Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 3, 2019

မိုးကျရွှေကိုယ်တင် မဟုတ်ဘူး ကတော်တွေပါ ဗိုလ်ကျအနိုင်ကျင့် နေပါပြီ


ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးရွှေသန်း(မိုးကျ)ကတော် ဒေါ်ဖြူဖြူခိုင် ရဲဒုတပ်ကြပ်တစ်ဦး၏ ဇနီးအား လက်သီးစွမ်း ပြခဲ့သည့်အတွက် မျက်နှာတွင် ဒဏ်ရာ ရရှိခဲ့မှုဖြစ်စဉ် အား ပြည်ထဲရေး ဝန်ကြီးနှင့်ရဲချုပ်သိရှိနိုင်ရေးအတွက် တင်ပြခြင်း(၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အခမ်း အနား ကျင်းပနိုင်ရေး အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်းအတွင်း ယနေ – နံနက် ၃ နာရီအချိန်က ထမင်းချက် ဟင်းချက် ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးရဲမေများမှ ဝိုင်းဝန်းလုပ်ကိုင်နေကြစဉ် အချိန်အတွင်း နောက်ကျပီးမှ ရောက်လာခဲ့သည့်အတွက်ဟုဆိုကာရဲဒုတက ခင်သန်းမောင်ရဲ့ ဇနီး ဖြစ်သူ ရဲမေမခင်ဝင်းအား ဒုရဲမှူးကြီး ရွှေသန်း၏ ကတော် ဖြစ်သူဒေါ်ဖြူဖြူခိုင် မှ ဝိုင်းဝန်း ချက်ပြုတ် လုပ်ကိုင်နေကြသည့် ရဲမေအများ ရှေ့တွင် လက်သီး ဖြင့် ထိုးကာ ပါးရိုက်ခဲ့သည့် အတွက်မခင်ခင်ဝင်း၏ ဝဲဘက်ပါးပြင်ပေါ်တွင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ပါတယ်။

ထိုကဲ့သို့ အထက်လူကြီး ကတော်ဖြစ်သူမှ လူအများ ရှေ့မှောက်တွင် ကိုယ်ထိလက်ရောက် ထိုးကြိတ်ပါး ရိုက်ခံခဲ့ရမှု အား အမှုဖွင့်လှစ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်လှစ်ပေးခြင်း မရှိကြောင်းလည်း သိရှိရပါတယ်။ အထက်လူကြီး မိန်းမဖြစ်သူ က လက်အောက်ငယ်သားတပ်ဖွဲ့ဝင် ဇနီးကို ဒီလိုမျိုး ကိုယ်ထိ လက်ရောက် ထိုးကြိတ် ရိုက်နှက် စော်ကားပြုခွင့် ရှိနေပါသလား။

ထိုကဲ့သို့ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတစ်ခုပြုလုပ်ကျင်းပနိုင်ရေး အတွက် ရဲဝန်ထမ်း မိသားစုများ ဝိုင်းဝန်းချက်ပြုတ်ပြင်ဆင် လုပ်ကိုင်နေစဉ်အတွင်း နောက်ကျမှ ရောက်လာခဲ့သည့် အကြောင်းပြချက်ဖြင့် လူအများရှေ့မှောက်တွင်မိမိလက်အောက် ငယ်သား ဝန်ထမ်း တစ်ဦး၏ ဇနီးဖြစ်သူ အား အထက်လူကြီး၏ ကတော် တစ်ဦးဖြစ်သူက ကိုယ်ထိ လက်ရောက် အနိုင်ကျင့်စော်ကားခဲ့မှုအား ပြည်ထဲရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သိရှိပီး လိုအပ်သလို စစ်ဆေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ထိခိုက် နစ်နာခဲ့ရသော ကာယကံရှင် အမျိုးသမီးဖြစ်သူအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ရရှိနိုင်ရေး ဓါတ်ပုံ အထောက်အထား မှတ်တမ်းများဖြင့် တင်ပြပေးလိုက်ရပါတယ်။

ယခုဖော်ပြအားသတင်း https://www.everytimestory.com/local-new/58769/ သတင်းဆိုဒ်မှာ ကူးယူဖော်ပြပေးပါသည်

No comments:

Post a Comment