Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 20, 2019

ဆံပင်ကျွတ်တာဆံပင်မသန်တာတွေအတွက်…ဒီလောက်ထိကောင်းလိမ့်မယ်လို့မထင်ခဲ့မိတာပါ

အရမ်းကောင်းပြီး ကိုယ်တွေ့လေးမို့ ပုံနှင့်တစ်ကွဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး ရှားစောင်းလက်ပတ် နှစ်ချပ် သုံးချပ်လောက်ရှာပြီးဘေးအစွန်းနှစ်ဘက်လှီးဖြတ်ပြီးအနေတော် အတုံးလေးတွေတုံးထားပါ။

အုန်းဆီစစ်စစ်(၁၀)သားကိုမီးဖိုပေါ်တင်အပူပေးပြီး စောစောကတုံးထားတဲ့ရှားစောင်းလက်ပတ်တုံးတွေထည့်ပြီးမွှေပါ။

ရှားစောင်းလက်ပတ်ခပ်ဝါဝါအရောင်သို့ပြောင်းလာပြီ ဆိုရင်ဇကာနဲ့စစ် ဆီပဲယူထားပါ။

ကြက်သွန်ဥနီအနေတော်(၂)လုံးကိုထောင်း(သို့) Blender နဲ့ကြိတ်ပြီးရေစစ်အသေး ဒါမှမဟုတ် ပိတ်ဖြူစနဲ့အရည်ညှစ်ချကာခုနကအအေးခံထားတဲ့ဆီထဲကြက်သွန်ဥနီအရည်လောင်းထည့်ပါ။

ရေမချိုးခင် ဦးရေပြားကိုနှိပ်နှယ်ရင်းခပ်ရွှဲရွှဲလိမ်းပေးပါ။ မိနစ်(၂၀)လောက်ခဏထားပြီးခေါင်းလျှော်ချလိုက်ပါ။ ဆံပင်ခြောက်တာနဲ့ကိုယ့်ဆံပင်ကဆံသားပျော့အိအိအရသာလေးကိုကထူးခြားနေပါလိမ့်မယ်။

နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ကြည့်ရုံနဲ့ဆံပင်ထူထူသိပ်သိပ်ပြန်ဖြစ်လာပြီးဆံပင်ကျွတ်တာ၊ နှစ်ခွဖြစ်တာ၊ ထိပ်ပြောင်တာ၊ ဆံပင်ဖြူနေရာကပြန်မည်း(မဲ)လာတာတွေသိသာလာပါတယ်။ စမ်းပြီးလုပ်ကြည့်ပါနော်..

Writer ; Kwee (Jeeptoolay)
Sabai Phyu

No comments:

Post a Comment