Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2019

မြဝတီမြို့ ဘုရက်​​နောင်​လမ်းမကြီး လှိုင်​သစ်​ဖုန်းဆိုင်​​ရှေ့မှာ ​သေး​ကော့ပန်းတဲ့ ပြည်​ကြီးတရုတ်


မြဝတီမြို့ ဘုရက်​​နောင်​လမ်းမကြီး လှိုင်​သစ်​ဖုန်းဆိုင်​​ရှေ့မှာ ​သေး​ကော့ပန်းတဲ့ ပြည်​ကြီးတရုတ်

13.Sep.2019

ကရင်​ပြည်​နယ်​ မြဝတီမြို့ အမှတ်​(၄)ရပ်​ကွက်​ ဘုရင့်​​နောင်​လမ်းမကြီးနံ​ဘေးရှိ လှိုင်​သစ်​ဖုန်းဆိုင်​​ရှေ့တွင်​ ရပ်​ထား​သော Hiject ကားအနီး အရက်​မူး​နေ​သော ကိုယ်​တုံးလုံးချွတ်​ တရုတ်​နိုင်​ငံသားမှ ​သေး​ကော့ပန်းသွား​ကြောင်း လှိုင်​သစ်​ဖုန်း ဆိုင်​ပိုင်​ရှင်​၏ ​ပြောကြားမှုမှ သိရသည်​။

ဖြစ်​စဉ်​မှာ…ယ​နေ့ည ၂၀၁၉ စက်​တင်​ဘာ ၁၃ရက်​ ည(၇)နာရီအချိန်​ခန့်​က အရက်​မူး​နေ​သော တရုတ်​နိုင်​ငံသား (၃)ဦးအနက်​ ​ဖော်​ပြပါပုံတွင်​ပါရှိ​သောခန္ဓာကိုယ်​အ​ပေါ်ပိုင်း အင်္ကျီဝတ်​မထား​သော တရုတ်​နိုင်​ငံသားမှ လှိုင်​သစ်​ဖုန်းဆိုင်​​ရှေ့တည့်​တည့်​တွင်​ရပ်​ထား​သော ဟိုက်​ဂျက်​ကားအ​နောက်​နားတွင်​ မတ်​တပ်​ရပ်​ ​သေး​ကော့ပန်း​နေခြင်း ဖြစ်​သည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ လှိုင်​သစ်​ဖုန်းဆိုင်​ပိုင်​ရှင်​မှ လူအများသွားလာလျက်​ရှိသည့်​ လမ်းမ​ပေါ်တွင်​ တရုတ်​နိုင်​ငံသားမှ အမြင်​မ​တော်​ ​သေး​ကော့ပန်း​နေသဖြင့်​ ပြည်​သူအ​နေနှင့်​ဖမ်းဆီးခွင့်​မရှိ၍ သက်​ဆိုင်​ရာရဲတပ်​ဖွဲ့သို့ အ​ကြောင်းကြားရာ ရဲတပ်​ဖွဲ့ဝင်​များ​ရောက်​ရှိလာချိန်​တွင်​ ထိုတရုတ်​နိုင်​ငံသား (၃)ဦးမှာ ​နေရာတွင်​မရှိ​တော့ပဲ လမ်း​လျှောက်​ထွက်​သွား​ကြောင့်​လိုက်​လံစုံစမ်းရာ ​တွေ့ရှိရသဖြင့်​ ထို တရုတ်​နိုင်​ငံသား ၃ ဦးကို အမှတ်​(၄)ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှုးရုံးတွင်​ ​ခေတ္တထိန်းသိမ်းထား​ကြောင်း သိရသည်​။



နေ​နော်​(မြဝတီ)

No comments:

Post a Comment