Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 28, 2019

လူပျောက်ကြော်ငြာတင်ထားတဲ့ကောင်မလေးပြန်တွေ့ပါပြီ


ဟိုတလောက လူပျောက်ကြော်ငြာတင်ထားတဲ့ကောင်မလေးပြန်တွေ့ပါပြီ

25-11-2019

ဒီအရွယ် လူပျောက် လင်နောက်လိုက်တာပေါ့ လွယ်လွယ် မှတ်ချက်တွေမှာ ကျွန်တော်တို့ဟာ ဆိုစရာစကားမရှိခဲ့ပါဘူး
အခု ပျောက်ဆုံးကလေးမပြန်တွေ့ပါပြီ

စီးရမဲ့ကား မေးမိရာက ဘာမှမသိ၊ သူများခေါ်ဆောင်ရာ လိုက်သွားခဲ့ရတယ်၊ သူ့အနားမှာ တစိမ်းလူတွေအများကြီးတဲ့
သူ့ဖုန်းထဲကဖုန်းနံပါတ်တွေလဲဖျက်ခံထားရတယ်
အခုထိ ကောင်းကောင်းမေးမရသေးတော့ အသေးစိတ်တော့ မပြောလိုတော့ပါဘူး
မြဝတီအထိရောက်သွားခဲ့တယ်။ လူမှုကွန်ယက်ရဲ့ ပြန့်နှံ့မှုနဲ့ သူ့ကို ချန်ထားခဲ့ပုံရပါတယ် ။ ဆက်သွယ်သတင်းပေးတာလဲ လူမှုကွန်ယက်ပါပဲ ။
ခုတော့ ဘေးမသီ ရန်မခ မိသားစုနဲ့ ပြန်ဆုံသွားပါပြီ
FB က ဝိုင်းဝန်းခဲ့သူအပေါင်း မိသားစုကိုယ်စား ကျေးဇူးပါ
နောင်လဲ လူလူချင်း စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းရကြောင်းပါ
Kyaw Gyi AB







မေဖြူဖြူသော်
AlinnMyay (အလင်းမြေ)unicode
မေဖြူဖြူသော်
လူပျောက်ကြော်ငြာ
အသက်၂၄နှစ်အရွယ်ရှိ ဒုဦးစီမှူး ၄ မေဖြူဖြူသော် မြို့နယ်ရုံးသို့အသွား လမ်းတွင် ပျောက်ဆုံး…သွားလို့တွေ့ ခဲ့သူများ ရှိလျှင် အောက်ပါ လိပ်စာသို့ အမြန်ဆက်သွယ်ပေးကြပါနော်။
မေဖြူဖြူသော်
လူပျောက်ကြော်ငြာ မေဖြူဖြူသော် အသက်( ၂၄ နှစ် )
အရပ် ၅ ပေ ၃ လက်မ၊ ဆံပင်နက်/တို ( ပုံပါ ကတုံး ဆံပင်ပေါက် )၊ အသား ဖြူ ၊ နဖူးကျဉ်း၊ မျက်ခုံးကောင်း၊ နှာခေါင်း ပိ၊ နှုတ်ခမ်း ပါး၊ ပါးစပ် ကျဉ်း၊ ခန္တာကိုယ် (သင့်)နေအိမ်မှ ထွက်သွားစဉ် ခါးဝတ်ခါးစားသာ ပါရှိပါသည်။
အလုပ်အကိုင် – တိုင်းရင်းသား ဘာသာစကား ဦးစီးဋ္ဌာန ၊ ဒု ဦးစီး ၄။ နေရပ် – ဝန်ထမ်းအိမ်ရာ၊ လှိုင် မြို့နယ်၊ ရန်ကုန် ( ဇာတိ- ပန်းအိုင်ရွာ ၊မလှိုင် မြို့နယ် )
ဖြစ်စဉ် – ၄. ၁၁. ၂ဝ၁၉ နေ့ ၉ နာရီခန့်တွင် နေအိမ်မှ ကမာရွတ် မြို့နယ်ရှိ ရုံးသို့သွားစဉ် ပျောက်ဆုံး ( မိခင်နှင့် အတူနေပါသည် အိမ်နှင့် ပြဿနာ မရှိပါ )လှိုင် မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပါသည်။
ဖခင် – ဦးအောင်မြစိန် ၊ မိခင် – ဒေါ်ခင်သီတာထွန်း ( ပန်းအိုင်ရွာ ၊ မလှိုင် မြို့နယ် )ဆက်သွယ်ရန် – 09687357598
ပျောက်ရက်ရှည်လာပြီဖြစ်သော်လည်း တစုံတရာ ထူးခြားမှု မရှိသေးပါသဖြင့် လူမှုကွန်ယက်သို့ အကူအညီ တောင်းပါသည်။ ဘယ်ဆီ ရောက်ရှိနေသည် ခန့်မှန်းမရပါ။
တတ်နိုင်သလောက်ရှယ်ပေးပြီး ကူညီပေးကြပါရန် AlinnMyay (အလင်းမြေ) မှ ထပ်ဆင့် အကူအညီ တောင်းပေးလိုက်ပါသည်”ဆိုပြီး လူမှုကွန်ယက်မှာ အကူညီတောင်းခံထားတာဖြစ်ပါတယ်။
ပရိတ်သတ်ကြီးလည်း အမြန်ဆုံးရှာတွေ့အောင် ကူညီပေးလိုက်ကြပါအုံးနော်။
AlinnMyay (အလင်းမြေ)

No comments:

Post a Comment