Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2019

ရည်းစားဖြစ်သူမှ ဖုန်းမကိုင်လို့ အိမ်ထဲဝင်ပြီးပါးရိုက်ခံရတဲ့အပြင် တရားစွဲခံရတော့မယ် ကောင်မလေးရဲ့အဖြစ်


ရည်းစားဖြစ်သူမှ ဖုန်းမကိုင်လို့ အိမ်ထဲဝင်ပြီးပါးရိုက်ခံရတဲ့အပြင် တရားစွဲခံရတော့မယ် ကောင်မလေးရဲ့အဖြစ်
မနေ့နေ့လယ်၁နာရီခွဲလောက်က အိမ်မှာဘယ်သူမှမရှိတုန်းအိမ်ထဲခိုးဝင်တယ်။ကိုယ်လဲရောက်လာရော အတင်ဆွဲခေါ်ပီး မနက်ကph silentလုပ်ထားတုန်းသူphခေါ်တာကိုမကိုင်လို့ဆိုပီး ဆွဲလှဲပီးပါးရိုက်တော့ ကိုယ်ကပြန်ပြောတယ်
(နင်ငါ့ကိုအသားနာအောင်လုပ်တာများနေပီ အဲ့တော့ငါနင်နဲ့ဆက်မတွဲနိုင်တော့ဘူး ငါခွင့်မလွှတ်နိုင်တော့ဘူး နင့်မိဘ‌တွေလဲ နင့်ကြောင့်စိတ်ဆင်းရဲရလိမ့်မယ်) လို့ပြောတော့။

(နင့်စောက်ပေါက်ပိတ်ထား) လို့အော်ပီး ပါးတေချည်းလိမ့်ပိတ်ရိုက် လက်သီးတေနဲ့ထိုး ပတ်ဝန်းကျင်ကြားအောင် အော်မယ်လုပ်တော့ ဆံပင်ကနေဆွဲပီး အိမ်နောက်ထိ ဒရော့တိုက်တွဲသွားပီး လည်ပင်းကနေတက်ခွတယ် နောက်ပီး ပါးစပ်ထဲကို ပုံမှာပြထားတဲ့ပုဆိုးနဲ့ဆို့ပီး နှာခေါင်းရော ပါးစပ်ပါပိတ်ထားတဲ့အပြင် လည်ပင်းပါအသေညစ်ထားတာ အသက်ကမရှုနိုင်တော့ဘူး အလူးအလဲဖြစ်နေပီ သူလွှတ်များလွှတ်လိုက်မလားဆိုပီး နီးစပ်ရာဖြစ်တဲ့သူ့လက်‌ချောင်းကိုဖမ်းကိုက်လိုက်တယ်
ဘေးအိမ်ကဦလေးကြီးက မနေနိုင်တော့လို့ အပေါက်သေးသေးလေးက လှမ်းချောင်းတဲ့အချိန်ကျမှ တစိမ်းလူမှန်းသိလို့ လမ်းထဲကလူတေစုပီးအတင်းသောင်းကျန်းပီး တံခါးအတင်းဖွင့်ခိုင်းမှ ပြေးမလွှတ်တော့မှန်းသိလို့ ငိုယိုပီး (သဲလေးရယ်ကယ်ပါအုံး ကိုကိုမလုပ်ပါဘူးလို့ပြောပေးပါ)ဆိုပီးကူပြောခိုင်းတာ

အာ့နဲ့ ရပ်ကွက်ဘူကြီးတေရောက်လာတော့ သူ့ကိုဝိုင်းရိုက်မယ်လုပ်တာ ကိုယ်ထိုင်နေတဲ့ဆီကိုပြေးလာပီး (သဲလေးရေ ကယ်ပါအုံး မရိုက်ကြပါနဲ့လို့ ကူပြော‌ပေးပါအုံး)ဆိုပီးထပ်ပြောခိုင်းတာ လူတေဝိုင်းရိုက်ခါနီးကျမှ ‌ခြေသလုံးဖက်ပီးခေါင်းကို ကိုယ့်ဆီအပ်ထားတာ ကိုယ်ကပဲ သနားပီး (မရိုက်ကြပါနဲ့ဦးလေးတို့ရယ် ဒီအတိုင်းပဲ ဖမ်းခေါ်သွားကြပါ)လို့ပြောမှ အေးအေးဆေးဆေး ခေါ်သွားပေးတာ

အဲ့ဒါရုံးရောက်တော့လဲ ကိုယ်ကစပီးကိုက်လို့ သူကရိုက်ပါတယ်ဆိုပီး ကလိမ်ကျတယ် စခန်းမူးနဲ့ ရဲတေအားလုံးကိုလဲ ငွေလိုက်ထိုးပီး အမူမဖွင့်အောင် အမျိုးမျိုးလိုက်တားတယ် သူ့သားလက်ကလေးကို ကိုက်လိုက်လို့ပြန်ပီး အမူဖွင့်အုံးမယ်ဆိုပဲ ရဲတေကလဲ စားထားသောက်ထားရတော့ တရားလိုကတောင် ပြန်အဟောက်ခံနေရတဲ့ ဘဝမျိုးပါ အဲ့ဒါအခု ကိုယ်ကလဲမတရားခံရတယ် သူတို့ဘက်ကလဲ ကိုယ့်အမှားကိုယ်မမြင်ကြပဲနဲ့ ပူးပေါင်းကြံစည်ကြတယ်။တရားဥပဒေစိုးမိုးမှုရှိပါစေ…

တစ်ထောင့်တနေရာကနေ အကူညီလေးဖြစ်အောင်ဝိုင်း shareပေးကြပါနော်။TU မှော်ဘီက friတေ အဓိကကူညီပီး share ပေးစေချင်ပါတယ်ရှင့်







No comments:

Post a Comment