ်ပတ်လောက်က အအေးလှိုင်းဖြတ်မယ် ဆိုတာတွေ အတူတူတင်တယ်။ ငလျင်လှုပ်ပြီးကာစက ဒီထက်ကြီးတဲ့ ငလျင်ကြီး ထပ်လှုပ်ဦးမယ် ဆိုတာတွေ တင်တယ်။ အဲဒီမတိုင်ခင်က ကလေးသူခိုးတွေ သောင်းကျန်းနေတယ် ဆိုပြီး တင်တယ်။ ဘာတင်တင် တင်တဲ့အကြောင်းအရာနဲ့ အချိန်အပိုင်းခြားက အတူတူပဲ။

၆။ Facebook က သတင်း page အတုတွေ မဖျက်ပစ်ခင်တုန်းက ဒီ website တွေမရှိပဲ သတင်း page အတုတွေကို ဖျက်ချပြီးတဲ့နောက်ပိုင်းမှ ပေါ်လာတဲ့ site တွေဖြစ်တယ်။

အကုန်လုံးကို ခြုံပြီးပြန်စဉ်းစားကြည့်ရင် ဖြစ်နိုင်တာက၊ ဒီ သတင်း page အတုတွေ site အတုတွေကို စီစဉ်လုပ်ဆောင်နေတာ လူတစ်ယောက် တစ်ဖွဲ့တည်းက လုပ်နေတာ ဖြစ်နိုင်တယ်။

ရည်ရွယ်ချက်က လူတွေ စိတ်ဝင်စား၊ ပြန်ပြီး များများ share မယ့် အကြောင်းအရာမျိုး click-bait လုပ်ပြီး ကြော်ငြာခ များများရဖို့ ကြိုးစားနေတာ၊ ဒါမှမဟုတ်ရင် နိုင်ငံရေး ရည်ရွယ်ချက်တခုခုနဲ့ . ဥပမာ ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ကြီး မလုံခြုံပါဘူး မငြိမ်းချမ်းပါဘူးဆိုတဲ့ အတွေး လူတွေခေါင်းထဲ ဝင်သွားအောင် ရိုက်ထည့်နေတာ မျိုး ဖြစ်နိုင်တယ်။

ကိုယ့်သူငယ်ချင်းတွေ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမျိုးက သတင်းမဟုတ်ရင် မ share ကြပါနဲ့။ သတင်းအတုကို ယုံမိတဲ့ သားကောင် အဖြစ်မခံကြပါနဲ့။ ကိုယ်တိုင်က သတင်းအတုကို ထပ်ပြီး ဖြန့်ဖြူးမိလောက်အောင် ဉာဏ်နည်းတဲ့သူတွေ အဖြစ်မခံကြပါနဲ့။
Nyi Htway
(ဒီရက်ပိုင်းအတွင်းလူပျောက်ကြော်ငြာတွေဟာဆက်သွယ်ရန်လိပ်စာဖုန်းနံပါတ်နဲ့ အမှန်တကယ်ကို ပျောက်တာ။ ပြန်တွေ့တာမျိုးတွေဖြစ်ပါတယ်။အထက်ပါရေးထားသလိုနိုင်ငံရေးရည်ရွယ်ချက်နဲ့တင်နေတယ်လို့တော့မထင်မိပါဘူး။ သတိဆိုတာပိုတယ်လို့မရှိတဲ့အတွက် မိမိသားသမီး၊ညီမ၊စသဖြင့် သတိပေးခြင်းဖြင့်ဒုစရိုက်သမားများလက်မှရှောင်ကွင်းနိုငကြပါစေ။)

No comments:

Post a Comment