Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 3, 2019

ေပါင္တလည္တြင္ေက်ာင္းထိုင္ဘုန္းႀကီးတစ္ပါးက (၈)တန္းေက်ာင္းသူေလးကိုခိုးယူထြက္ေျပးမွု့မိသြားပါၿပီ



ေအာက္တိုဘာ(၂)ရက္ ၂၀၁၉ခုႏွစ္ ဥသၽွစ္ပင္

ပဲခူးတိုင္းေဒသႀကီး၊ျပည္ခရိုင္၊ပန္းေတာင္းၿမိဳ့နယ္
၂.၁၀.၂၀၁၉. (၀၂၀၃၀) နာရီအခ်ိန္ခန္႔တြင္ ဥသၽွစ္ပင္
နယ္ေျမတာဝန္ခံ စရဖ ေက်ာ္မင္းထြန္း၊နယ္ေျမခံရဲစခန္းမွ စခန္းမွူးရဲအုပ္သန္းလွႏွင့္အဖြဲ႕မ်ားေက်ာက္ဖူးေက်းရႊာအုပ္ခ်ဳပ္ေရးတို့ ပူးေပါင္း၍ခိုးယူထြက္ေျပးသြားေသာဘုန္းႀကီးအားေက်ာက္ဖူးေက်းရႊာအုပ္စု၊ဆင္လူးရႊာတြင္ဖမ္းဆီးရမိခဲ့ပါသည္၊

ဦးစိုင္းေအာင္မိုးေက်ာ္(ဘြဲ႕)ဦးအဂၢဓမၼ
ရွမ္းကန္ေတာ္ရေက်ာင္း၊အသက္(၄၀)ႏွစ္
(ဘ)ဦးဘေမာင္(အမိ)၊ေဒၚေအးနန္း
၇/ပမန(သ)၀၀၃၈၅၀ ရွမ္း/ဗမာ ပညာအရည္အခ်င္း(၄)တန္း၊
ေနာင္ခ်ိဳႀကီးေက်းရႊာ၊ညဏ္ေတာ္ရပ္၊ေနာင္ခ်ိဳၿမိဳ့ေနသူသည္

မျမတ္ဆုမြန္(ဘ)ဦးျမင့္ဦး၊(၈)တန္း
ေက်ာင္းသူ၊ေညာင္ကုန္းရႊာ၊သူေဌးအုပ္စု၊ေပါင္တလည္ေနသူအား ၊ခိုးယူထြက္ေျပးသြားသည္ဟုသတင္းအရနယ္ေျမတာဝန္ခံစရဖ၊နယ္ေျမခံရဲစခန္းမွစခန္းမွူး
ရဲအုပ္သန္းလွႏွင့္အဖြဲ႕မ်ား၊ရပ္ေက်းအုပ္ခ်ဳပ္ေရးမွူးမ်ား
ႏွင့္ေက်ာက္ဖူးေက်းရႊာအုပ္စု၊ဆင္လူးရႊာရွိဦးနိုင္ဝင္း
ေဒၚနန္းခန္႔ဝါေနအိမ္အားသြားေရာက္ရွာေဖြရာ
ဦးစိုင္းေအာင္မိုးေက်ာ္(ဘြဲ႕)ဦးအဂၢဓမၼအားေတြ႕ရွိ၍ဖမ္းဆီးရမိေၾကာင္းသတင္းရရွိပါသည္၊

ထိုသို့ခိုးယူထြက္ေျပးသြားေသာဦးစိုင္းေအာင္မိုးေက်ာ္(ဘြဲ႕)ဦးအဂၢဓမၼအား (၀၂၁၃၀)နာရီအခ်ိန္တြင္ ဥသၽွစ္ပင္နယ္ေျမခံ စခန္းမွူး ရဲအုပ္သန္းလွမွ ေပါင္တလည္စခန္းမွူးရဲအုပ္ေဇာ္မင္းႏွင့္အဖြဲ႕အား လြဲေျပာင္းေပးလိုက္သည္ဟုသိရွိရပါသည္၊

ခိုးယူထြက္ေျပးသြားေသားဦးစိုင္းေအာင္မိုး(ဘြဲ႕) ဦးအဂၢဓမၼအား ေပါင္တလည္ရဲစခန္းမွပ/၃၉/၁၉ ပုဒ္မ-၃၆၃ ျဖင့္အမွု့ဖြင့္အေရးယူ ထားေၾကာင္းသတင္းရရွိပါသည္။

လွေဌး(အမိေျမ)ဥသၽွစ္ပင္






....
"ပေါင်တလည်တွင်ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက
(၈)တန်းကျောင်းသူလေးကိုခိုးယူထွက်ပြေးမှု့မိသွားပါပြီ

အောက်တိုဘာ(၂)ရက် ၂၀၁၉ခုနှစ် ဥသျှစ်ပင်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်
၂.၁၀.၂၀၁၉. (၀၂၀၃၀) နာရီအချိန်ခန့်တွင် ဥသျှစ်ပင်
နယ်မြေတာဝန်ခံ စရဖ ကျော်မင်းထွန်း၊နယ်မြေခံရဲစခန်းမှ စခန်းမှူးရဲအုပ်သန်းလှနှင့်အဖွဲ့များကျောက်ဖူးကျေးရွှာအုပ်ချုပ်ရေးတို့ ပူးပေါင်း၍ခိုးယူထွက်ပြေးသွားသောဘုန်းကြီးအားကျောက်ဖူးကျေးရွှာအုပ်စု၊ဆင်လူးရွှာတွင်ဖမ်းဆီးရမိခဲ့ပါသည်၊

ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မ
ရှမ်းကန်တော်ရကျောင်း၊အသက်(၄၀)နှစ်
(ဘ)ဦးဘမောင်(အမိ)၊ဒေါ်အေးနန်း
၇/ပမန(သ)၀၀၃၈၅၀ ရှမ်း/ဗမာ ပညာအရည်အချင်း(၄)တန်း၊
နောင်ချိုကြီးကျေးရွှာ၊ညဏ်တော်ရပ်၊နောင်ချိုမြို့နေသူသည်

မမြတ်ဆုမွန်(ဘ)ဦးမြင့်ဦး၊(၈)တန်း
ကျောင်းသူ၊ညောင်ကုန်းရွှာ၊သူဌေးအုပ်စု၊ပေါင်တလည်နေသူအား ၊ခိုးယူထွက်ပြေးသွားသည်ဟုသတင်းအရ
နယ်မြေတာဝန်ခံစရဖ၊နယ်မြေခံရဲစခန်းမှစခန်းမှူး
ရဲအုပ်သန်းလှနှင့်အဖွဲ့များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများ
နှင့်ကျောက်ဖူးကျေးရွှာအုပ်စု၊ဆင်လူးရွှာရှိဦးနိုင်ဝင်း
ဒေါ်နန်းခန့်ဝါနေအိမ်အားသွားရောက်ရှာဖွေရာ
ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မအားတွေ့ရှိ၍ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်၊

ထိုသို့ခိုးယူထွက်ပြေးသွားသောဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မအား (၀၂၁၃၀)နာရီအချိန်တွင် ဥသျှစ်ပင်နယ်မြေခံ စခန်းမှူး ရဲအုပ်သန်းလှမှ ပေါင်တလည်စခန်းမှူးရဲအုပ်ဇော်မင်းနှင့်အဖွဲ့အား လွဲပြောင်းပေးလိုက်သည်ဟုသိရှိရပါသည်၊

ခိုးယူထွက်ပြေးသွားသေားဦးစိုင်းအောင်မိုး(ဘွဲ့) ဦးအဂ္ဂဓမ္မအား ပေါင်တလည်ရဲစခန်းမှပ/၃၉/၁၉ ပုဒ်မ-၃၆၃ ဖြင့်အမှု့ဖွင့်အရေးယူ ထားကြောင်းသတင်းရရှိပါသည်။

လှဌေး(အမိမြေ)ဥသျှစ်ပင်

No comments:

Post a Comment