Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 10, 2019

ဂ်ာမဏီနိုင္ငံမွ အသံုးဝင္ သဘာဝေဆး

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး
By  သတင်းစုံပျော်ဝင်အိုးကြီး  September 10, 2019  Myanmar Herbal

ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။

ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။

အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။

အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊

အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။

သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့

ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။

သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။

ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။

ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစောတွင် သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။

မသောက်မှီ ပုလင်း၊ ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။

အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
Morning News
ပိတ္ဆို႔ေနေသာ ေသြးလြတ္ေၾကာမ်ား၊ ေသြးအတြင္းရွိ အဆီမ်ား၊ အသက္ရႈလမ္းေၾကာင္း ကူးစက္ေရာဂါမ်ားႏွင္႔ အေအးမိျခင္း တို႔ကုိ ေပ်ာက္ကင္းသက္သာေစရန္ေစရန္ အတြက္ သဘာဝ အသီးအႏွံမ်ားကုိ အသံုးျပဳ၍ ေသာက္သံုးျခင္း ျဖစ္ပါတယ္။

ယင္းနည္းကုိ ဂ်ာမဏီနိုင္ငံတြင္ လက္ခံသံုးစြဲၾကတယ္လို႔ ဆိုပါတယ္။ မိမိ အနီးနားတြင္ရွိေသာ ေန႔စဥ္ထိေတြ႔ေနရသည္႔ အစားအေသာက္ ၃မ်ိဳးကုိ ေရာစပ္လိုက္ျခင္းျဖင္႔ က်န္းမာေရးအတြက္ အလြန္တန္ဖိုးရွိတဲ႔ အရာျဖစ္လာပါတယ္။

အဲဒီေဖ်ာ္ရည္မွာ လူအမ်ားသိထားၿပီးျဖစ္တဲ႔ သံပရိုသီး၊ ခ်င္း(ဂ်င္း)၊ ၾကက္သြန္ျဖဴ ႏွင္႔ ေရ တို႔ပဲျဖစ္ပါတယ္။ ဒီသဘာဝ ေဆးေဖ်ာ္ရည္ကုိ ေသာက္သံုးျခင္းျဖင္႔ ရရွိနိုင္တဲ႔ အက်ိဳးေက်းဇူးမ်ားကေတာ႔ ထူးျခား စံုလင္ မ်ားျပားလွပါတယ္။

အထူးအေလးေပး သံုးစြဲနိုင္တာကေတာ႔ ေသြးလြတ္ေၾကာမ်ား ဆို႔ပိတ္ျခင္းကုိ ကာကြယ္ျခင္းႏွင္႔ ကုသျခင္း တို႔မွာအသံုးျပဳနိုင္သည္။ ထို႔ျပင္ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာကူးဆက္မႈ မ်ားႏွင္႔ အေအးပတ္ျခင္းမ်ားကို ကုသျခင္းႏွင္႔ ကာကြယ္ေပးနိုင္ျခင္း၊ ကုိယ္ခံစြမ္းအားစနစ္ကုိ တိုးတက္ေကာင္းမြန္ေစျခင္း၊

အသဲႏွင္႔ အသဲအင္ဇိုင္းမ်ား တိုးတက္ေကာင္းမြန္ သန္႔ရွင္းေအာင္ျပဳလုပ္ေပးရာတြင္ အခန္း၊က႑ တခုမွ ပါဝင္ေဆာင္ရြက္ေပးျခင္း၊ ေသြးလွည္႔ပတ္မႈ ျမွင္႔တင္ေပးနိုင္ျခင္းႏွင္႔ အေထြေထြ ပင္ပန္းႏြမ္းနယ္ျခင္းတို႔ကုိ ကာကြယ္ေပးနိုင္ပါသည္။

ေသြးလွည္႔ပတ္မႈ စနစ္ႏွင္႔ ပက္သက္ေသာ ေရာဂါမ်ား၊ ႏွလံုးႏွင္႔ ပက္သက္ေသာ ေရာဂါမ်ား ျဖစ္ပြားနိုင္ျခင္းကုိလည္း ေလွ်ာ႔ခ်ေပးနိုင္ပါသည္။
ပါဝင္ ပစၥည္းမ်ားကေတာ႔

ေရသန္႔ ၂လီတာ
သံပရိုသီး ၄လံုး အခြံႏြာရန္ မလို။
ၾကက္သြန္ျဖဴ ၄လံုး (၄မြာ မဟုတ္ပါ၊)
ခ်င္းတက္ ၄ဆင္တီမီတာခန္႔ တို႔ လိုအပ္ပါတယ္။

သံပရိုသီးကုိ ေရေဆး၍ ထက္ျခမ္းခြဲပါ။ ၾကက္သြန္ျဖဴမ်ားကုိ အခြံႏြာပါ။ ၿပီးလွ်င္ ခ်င္း၊ ၾကက္သြန္ျဖဴႏွင္႔ သံပရိုသီး အားလံုးကုိ ေမႊစက္ထဲထဲ႔၍ ေမႊပါ။

ထိုေမြထားၿပီးသား အေရာအေႏွာကုိ ဒန္အိုးတခုခုတြင္ ေရ ၂လီတာနွင္႔ အတူထဲ႔၍ ဆူလာသည္ အထိက်ိဳခ်က္ပါ။ ဆူလာသည္နွင္႔ တျပိဳင္နက္ က်ိဳခ်က္ျခင္းကုိ ရပ္တန္႔လိုက္ၿပီး အေအးခံပါ။ ၿပီးလွ်င္ အစိတ္အက်ဲ အေနေတာ္ရွိေသာ စစ္စရာတခုခုႏွင္႔ စစ္လိုက္ၿပီး ေလလံုဗူးမ်ားအတြင္း ထဲ႔သြင္းထား၍ ေရခဲေသတၱာတြင္း သိမ္းၿပီး ေသာက္သံုးနိုင္ပါတယ္။

ယင္းက်ိဳခ်က္ထားေသာ ေဖ်ာ္ရည္ကုိ ေန႔စဥ္ ၁ဖန္ခြက္(250-300ML) အစာမစားမွီ အနည္းဆံုး ၂နာရီေစာ၍ ေသာ္လည္းေကာင္း အစာအိမ္တြင္း အစာမရွိေသာအခ်ိန္ နံနက္ေစာေစာတြင္ ေသာ္လည္းေကာင္း ေသာက္သံုးနိုင္ပါသည္။

မေသာက္မွီ ပုလင္း၊ ဗူးေအာက္တြင္ အနယ္ထိုင္ေနေသာ သံပရိုႏွင္႔ ၾကက္သြန္ျဖဴမ်ားပါ ပါဝင္ေစရန္အတြက္ ေသခ်ာစြာ လႈပ္ၿပီးမွ ေသာက္သံုးပါ။

အလြယ္တကူနဲ႔ ထိေရာက္တဲ႔ေဆးမို႔ ကုိယ္တိုင္ေသာက္သံုး ေနရာကေန ျပန္လည္ ေဝငွလိုက္ရပါတယ္။
Morning News

No comments:

Post a Comment