CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, October 18, 2019
နတ္ျပည္က ေပးတဲ့ ရတနာသစ္ပင္ (သစ္ပင္စုိက္မယ္ဆုိ ဒီအပင္ကုိ ဦးစားေပး စုိက္သင့္ပါတယ္)
နတ္ျပည္က ေပးတဲ့ ရတနာသစ္ပင္ (သစ္ပင္စုိက္မယ္ဆုိ ဒီအပင္ကုိ ဦးစားေပး စုိက္သင့္ပါတယ္)
ေျမေအာက္ေရ စုပ္ယူမႈမ်ားတ့ဲ မေလးရွားပိေတာက္ တို႕ ယူကလစ္ပင္တို႕ စိုက္မယ့္အစား ဒီအပင္ကိုစိုက္သင့္တယ္။
Tropical Treasures မဂၢဇင္းရဲ႕ ၂၀၀၉ ခုႏွစ္တုန္းက ၫႊန္းထားတဲ့ အပင္ေနာင္ႏွစ္ ေနာင္ႏွစ္ေတြမွာ ဒီေလာက္မပူရေအာင္ အခုကတည္းက ႀကိဳတင္ျပင္ဆင္သင့္ၿပီ။
အခုေျပာမယ့္အပင္က သခြပ္နီပင္လုိ႔ပဲ ကင္ပြန္းတပ္လုိက္ၾကပါစုိ႔။ ဒီအပင္ရဲ႕ သိပၸံအမည္ကေတာ့ Muntingia calabura လို႔ေခၚၿပီး မ်ဳိးရင္းကေတာ့ Muntingiaceae ပါ။ ထုိင္းႏုိင္ငံမွာေတာ့ သခြပ္လုိ႔ေခၚပါတယ္။
ျမန္မာျပည္မွာ သၾကားသီးပင္ လုိ႔လည္းေခၚေလ့ရွိပါတယ္။ အသီးက ခ်ဳိအီအီအရသာရွိပါတယ္။ ဂ်ေမကန္ခ်ယ္ရီ၊ စကၤာပူခ်ယ္ရီ၊ ပနားမားဘယ္ရီ စသည္ျဖင့္ လည္း ေခၚၾကၿပီး အထြားျမန္၊ အရိပ္ရအပင္ျဖစ္ကာ ၂ ႏွစ္အတြင္း ၁၀ မွ ၂၀ ေပခန္႔ျမင့္ၿပီး အျမင့္ဆုံး ေပ ၂၀ မွ ၄၀ အထိ ရွိႏိုင္တဲ့ အပင္တစ္မ်ဳိးျဖစ္ပါတယ္။
အသီးကို စားလို႔ရၿပီး အရြက္ကို လက္ဘက္ေျခာက္လုပ္လုိ႔ရတယ္။ အပြင့္ကို ပဋိဇီ၀ေဆးေဖာ္ရာမွာသံုးတယ္။ ဝမ္းဗုိက္ ထဲမွာ ထိုးေအာင့္တတ္တဲ့ ေရာဂါကိုကုသဖို႔နဲ႔ အပုပ္ႏုိင္ေဆး၊ ပိုးသတ္ေဆးအျဖစ္သံုးတယ္။
ငွက္ေတြက အသီးက ႀကိဳက္တတ္လို႔ ဥယ်ာဥ္ေတြမွာ စိုက္ၾကပါတယ္။ အိမ္ၿခံေတြနဲ႔ လမ္းေဘး၀ဲယာတေလွ်ာက္မွာလည္း အရိပ္ရပင္အျဖစ္ စိုက္ၾကတယ္။
အေခါက္ကို ေလွ်ာ္ႀကိဳးအေနနဲ႔ အသုံးျပဳလုိ႔ရၿပီး အသားကို သစ္မာအေနနဲ႔ သံုးႏိုင္ပါတယ္။ ထင္းအျဖစ္လည္း သုံးၾက ပါတယ္။ စြယ္စံုရတယ္လို႔ ေျပာရပါမယ္။
“အပင္ရဲ႕ဂုဏ္သတၱိေတြ”
ေျမဆီညံ့တဲ့ေနရာမွာ စိုက္ပ်ဳိးလို႔ျဖစ္တယ္။ PH နည္းလြန္း၊ မ်ားလြန္းတဲ့ေနရာေတြမွာေတာင္ စိုက္လို႔ျဖစ္တယ္။ အငံဓါတ္ ရွိတဲ့ေျမမွာလည္းေပါက္ႏုိင္တယ္။
အျမစ္ရွည္ၿပီး ျမစ္ဖုေတြပါကာ ပဲမ်ဳိးရင္း၀င္ေတြလို ႏိုက္ထရိုဂ်င္ဖမ္းေပးတဲ့ ႐ိုင္ဇိုဘီယမ္ ေတြရွိတာေၾကာင့္ ႏိုက္ထ႐ိုဂ်င္နည္းတဲ့ တနည္း ေျမဆီည့ံေဒသေတြမွာေတာင္ အေလ့က်အပင္အျဖစ္ ရွင္သန္ႏိုင္တယ္။ေနာက္ၿပီး သူ႔ဆီက ေႂကြက်တဲ့ အသီးေတြကို ငါးေတြ အလြန္ႀကဳိက္တယ္။ ျမစ္ကမ္းနံေဘးမွာစိုက္ၿပီး ငါးမွ်ားၾကတယ္ဆိုပဲ။
ဒါ့အျပင္ ငါးေတြအတြက္ အဟာရဓာတ္ျဖစ္ဖုိ႔ သူ႔ဆီက အရြက္၊ အသီးေတြမွာပါတာမို႔ ငါးေမြးကန္ေဘး ပတ္ပတ္လည္မွာ စိုက္ ထားသင့္တယ္။
သူ႔ဆီက ေႂကြက်တဲ့ အရြက္ေတြကလည္း ေျမဆီႂကြယ္၀ေစၿပီး ၀ါးရြက္ေျမေဆြးေတြမွာ ေတြ႕ရတတ္တဲ့ မိႈတစ္မ်ဳိး တနည္း ဒိုခ်က္ကင္ မိႈလိုမ်ဳိး အက်ဳိးျပဳမိႈေတြက ဒီ အပင္ရဲ႕ အရြက္ေတြကို သဘာ၀နည္းနဲ႔ ေဆြးေစလုိ႔ ေျမၾသဇာ ေကာင္းမြန္ေစပါ တယ္။
ျမန္မာႏုိင္ငံရဲ႕ လမ္းေဘး၀ဲယာေတြမွာ မေလးရွားပိေတာက္ဆုိတာကုိ စုိက္မယ့္အစား ဒီ သခြပ္နီပင္ကုိ စုိက္ဖုိ႔ အႀကံျပဳခ်င္ ပါ တယ္။ မေလးရွားပိေတာက္ပင္ေတြထက္ ဒီ သခြပ္နီပင္ေတြက ငွက္နဲ႔ အျခားတိရိစၧာန္ေတြအတြက္၊ သဘာ၀ ပတ္၀န္းက်င္ စိမ္းလန္းေရးအတြက္၊ ေဂဟစနစ္တုိးတက္ျဖစ္ထြန္းေရးအတြက္ ပုိၿပီးအက်ဳိးရွိလိမ့္မယ္လုိ႔ ယူဆမိပါတယ္။ အရိပ္လုိအပ္တဲ့ ေကာ္ဖီၿခံနဲ႔ သစ္ေမႊးၿခံေတြမွာလည္း ဒီ သခြပ္နီပင္ကုိ အရိပ္ရပင္အျဖစ္ စမ္းသပ္စုိက္ပ်ဳိးၾကည့္သင့္ပါတယ္။
Unicode
နတ်ပြည်က ပေးတဲ့ ရတနာသစ်ပင် (သစ်ပင်စိုက်မယ်ဆို ဒီအပင်ကို ဦးစားပေး စိုက်သင့်ပါတယ်)
မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား ဒီအပင်ကိုစိုက်သင့်တယ်။
Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင်နောင်နှစ် နောင်နှစ်တွေမှာ ဒီလောက်မပူရအောင် အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီ။
အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။ အသီးက ချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက် ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။ ငှက်တွေက အသီးက ကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။
အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြ ပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။
“အပင်ရဲ့ဂုဏ်သတ္တိတွေ”
မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။ အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်းဝင်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး ပတ်ပတ်လည်မှာ စိုက် ထားသင့်တယ်။
သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာဝနည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။
မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင် ပါ တယ်။ မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာ၀ ပတ်ဝန်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။ အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။
Zin Min Latt
နတ္ျပည္က ေပးတဲ့ ရတနာသစ္ပင္ (သစ္ပင္စုိက္မယ္ဆုိ ဒီအပင္ကုိ ဦးစားေပး စုိက္သင့္ပါတယ္)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 18, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 18, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment