Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 3, 2019

Justice for Victoria သက်ငယ်မုဒိန်းသားကောင်သမီးလေးဗစ်တိုးရီးယားအတွက် အဆိုတော်လင်းလင်းရဲ့ခိုင်ခိုင်မာမာရပ်တည်ချက်

Justice for Victoria သက်ငယ်မုဒိန်းသားကောင်သမီးလေးဗစ်တိုးရီးယားအတွက် အဆိုတော်လင်းလင်းရဲ့ခိုင်ခိုင်မာမာရပ်တည်ချက်
အနုပညာရှင်တစ်ဦးဖြစ်တဲ့အဆိုတော်လင်းလင်းရဲ့သက်ငယ်မုဒိန်းသားကောင်သမီးလေးဗစ်တိုးရီးယားအတွက်ရပ်တည်ချက်က ခိုင်မာလှပါတယ်။ 
...........................................
( စကားလုံးများကို ထိန်းထိန်းသိမ်းသိမ်း နဲ့ ရေးပါသည် )

အများစုစောင့်ကြည့်ချင်စရာအနေအထားနှင့် နေပြည်တော်က သက်ငယ်မုဒိန်းကိစ္စပါ။
ကာယကံရှင် သမီးလေးရဲ့အဖေဖြစ်သူနဲ့လဲ သေသေချာချာ စကားပြောဖြစ်ပါတယ်။ သေချာဆွေးနွေးဖြစ်ပါတယ်။
နေပြည်တော်ကောင်စီဥက္ကဌ ဆရာဒေါက်တာမျိုးအောင် နဲ့လဲ ယနေ့တွေ့ခွင့်တောင်းကာ ဒီသမီးလေးကိစ္စကို သေသေချာချာ ပြောဆိုဖြစ်ပါတယ်။

အဓိက,က အမှုမှန်ပေါ်ပေါက်ရေး၊ အမှုမှန်ဖြစ်ရေးပါ။
ပေါ်တဲ့အမှုကလဲ အမှန်ဖြစ်ရပါမယ်။
ကျွန်တော်နဲ့ ထရီဇာ နှစ်ယောက်လုံး ပေးတဲ့အခြေအနေကနေ အမှုမှန်ပေါ်ရေးကို ဝန်းရံပါမယ်။ သမီးလေးရဲ့ မိဘတွေနဲ့အတူ အမှုမှန်ပေါ်တဲ့အထိ အတူရပ်တည်ပါမယ်။ အတူရှိပါမယ်။ တရားခံဟာ ဘယ်လိုပုဂ္ဂိုလ်၊ မည်သည့်ပုဂ္ဂိုလ် ဖြစ်နေပါစေ။

ကျွန်တော့်ရဲ့ ဒီပိုစ့်မှာ မည်သူ့ကိုမှ သံသယနဲ့ စွပ်စွဲမထားပါ။
ဒါပေမယ့် သံသယဖြစ်စရာအချက်အလက်အားလုံးကို သေချာမှတ်သားထားပါတယ်။
အမှုမှန်အမြန်ပေါ်ပါစေ,,,

( သမီးလေးရဲ့အဖေနဲ့စကားပြောတုန်းက ကျွန်တော်သူ့မျက်နှာကို မကြည့်ဘူး။ စကားဘဲနားထောင်တယ်။ ဘာကြောင့်လဲဆိုရရင် သားသမီးတွေကြောင့်ကျတဲ့ မိဘတွေရဲ့မျက်ရည်ဟာ ပျော်ရွှင်မှုကြောင့်ဘဲ ဖြစ်စေချင်ပါတယ်။ ဝမ်းနည်းပူဆွေးမှုကြောင့်ကျတဲ့ မျက်ရည်တွေကို ကျွန်တော်မကြည့်ရက်ဘူး။ ကိုယ်ချင်းစာတရား ရှိကြပါစေ )
...........
နေပြည်တော်မှာဖြစ်တဲ့ သမီးလေး ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိန်းမှုကိစ္စ ထပ်ပြောဖို့လိုလာလို့ပါ။ ' ဘာကြောင့် ' ဆိုတဲ့ အကြောင်းရင်းလဲ ကျွန်တော့်မှာ ရှိလို့ပါ။ ဒီသမီးလေးရဲ့ သက်ငယ်မုဒိန်းအမှုကိစ္စဟာ ထင်ထားတာထက် ပိုရှုပ်ထွေးမယ့်သဘောဘဲ။ သိ မြင် ကြားသလောက် တော်တော်ရှုပ်မယ့်ပုံဘဲ။

လိုတိုရှင်းနဲ့ ပွင့်ပွင့်လင်းလင်းဘဲပြောမယ်။ ဒီသမီးလေးရဲ့ အမှုကိစ္စကို ကျွန်တော်တို့လင်မယားနှစ်ယောက်က ကိုယ့်သဘောနဲ့ကိုယ် သမီးလေးအတွက်ရပ်တည်တယ်။ သမီးလေးရဲ့ အဖေအမေ အတွက်လဲမဟုတ်ဘူး၊ သမီးလေးရဲ့ကျောင်းအတွက်လဲမဟုတ်ဘူး၊ ဘယ်ပုဂ္ဂိုလ်, ဘယ်အဖွဲ့အစည်းအတွက်မှ မဟုတ်ဘူး။ သမီးလေးတစ်ယောက်ထဲအတွက် သမီးလေးဘက်ကရပ်တည်တယ်။ ဒီလိုရပ်တည်မှုကို မမျှတဘူးထင်တဲ့လူရှိရင်ပြောချင်တယ်။ နားထောင်။
ကျွန်တော့်ရဲ့အသိမိတ်ဆွေ၊ ဆွေမျိုး ဘယ်သူနဲ့မှ မချိတ်ဆက်နဲ့။ ကြိုက်တဲ့နေရာ, ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုကျွန်တော်နဲ့ ဆွေးနွေးလို့ရတယ်။ မျက်နှာချင်းဆိုင်ကျွန်တော့်ရှေ့ကိုလာခဲ့။ ကျွန်တော်ကတော့ ကာယကံရှင်သမီးလေးရဲ့ မိသားစုကလွဲရင် ဘယ်လိုလူကိုမှ လိုက်တွေ့စရာအကြောင်းမရှိဘူး။ ကျွန်တော်ဟာ အစိုးရ ရထူးတစ်ခုကို ထမ်းဆောင်နေတဲ့လူမဟုတ်ဘူး။ C I D မဟုတ်ဘူး။ တစ်ခြား ရဲ လဲမဟုတ်ဘူး။

ထိုးသွင်းအရာနဲ့ သုတ်ပိုးတွေ့ရှိတယ်လို့သိရတဲ့ ဒီသက်ငယ်မုဒိန်းကိစ္စမှာ တာဝန်ရှိပြီးတာဝန်ပေါ့တဲ့လူတွေ၊ အမှန်ကိုသိပြီး ဝင်မပါရဲတဲ့လူတွေ , ခင်များတို့သားသမီးများဖြစ်ခဲ့ရင်၊ သားသမီးမရှိရင်လဲ ခင်များတို့မိဘ ၂ နှစ် ၁၁ လအရွယ်မှာများ ဒီလိုကြုံခဲ့ရင်ဆိုတဲ့အတွေးနဲ့ အိပ်ပျော်နိုင်ကြပါစေ။

အစကတော့ကျွန်တော်တို့က ဝန်းရံရုံသက်သက်ပါ။
အခုတော့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ထုတ်ပြန်လာမယ့် အမှုအခြေအနေ နဲ့ သတင်းကိုနားစွင့်ပါမယ်။ လိုအပ်သလို ကိုယ်ရောစိတ်ရော ရေဆုံးမြေဆုံး ဝင်ပါပါမယ်။

ဒီအမှုကို ဝင်ပါတာဟာ လက်ခုတ်သံတောင်းတာ မဟုတ်ဘူး။ လက်ခုတ်သံလိုချင်ရင် လူစည်စည်တွေမှာ ကျွန်တော်တို့လင်မယား လမ်းလိုက်လျှောက်ပြီး တွေ့သမျှလူ လိုက်ပြုံးပြလိုက်ရုံဘဲ။ ဒီခေတ်မှာ လက်ခုတ်သံလိုချင်ရင်လွယ်လွယ်လေး။

ဒီနေ့သမီးလေးမွေးနေ့
မွေးနေ့လက်ဆောင်လေး ကျွန်တော်တို့စီစဉ်ထားတယ်။
မွေးနေ့မှာ ပျော်ပါစေလို့တော့ ဆုမတောင်းပေးတော့ဘူး။

" သမီးလေး ဘဝအတွက် ဒီအရိပ်ဆိုးဟာ စစ်မှန်တဲ့ အားအင်တွေဖြစ်ပါစေ သမီးရေ "
..............
ဗစ်တိုးရီယားလေးအတွက် ဗစ်တိုရီးယားများစွာက
ဝိုင်းဝန်းကြတာပါ။
ဝိုင်းတွန်းကြတဲ့ဒီအရွှေ့ ရွေ့ကို ရွေ့ရမယ်။

၃၇၆ နဲ့အတူ ၁၀၉ နဲ့ ၁၁၄ ပုဒ်မတွေထဲမှာ
မည်သည့်ပုဂ္ဂိုလ်ပါဝင်နေပါစေ ,,,,

နောက်ဆုံးကျွန်တော်တို့ကိုယ်တိုင် ဥပဒေဘောင်အပြင်ကနေ တရားစွဲခံပြီး စည်းလွတ်ဘောင်လွတ် ပြောရမယ့်အခြေအနေကြုံလာရင်တောင် လုပ်မယ် နောက်မဆုတ်ဘူး။

ကျွန်တော့်ရဲ့ပိုစ့်တွေဟာ တာဝန်ရှိသူတွေကိုဘဲ လက်ညှိုးထိုးပါသည်။
၁၀၉ ဟာ တရားခံကို အားပေးကူညီကာကွယ်သူများ ဖြစ်ပြီး
၁၁၄ ဟာ တရားခံပြစ်မှုကျူးလွန်ချိန်မှာ အနားမှာရှိပြီး သက်သေခံပစ္စည်းများဖုံးဖယ်၍ ယခုထိ တရားခံဘက်မှ ကာကွယ်သူများဟု အကြမ်းဖျင်းသိရပါတယ်။

‘ အမှန်တရားဟာ အမြဲလိုလိုနောက်ကျတတ်ပါတယ် ‘ တဲ့,,
နောက်ကျမှာပေါ့ စခန်းတစ်ခုခုထဲမှာ ချိန်ခွင်တရမ်းရမ်းနဲ့ သူပါ rape လုပ်ခံနေရတာ နေမှာပေါ့,,,
..............
အမည်မဖော်လိုသူ ရဲတစ်ဦးက မီဒီယာတစ်ခုကို ပြောတယ်ဆိုတာ တရားဝင်ပြောတာလား? တရားမဝင်ပြောတာလား? သိချင်တာ။
အဲဒီသတင်းအမှန်ဆိုရင် ပြောစရာတစ်ခုရှိတယ်။
အမည်မဖော်လိုဘူး အမည်မဖော်ရဲဘူး ဆိုရင် ခင်များ 'ရဲ' လုပ်မနေနဲ့လေ။
ပြီးတော့ ဒီအမှုက ' မရိုးစင်းဘူး၊ မလွယ်ဘူး ' လို့ အဲဒီအမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောတယ်ဆိုတော့ လွယ်သွားအောင် ကျွန်တော်အကြံပေးကြည့်မယ်။

" မတရားလုပ်ခံလိုက်ရတဲ့ ဗစ်တိုးရီးယားလေးနေရာမှာ ခင်များ သမီးနဲ့အစားထိုးလိုက်လေ " ။
ဒါဆို အရမ်းခက်ခဲနေတဲ့ဒီအမှုဟာ အရမ်းလွယ်ကူသွားလိမ့်မယ်။

ပြီးတော့,,
ဟိုးတလောက မန္တလေးစက်မှုနားမှာ သမီးလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်သွားပြီး မေမြို့အတက်နားမှာ လူမဆန်စွာမုဒိန်းကျင့်၊ သေမလိုလုပ်ထားခဲ့တဲ့ မုဒိန်းကောင်ကို ရက်ပိုင်းအတွင်း ဖမ်းပေးတဲ့ မန္တလေးကတာဝန်ရှိရဲဝန်ထမ်းတွေနဲ့ နေရာချိန်းမလား။
အမှုလဲ လိုတာထပ်ပိုကြာနေသလို အမည်မဖော်လိုတဲ့ ရဲ တစ်ဦးကြောင့် အခြားတာဝန်ရှိ ရဲ တွေပါရောပြီး သိက္ခာကျနေတာ ရှက်စရာကြီး။

ကြိုက်တဲ့ရှေ့နေ ၊ကြိုက်တဲ့တာဝန်ရှိသူတွေနဲ့ ကြိုက်သလောက်ရက်ကိုဆွဲ။ ဒီအမှုပြီးတဲ့ထိစောင့်မယ်။

လင်းလင်း အမည်ဖော် ရေးသည်။

No comments:

Post a Comment