Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 18, 2019

ယေန႔တိုင္ ထိန္းသိမ္းထားဆဲျဖစ္တဲ႔ ပင္လံုစာခ်ဳပ္ ခ်ဳပ္ဆိုစဥ္က ဗိုလ္ခ်ဳပ္စီးခဲ႔ေသာ ခ်က္ပလက္ကားၾကီး


ရွမ္းျပည္နယ္ လြိဳင္လင္ၿမိဳ႕ အမွတ္(၁)ရပ္ကြက္ သီတာလမ္း ရွိ ေဂၚရခါး လူမ်ိဳး ေဒၚမီး နား အိမ္ တြင္ ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ ေသာ အဖြဲ႕အား လြိဳင္လင္ၿမိဳ႕မွ ပင္လုံၿမိဳ႕သို႔ လိုက္လံ ပို႔ေဆာင္ ေပးေသာ ခ်က္ပလက္ကားကို ယေန႔တိုင္ အမွတ္တရအျဖစ္ ထိန္းသိမ္းထားဆဲ ျဖစ္ေၾကာင္း သိရ သည္။

ပင္လုံစာခ်ဳပ္ျဖင့္ တိုင္းရင္းသား အားလုံး ၿဗိတိသွ်အုပ္ခ်ဳပ္မႈေအာက္ မွ အတူတကြ ျပန္လည္ လြတ္ေျမာက္ခဲ့ျခင္း ျဖစ္ၿပီး တိုင္းရင္းသားအားလုံး၏ အနာဂတ္အေရးႏွင့္ ပတ္သက္၍ အျမင္ခ်င္း ႏွီးေႏွာဖလွယ္ခြင့္ႏွင့္ လြတ္လပ္ ေရးရရန္ လမ္းစပြင့္ခဲ့ေသာ ပထမပင္လုံအစည္းအေဝးကို ၁၉၄၆ ခုႏွစ္ မတ္ ၂၆ ရက္မွ ၂၈ ရက္ထိ က်င္းပခဲ့ၿပီး ေတာင္တန္းႏွင့္ ျပည္မ ပူးေပါင္း၍ လြတ္လပ္ေရးရယူမည္ ျဖစ္ေၾကာင္း သက္ေသျပသည့္ သမိုင္းဝင္ ပင္လုံစာခ်ဳပ္ကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ တိုင္းရင္းသား ကိုယ္စားလွယ္ ၂၃ ဦးတို႔က ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၂ ရက္(ဗုဒၶဟူး ေန႔)နံနက္ ၁ဝ နာရီက ေအာင္ျမင္စြာ လက္မွတ္ေရးထိုး ခ်ဳပ္ဆိုႏိုင္ခဲ့ရာ အဆိုပါ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုရန္ အသြားတြင္ ေဒၚမီးနား၏ ဖခင္ ဦးကံခ်ားက ၎ကိုယ္ပိုင္ ခ်က္ပလက္ ခ/၈၂၁၇ ျဖင့္ ပို႔ေဆာင္ခဲ့ ေသာ ယာဥ္ ျဖစ္ေသာေၾကာင့္ ယေန႔တိုင္ထိန္း သိမ္းထားျခင္းျဖစ္သည္ဟု ဆိုသည္။




”ဟိုးလြန္ခဲ့တဲ့ ၆၈ ႏွစ္က ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ လြိဳင္လင္ကေန ပင္လုံၿမိဳ႕ကို ဗိုလ္ခ်ဳပ္နဲ႔ သူ႔အဖြဲ႕ေတြ အသြားမွာ ေဖေဖက သူ႔ကားနဲ႔ လိုက္ ပို႔ခဲ့တာ ပါ။ ေဖေဖမရွိေတာ့ေပမယ့္ သမိုင္းဝင္အမွတ္တရျဖစ္တဲ့အတြက္ ဒီကားကို မေရာင္းဘူး။ ဆက္လက္ ထိန္းသိမ္းသြားမွာပါ” ဟု ယခုအခါ အသက္ ၅ဝ ေက်ာ္ အ႐ြယ္ရွိၿပီျဖစ္သည့္ သမီး ျဖစ္သူ ေဒၚမီးနားက ေျပာသည္။

သမိုင္းဝင္ ပင္လုံညီလာခံႀကီးကို (ဒုတိယအႀကိမ္) ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၃ ရက္မွ ၁၃ ရက္အထိ ပင္လုံၿမိဳ႕၏ အေနာက္ေတာင္ဘက္ (စေနေထာင့္)၌ က်င္းပခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ ပင္လုံညီလာခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ေသာဘုရင္ခံ အမႈေဆာင္ဝန္ႀကီးမ်ား၊ နယ္ျခားေဒသ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အရာရွိမ်ား၊ ျမန္မာျပည္ ႏိုင္ငံေရး အဖြဲ႕အသီးသီးမွ ကိုယ္စားလွယ္မ်ား၊ သတင္းစာ ဆရာမ်ား၊ ႏိုင္ငံျခား သံကိုယ္စားလွယ္ ေကာင္စစ္ဝန္မ်ား၊ ျမန္မာျပည္၌ ထင္ရွား ေက်ာ္ၾကားခဲ့ေသာ ထိပ္သီး ပုဂၢိဳလ္မ်ား၊ ရွမ္းေစာ္ဘြားကိုယ္စားလွယ္မ်ားႏွင့္ လူထု ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား ကိုယ္စားလွယ္ ၂၃ ဦးတို႔ က ျပည္မႏွင့္ ေတာင္တန္း ပူးေပါင္း၍ လြတ္လပ္ ေရးရယူရန္ လက္မွတ္ေရးထိုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
moi.gov

Unicode

ရှမ်းပြည်နယ် လွိုင်လင်မြို့ အမှတ်(၁)ရပ်ကွက် သီတာလမ်း ရှိ ဂေါ်ရခါး လူမျိုး ဒေါ်မီး နား အိမ် တွင် ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော အဖွဲ့အား လွိုင်လင်မြို့မှ ပင်လုံမြို့သို့ လိုက်လံ ပို့ဆောင် ပေးသော ချက်ပလက်ကားကို ယနေ့တိုင် အမှတ်တရအဖြစ် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရ သည်။

ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသား အားလုံး ဗြိတိသျှအုပ်ချုပ်မှုအောက် မှ အတူတကွ ပြန်လည် လွတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသားအားလုံး၏ အနာဂတ်အရေးနှင့် ပတ်သက်၍ အမြင်ချင်း နှီးနှောဖလှယ်ခွင့်နှင့် လွတ်လပ် ရေးရရန် လမ်းစပွင့်ခဲ့သော ပထမပင်လုံအစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့ပြီး တောင်တန်းနှင့် ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးရယူမည် ဖြစ်ကြောင်း သက်သေပြသည့် သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်(ဗုဒ္ဓဟူး နေ့)နံနက် ၁ဝ နာရီက အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ရာ အဆိုပါ ပင်လုံစာချုပ် ချုပ်ဆိုရန် အသွားတွင် ဒေါ်မီးနား၏ ဖခင် ဦးကံချားက ၎င်းကိုယ်ပိုင် ချက်ပလက် ခ/၈၂၁၇ ဖြင့် ပို့ဆောင်ခဲ့ သော ယာဉ် ဖြစ်သောကြောင့် ယနေ့တိုင်ထိန်း သိမ်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

”ဟိုးလွန်ခဲ့တဲ့ ၆၈ နှစ်က ပင်လုံစာချုပ်ချုပ်ဆိုဖို့ လွိုင်လင်ကနေ ပင်လုံမြို့ကို ဗိုလ်ချုပ်နဲ့ သူ့အဖွဲ့တွေ အသွားမှာ ဖေဖေက သူ့ကားနဲ့ လိုက် ပို့ခဲ့တာ ပါ။ ဖေဖေမရှိတော့ပေမယ့် သမိုင်းဝင်အမှတ်တရဖြစ်တဲ့အတွက် ဒီကားကို မရောင်းဘူး။ ဆက်လက် ထိန်းသိမ်းသွားမှာပါ” ဟု ယခုအခါ အသက် ၅ဝ ကျော် အရွယ်ရှိပြီဖြစ်သည့် သမီး ဖြစ်သူ ဒေါ်မီးနားက ပြောသည်။

သမိုင်းဝင် ပင်လုံညီလာခံကြီးကို (ဒုတိယအကြိမ်) ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၁၃ ရက်အထိ ပင်လုံမြို့၏ အနောက်တောင်ဘက် (စနေထောင့်)၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောဘုရင်ခံ အမှုဆောင်ဝန်ကြီးများ၊ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများ၊ မြန်မာပြည် နိုင်ငံရေး အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာ ဆရာများ၊ နိုင်ငံခြား သံကိုယ်စားလှယ် ကောင်စစ်ဝန်များ၊ မြန်မာပြည်၌ ထင်ရှား ကျော်ကြားခဲ့သော ထိပ်သီး ပုဂ္ဂိုလ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထု ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့ က ပြည်မနှင့် တောင်တန်း ပူးပေါင်း၍ လွတ်လပ် ရေးရယူရန် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

moi.gov

No comments:

Post a Comment