Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 18, 2019

အရေးပေါ်အခြေအနေတခုခုမှာ စက်လှေကားကို ရပ်ချင်ရင်


ဒီနေ့ မထင်မှတ်ပဲ လုပ်ဖြစ်လိုက်တဲ့ အကူအညီလေးတစ်ခုပါ.
Junction city ကို ရောက်ခဲ့စဉ် စက်လှေကား မှာ အသက်နည်းနည်းကြီးပြီ ဝဝ အမျိုးသမီးတစ်ယောက်က လဲကျပါတယ်.ဝိုင်းထူဖို့ကြိုးစားရင်းနဲ့ စက်လှေကားပေါ်က အထပ်ကို ရောက်တော့မှာပါ,စက်လှေကားမှာ အန္တရာယ်အရှိဆုံးနေရာက အထပ်ကိုရောက်ပြီ လှေကားပြားတွေ ပြန်သိမ်းတဲ့အချိန်ပါ အခါမသင့်ရင် လက်တွေ ခြေတွေ ညှပ်ပါသွား နိင်ပါတယ်.

အားလုံးက ဝိုင်းထူဖို့ကြိုးစားနေတာ အဆင်မပြေတာ တွေ့တာနဲ့ ကျွန်တော်လည်း အပြေးသွားပြီ စက်လှေကားကို ပိတ်ပေးလိုက်ပါတယ်.

ဒါက ကျွန်တော်ရဲ့ ဒုတိယ အတွေ့အကြုံပါ,အရင်ကလည်း ရန်ကင်းစင်တာ စက်လှေကားမှာ ကလေးလေးတစ်ယောက် လဲကျတုန်းကလည်း စက်လှေကားကို ပိတ်ပြီ ကူညီလိုက်တာရှိခဲ့ပါတယ်.

မိတ်ဆွေတို့ကို အဓိက ပြောချင်တာက စက်လှေကားတွေရဲ့ ထိပ်မှာ အရေးပေါ် စက်ပိတ်လို့ရတဲ့ အနီရောင် ခလုပ်လေးရှိပါတယ်.

အရေးပေါ်အခြေအနေတခုခုမှာ စက်လှေကားကို ရပ်ချင်ရင် ဒီအနီရောင်ခလုပ်ကို နှိပ်ရပါတယ်.ဒါလေးကို မိတ်ဆွေတို့ကို ပြောပြချင်တာပါ.သိတဲ့သူတွေလည်း ရှိနိင်ပေ့မဲ့ မသိတဲ့သူက များပါတယ်.

နောက်စက်လှေကားရှိတဲ့နေရာရောက်ရင် မိတ်ဆွေတို့သတိထားကြည့်ပါ.ပုံမှာ ပြထားတဲ့ အနီရောင်ခလုပ်လေးကို အပေါ်အောက် ထိပ်၂ဖက်စလုံးမှာ ရှိတာကို တွေ့ရမှာပါ.

ဒါလေးကိုတော့ ဝိုင်းရှယ်ပေးစေချင်ပါတယ်.အသိပညာလေးတခုပါ.




No comments:

Post a Comment