Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 9, 2019

၅သောင်းရင်း သိန်း၇၀မြတ်


1995လောက်ကပေါ့
"ခင်လွန်းလို့ ပြောတာနော်
ပိုက်ဆံအတု ၁၀သိန်း ပေးမယ်။
အစစ် ၇သိန်းခွဲပဲပေး" ဆိုတာ
လာလာစပ်ကြတယ်။

၇၅ရင်း ၂၅မြတ်
လေးပုံတစ်ပုံ ချက်ချင်းမြတ်မယ့်အလုပ်

ကဲ....... စမ်းလဲကြည့်မယ်ပေါ့
ငွေ အရည်အသွေးလည်း ကြည့်ချင်သပေါ့
အဲ့တုန်းက ရွှေစျေး ၁ကျပ်သား ၃သောင်း၀န်းကျင်
၁သိန်းခွဲယူသွားတယ်။
ခုခေတ်လိုဆို ရွှေ၅ကျပ်သား ရင်းရတာလေ

အိုးခေ........
ဘယ်သွား၀ယ်၀ယ် မငြင်းဘူး
ဘဏ်သွားအပ်တယ် အေးဆေး

ထပ်လာပြောတယ်
ပစ္စည်းသိပ်မရှိတော့ဘူး
နယ်စပ်ပြန်မှာ
ဒီတော့ကာ သိန်း၇၀ယူခဲ့
သိန်း၁၀၀ ပေးမယ် တဲ့

အိပ်လို့မရတော့ဘူး
အရည်အသွေးကလည်း စံချိန်မီ
ချက်ချင်း သိန်း၃၀ မြတ်မှာ
စူပါဆလွန်းမှ သိန်းအစိတ်လောက်ရှိတာ
ကားတစီးတော့ အေးဆေး ခိုင်ပြီပေါ့

အိုးခေ....... မနက်ဖြန် ၈မိုင်လမ်းဆုံ ဂျန်းရှင်းအိတ်က ကြေးအိုးဆိုင်မှာ ဆုံမယ်လေ
ရော့ ပတ္တမြား ရော့ နဂါးပဲ တဲ့

ဆုံပြီ။
အိတ်နဲ့တစ်ထုပ်ချင်းလဲတယ်။
ကိုယ့်ကားနားရောက်မှ
အုပ်ရေစစ်တယ်။
ရပြီ။ ကိုယ့်လမ်းကိုယ်ပြန်ကြစို့ လက်ဝါးချင်းရိုက်တော့
အနက်ရောင်ကားကြီးတစ်စီး ဘေးနားထိုးရပ်လာတယ်။

ညီလေးတို့ ကားပေါ်ခဏတက်အုံး
ပုဆိုးကြားက လက်ထိပ်ကို မြင်အောင် လှပ်ပြတယ်

ကားပေါ်ရောက်တော့ နောက်ခန်းမှာ အပွင့်ကြီးကြီးနဲ့ ယူနီဖောင်း၀တ်တစ်ယောက် ခပ်မိန့်မိန့်ကြီး ထိုင်နေတယ်။

ကဲ....... ငါ့ညီတို့
တခြားပြောမနေနဲ့တော့
ဒီအရွက်တွေနဲ့ သိက္ခာနဲ့ လဲမလား
ရှင်းရှင်းပြောမယ်ကွာ
ဒို့ သတင်းအတိအကျ ရထားပြီ။
ငါ့ညီတို့ ဒီစက္ကူတွေ ထားခဲ့
ပြီးရင် နောက်ထပ် ၁၀သိန်းစီ ထပ်ပေး
ဒီနေ့အဖြစ်အပျက်ကို အကိုတို့လည်း မေ့လိုက်မယ်။
အဆင်ပြေမလား
ဆိုတော့ကာ.......

အင်းးးးးး ပေါ့

အရင်း သိန်း၇၀
ဘာညာကြေး ၁၀သိန်း
ကုန်ပါရော
ဟိုနယ်စပ်ကဆိုတဲ့ကောင်တွေကိုတော့ လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။

ကဲ.......
ဒီလောက်ဆို
ဇာတ်သိမ်းပြီ
ပြီးပြီ ထင်တာလားဗျာ

တကယ်တော့ ဟို နယ်စပ်ကအဖွဲ့ဆိုတာ လာတာ ၂ယောက်တည်း
နောက်ခံ ဘက်ဂရောင်းက အယောက်၂၀ကျော်တယ်
ရဲမြညွန့်တို့လို သရုပ်ဆောင်တဲ့ရဲအတုအဖွဲ့လည်းပါတယ်။

ပိုက်ဆံအစစ် ၁သိန်းခွဲနဲ့ အတု ၂သိန်း လဲတယ် ဆိုတာ
တကယ်တော့ အစစ် ၂သိန်းကို ပေးလိုက်တာ
ကြိုက်သလိုစစ်
စမ်းချင်ရာစမ်း မောင်ကျဘမ်းပေါ့
အစစ်ကိုး

နောက်ထပ်သိန်း၁၀၀ ဆိုတာလည်း
အစစ်ဖြစ်ချင်ဖြစ်မယ်
တစ်အုပ်မှာ အပေါ်ရွက် အောက်ရွက်ပဲ အစစ် ဖုံးထားတာလဲ ဖြစ်ချင်ဖြစ်မယ်

မေးပါရစေအုံး
၁သိန်းခွဲနဲ့ ၂သိန်းလဲပေးလိုက်တော့ ၅သောင်းနစ်နာမှာပေါ့

၅သောင်းက ခဏပဲ နာတာလေ
သိန်း၈၀ ပြန်ရတယ်လေ

ကဲ... ဒါဆို ၂သိန်းယူသွားသူက ထပ်မလာပဲ ၅သောင်းပဲစားသွားရင် ဘယ့်နှယ်လုပ်မလဲ

ချဲ၁သိန်းဖိုးပေါက်တဲ့သူကအစ ၁၀၀ဖိုးပေါက်တဲ့သူအထိ
ထပ်မထိုးတော့ပါဘူးလို့ ပိုင်းလိုက်တဲ့သူ ဘယ်နှစ်ယောက် တွေ့ဖူးလဲဗျာ

(ကျနော်က ပရိတ်သတ်ပါ။ ခံရသူက သူငယ်ချင်း။ ကြားပွဲစားလုပ်သူက အသိတက္ကစီသမား )

ပြောရအုံးမယ်
ဆုမဲတွေ
လေလံမဲတွေ
၁သိန်းခွဲရင်း ၁လစောင့် ၂သိန်းရ ဆိုတာလေ
ပြီးတော့ သိန်း၁၀၀ရင်း ၁လစောင့် သိန်း၁၃၀ပြန်ရ ဆိုတာထိ

ပြောရအုံးမယ်
၀က်ခိုးတဲ့နည်း
ငါးမျှားချိတ်လေးကို ကြိုးချည်
နှမ်းဖတ်၊ ပုဇွန်ခြောက်၊ မျှင်ငပိတို့နဲ့ အလုံးလေးလုပ်
ညဘက် ၀က်တဲထဲသွားချ
စားကရော
ငါးမျှားချိတ်က အာဂလောင်မှာ ချိတ်ပြီ
အသာလေး ကြိုးဆွဲခေါ်လာရုံပါပဲ
မအော်ဘူး စိတ်ချ

တမတ်လုံး နိုင်လွန်ကြိုးနဲ့ချည်ပြီး
ဆွဲတာတောင် ကြိုးပြတ်အောင်ရုန်း
တရွာလုံးကြားအောင် အော်တဲ့၀က်က
ပရိတ်ကြိုးလောက် ကြိုးအမျှင်လေးနဲ့ ဆွဲခေါ်လာတာ
တချက်မရုန်း
အော်လည်းမအော်
အော်ရင် အာဂလောင်က စူးစူးသွားတယ်လေ

နိုင်ငံရေး
စီးပွားရေး
လူမှုရေး
အားလုံးပဲ
ဒီသဘောတရားတွေလို
ချကျွေးတာတွေ ရှိသဗျ

အတု အစစ်ကို
သေချာခွဲခြားကြပါဗျ

ဒီအထိ ဖတ်လာပြီးပြီဆိုတဲ့မိတ်ဆွေဟာ
တကယ့်ကို ငွေကြေးအကြောင်း စိတ်ဝင်တစား လေ့လာတတ်တဲ့သူပါ။
Yeminn Aung
.........


1995ေလာက္ကေပါ့
ခင္လြန္းလို႔ ေျပာတာေနာ္
ပိုက္ဆံအတု ၁၀သိန္း ေပးမယ္။
အစစ္ ၇သိန္းခြဲပဲေပး" ဆိုတာ
လာလာစပ္ၾကတယ္။

၇၅ရင္း ၂၅ျမတ္
ေလးပုံတစ္ပုံ ခ်က္ခ်င္းျမတ္မယ့္အလုပ္
ကဲ....... စမ္းလဲၾကည့္မယ္ေပါ့
ေငြ အရည္အေသြးလည္း ၾကည့္ခ်င္သေပါ့
အဲ့တုန္းက ေရႊေစ်း ၁က်ပ္သား ၃ေသာင္း၀န္းက်င္
၁သိန္းခြဲယူသြားတယ္။
ခုေခတ္လိုဆို ေရႊ၅က်ပ္သား ရင္းရတာေလ
အိုးေခ........
ဘယ္သြား၀ယ္၀ယ္ မျငင္းဘူး
ဘဏ္သြားအပ္တယ္ ေအးေဆး
ထပ္လာေျပာတယ္
ပစၥည္းသိပ္မရွိေတာ့ဘူး
နယ္စပ္ျပန္မွာ
ဒီေတာ့ကာ သိန္း၇၀ယူခဲ့
သိန္း၁၀၀ ေပးမယ္ တဲ့
အိပ္လို႔မရေတာ့ဘူး
အရည္အေသြးကလည္း စံခ်ိန္မီ
ခ်က္ခ်င္း သိန္း၃၀ ျမတ္မွာ
စူပါဆလြန္းမွ သိန္းအစိတ္ေလာက္ရွိတာ
ကားတစီးေတာ့ ေအးေဆး ခိုင္ၿပီေပါ့
အိုးေခ....... မနက္ျဖန္ ၈မိုင္လမ္းဆုံ ဂ်န္းရွင္းအိတ္က ေၾကးအိုးဆိုင္မွာ ဆုံမယ္ေလ
ေရာ့ ပတၱျမား ေရာ့ နဂါးပဲ တဲ့
ဆုံၿပီ။
အိတ္နဲ႔တစ္ထုပ္ခ်င္းလဲတယ္။
ကိုယ့္ကားနားေရာက္မွ
အုပ္ေရစစ္တယ္။
ရၿပီ။ ကိုယ့္လမ္းကိုယ္ျပန္ၾကစို႔ လက္ဝါးခ်င္းရိုက္ေတာ့
အနက္ေရာင္ကားႀကီးတစ္စီး ေဘးနားထိုးရပ္လာတယ္။
ညီေလးတို႔ ကားေပၚခဏတက္အုံး
ပုဆိုးၾကားက လက္ထိပ္ကို ျမင္ေအာင္ လွပ္ျပတယ္
ကားေပၚေရာက္ေတာ့ ေနာက္ခန္းမွာ အပြင့္ႀကီးႀကီးနဲ႔ ယူနီေဖာင္း၀တ္တစ္ေယာက္ ခပ္မိန္႔မိန္႔ႀကီး ထိုင္ေနတယ္။
ကဲ....... ငါ့ညီတို႔
တျခားေျပာမေနနဲ႔ေတာ့
ဒီအရြက္ေတြနဲ႔ သိကၡာနဲ႔ လဲမလား
ရွင္းရွင္းေျပာမယ္ကြာ
ဒို႔ သတင္းအတိအက် ရထားၿပီ။
ငါ့ညီတို႔ ဒီစကၠဴေတြ ထားခဲ့
ၿပီးရင္ ေနာက္ထပ္ ၁၀သိန္းစီ ထပ္ေပး
ဒီေန႔အျဖစ္အပ်က္ကို အကိုတို႔လည္း ေမ့လိုက္မယ္။
အဆင္ေျပမလား
ဆိုေတာ့ကာ.......
အင္းးးးးး ေပါ့
အရင္း သိန္း၇၀
ဘာညာေၾကး ၁၀သိန္း
ကုန္ပါေရာ
ဟိုနယ္စပ္ကဆိုတဲ့ေကာင္ေတြကိုေတာ့ လက္ထိပ္ခတ္ၿပီး ေခၚသြားတယ္။
ကဲ.......
ဒီေလာက္ဆို
ဇာတ္သိမ္းၿပီ
ၿပီးၿပီ ထင္တာလားဗ်ာ
တကယ္ေတာ့ ဟို နယ္စပ္ကအဖြဲ႕ဆိုတာ လာတာ ၂ေယာက္တည္း
ေနာက္ခံ ဘက္ဂေရာင္းက အေယာက္၂၀ေက်ာ္တယ္
ရဲျမညြန္႔တို႔လို သ႐ုပ္ေဆာင္တဲ့ရဲအတုအဖြဲ႕လည္းပါတယ္။
ပိုက္ဆံအစစ္ ၁သိန္းခြဲနဲ႔ အတု ၂သိန္း လဲတယ္ ဆိုတာ
တကယ္ေတာ့ အစစ္ ၂သိန္းကို ေပးလိုက္တာ
ႀကိဳက္သလိုစစ္
စမ္းခ်င္ရာစမ္း ေမာင္က်ဘမ္းေပါ့
အစစ္ကိုး
ေနာက္ထပ္သိန္း၁၀၀ ဆိုတာလည္း
အစစ္ျဖစ္ခ်င္ျဖစ္မယ္
တစ္အုပ္မွာ အေပၚရြက္ ေအာက္ရြက္ပဲ အစစ္ ဖုံးထားတာလဲ ျဖစ္ခ်င္ျဖစ္မယ္
ေမးပါရေစအုံး
၁သိန္းခြဲနဲ႔ ၂သိန္းလဲေပးလိုက္ေတာ့ ၅ေသာင္းနစ္နာမွာေပါ့
၅ေသာင္းက ခဏပဲ နာတာေလ
သိန္း၈၀ ျပန္ရတယ္ေလ
ကဲ... ဒါဆို ၂သိန္းယူသြားသူက ထပ္မလာပဲ ၅ေသာင္းပဲစားသြားရင္ ဘယ့္ႏွယ္လုပ္မလဲ
ခ်ဲ၁သိန္းဖိုးေပါက္တဲ့သူကအစ ၁၀၀ဖိုးေပါက္တဲ့သူအထိ
ထပ္မထိုးေတာ့ပါဘူးလို႔ ပိုင္းလိုက္တဲ့သူ ဘယ္ႏွစ္ေယာက္ ေတြ႕ဖူးလဲဗ်ာ
(က်ေနာ္က ပရိတ္သတ္ပါ။ ခံရသူက သူငယ္ခ်င္း။ ၾကားပြဲစားလုပ္သူက အသိတကၠစီသမား )
ေျပာရအုံးမယ္
ဆုမဲေတြ
ေလလံမဲေတြ
၁သိန္းခြဲရင္း ၁လေစာင့္ ၂သိန္းရ ဆိုတာေလ
ၿပီးေတာ့ သိန္း၁၀၀ရင္း ၁လေစာင့္ သိန္း၁၃၀ျပန္ရ ဆိုတာထိ


ေျပာရအုံးမယ္
၀က္ခိုးတဲ့နည္း
ငါးမၽွားခ်ိတ္ေလးကို ႀကိဳးခ်ည္
ႏွမ္းဖတ္၊ ပုဇြန္ေျခာက္၊ မၽွင္ငပိတို႔နဲ႔ အလုံးေလးလုပ္
ညဘက္ ၀က္တဲထဲသြားခ်
စားကေရာ
ငါးမၽွားခ်ိတ္က အာဂေလာင္မွာ ခ်ိတ္ၿပီ
အသာေလး ႀကိဳးဆြဲေခၚလာ႐ုံပါပဲ
မေအာ္ဘူး စိတ္ခ်
တမတ္လုံး နိုင္လြန္ႀကိဳးနဲ႔ခ်ည္ၿပီး
ဆြဲတာေတာင္ ႀကိဳးျပတ္ေအာင္႐ုန္း
တရြာလုံးၾကားေအာင္ ေအာ္တဲ့၀က္က
ပရိတ္ႀကိဳးေလာက္ ႀကိဳးအမၽွင္ေလးနဲ႔ ဆြဲေခၚလာတာ
တခ်က္မ႐ုန္း
ေအာ္လည္းမေအာ္
ေအာ္ရင္ အာဂေလာင္က စူးစူးသြားတယ္ေလ

နိုင္ငံေရး
စီးပြားေရး
လူမႈေရး
အားလုံးပဲ
ဒီသေဘာတရားေတြလို
ခ်ေကၽြးတာေတြ ရွိသဗ်
အတု အစစ္ကို
ေသခ်ာခြဲျခားၾကပါဗ်

ဒီအထိ ဖတ္လာၿပီးၿပီဆိုတဲ့မိတ္ေဆြဟာ
တကယ့္ကို ေငြေၾကးအေၾကာင္း စိတ္ဝင္တစား ေလ့လာတတ္တဲ့သူပါ။
Yeminn Aung

No comments:

Post a Comment