Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 21, 2019

တစ်ရွာလုံး မိုးတွေကြီးပြီး ရေနစ်မြုပ်နေတာတောင် ဆွမ်းလောင်းမပျက်တဲ့ ရွာ


မြန်မာနိုင်ငံရဲ့ အချို့သောနေရာဒေသတွေ မိုးတွေရေတွေကြီးပြီး ဒုက္ခတွေ့နေကြရပါတယ်။ ဒီလိုဒုက္ခတွေ့နေရတဲ့သူတွေကို လှူနေတန်းနေသူတွေကိုလည်း တွေ့မြင်ဖူးကြမှာပါနော်။ ခုဆိုရင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ တိုင်းလျှန်တို့ရွာ ( သို့မဟုတ် ) တာလောကြီးရွာ မှာလည်း မိုးတွင်းဖြစ်တာကြောင့် ရေကြီးမှုဒဏ်ကို တွေ့ကြုံခံစားနေရရှာပါတယ်။

မြန်မာဆိုတဲ့သွေးပါလာပြီဆိုရင် လှူချင်တန်းချင်တဲ့ သဒ္ဒါတရားကတော့ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပါနေစမြဲပါပဲနော်။ တာလောကြီးရွာမှာ ရှိတဲ့ရွာသူရွာသားအချို့ကတော့ မွန်မြတ်စွာနဲ့ မြန်မာတို့ကိုယ်စား သဒ္ဒါတရားဘယ်လောက်ထိ ထက်သန်လည်းဆိုတာ သက်သေပြသွားခဲ့ပါပြီ။ ရေကတော့ ဘုန်းကြီးကျောင်းရဲ့အောက်ထပ် တစ်ဝက်ထိကို မြုပ်နေတာကို ပုံပါမှာ တွေ့ရမှာပါနော်။

ဒီလိုရေကြီးတာကြောင့် သွားရေးလာရေးအတွက်လှေငယ်လေးတွေကို အသုံးပြုနေကြတာကိုလည်းတွေ့မြင်ရမှာပါနော်။ ဒီလိုရေကြီးမှုနဲ့ကြုံရတာကြောင့် ဘုန်းကြီးကျောင်းမှာ တရားအားထုတ်နေရတဲ့ ရဟန်းများ ဘယ်လိုဆွမ်းဘုန်းပေးမလည်း ဆိုပြီး တွေးပူမနေပါနဲ့။ ဘာကြောင့်လည်းဆိုတော့ တလောကြီးရွာက ရွာသားအချို့က လှေစီးပြီး ဘုန်းကြီးကျောင်းကို ကပ်ဖို့ ဆွမ်းခံပေးနေတာကို တွေ့ရမှာပါ။ ဆွမ်းလောင်းတဲ့သူတွေကလည်း ရေကြီးလို့ ဆိုပြီး ဆွမ်းမလောင်းပဲမနေပါဘူးနော်။ ရှိတာလေးကို ထည့်ကာ ဆွမ်းလောင်းကုသိုလ်ယူနေကြပါတယ်။

တစ်ရွာလုံးရေမြုပ်နေတာတောင် ဆွမ်းလောင်းမပျက်တဲ့ရွာဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ပေါ်ပေါက်လာတာပဲဖြစ်ပါတယ။် သူတို့သဒ္ဒါတရားကြောင့် ဘေးတွေ့ခြင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
အလင်းမြေ












No comments:

Post a Comment