Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 21, 2019

စကားနားမေထာင္လို႔ဆိုၿပီး သားအရင္းကို ေနပူထဲမွာ ႀကိဳးတုတ္ထားတ့ဲ မိခင္တစ္ေယာက္


( Video ဖိုင္ကို ေအာက္ဆံုးမွာ တြဲျပီး တင္ေပးထားပါတယ္ )

ခ်စ္ခင္ရေသာ စာရႈသူတုိ႔ခင္ဗ်ာ..

အခုတစ္ခါ တင္ျပေပးခ်င္တဲ့ သတင္းရုပ္သံေလးကေတာ့ ဟိုတေလာက အင္တာနက္လူမႈကြန္ရက္ေပၚမွာ ပ်ံ႕နွ႔ံခဲ့တဲ့ ကေလးငယ္ေလးကို သူ႕မိခင္က ေျပာစကားနားမေထာင္လို႔ဆိုျပီး အိမ္အျပင္ထုတ္ ၾကိဳးတုတ္ထားတဲ့ ဓာတ္ပံုေလးရဲ႕

ေနာက္ဆက္တြဲ ရုပ္သံဖိုင္ေလးပဲ ျဖစ္ပါတယ္။
ဒီရုပ္သံဖိုင္ေလးထဲမွာ ဆိုရင္ ကေလးရဲ႕မိခင္ျဖစ္သူဟာ သားျဖစ္သူကို ရိုက္နွက္ဆံုးမတာ မရေတာ့လို႔ အရွက္ေအာင္ဆိုျပီး အိမ္အျပင္ထုတ္ ၾကိဳးတုတ္ထားတာကို ေတြ႕ရပါတယ္။
ထုိ႔အတူပဲ လမ္းသြားလမ္းလာေတြက မျဖစ္သင့္တဲ့အတြက္ ေျပာဆိုမႈေတြ ရွိခဲ့ျပီး ဒါကုိ ရုပ္သံရိုက္တင္လိုက္တာ ျဖစ္ပါတယ္။ ေနာက္ဆံုးသူ႕မိခင္ဟာလည္း ကေလးကို ၾကိဳးျဖည္ေပးလိုက္တာကို ေတြ႕ျမင္နိုင္ပါတယ္။
ဒါေပမယ့္..ကေလးစိတ္ထဲက နာက်င္ျခင္း ၾကိဳးကေတာ့ သူ႕မိခင္အေပၚ ေျဖခဲ့ပါရဲ႕လားဆိုတာေတာ့..ဘယ္သူမွ မသိနုိင္ပါဘူး။

ခ်စ္ခင္ရေသာ စာရႈသူတုိ႔ခင္ဗ်ာ..

အိမ္ေထာင္တိုင္းမွာ ကေလးေတြ ရွိၾကမွာပါ။ ကေလးတိုင္းမွာလည္း စိတ္ ဆိုတာ ရွိပါတယ္။ သူတို႔အသိဥာဏ္ သူတို႔အေတြးက သူတုိ႔က ရွင္သန္ခ်င္ၾကပါတယ္။ အထူးသျဖင့္ မိဘလႊမ္းမိုးမႈ ၾကီးတဲ့ ျမန္မာနိုင္ငံလို လူ႕အသိုက္အဝန္းထဲက

ကေလးေတြဟာဆိုရင္ အင္မတန္မွကို သနားဖို႔ေကာင္းပါတယ္။ ေရခဲေခ်ာင္း စားခ်င္တဲ့ ကေလးကို မစားရဘူးဆိုတဲ့ အမိန္႔တစ္ခုနဲ႔ တားျမစ္တတ္ၾကပါတယ္။ တကယ္ေတာ့ သားေလးဒါစားရင္ ေခ်ာင္းဆိုမယ္ဆိုတဲ့ အေတြးမ်ိဳးကို ေပးသင့္

ေပမယ့္ မိဘေတြဟာ ဒါမ်ိဳးအတြက္ ပ်က္ကြက္မႈေတြလည္းရွိပါတယ္။

ဒါေၾကာင့္ ကေလးေတြကို ထိန္းေၾကာင္းတဲ့ေနရာမွာ အရာရာကို အမိန္႔ဆန္ဆန္မဟုတ္ပဲ သူတို႔ရဲ႕ စိတ္ကေလးကို နားလည္ေအာင္ ေလ့လာျပီး ထိန္းေက်ာင္းသြားနိုင္ၾကေစဖို႔အတြက္

ဒီရုပ္သံဖိုင္ေလးကို တင္ဆက္ေပးလိုက္ရပါတယ္ ခင္ဗ်ာ..

ရုပ္သံဖိုင္ၾကည့္ရန္နွိပ္ပါ


Writer-SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)
Video-သတင္းစံုမီဒီယာ

Unicode Version
( Video ဖိုင်ကို အောက်ဆုံးမှာ တွဲပြီး တင်ပေးထားပါတယ် )

ချစ်ခင်ရသော စာရှုသူတို့ခင်ဗျာ..

အခုတစ်ခါ တင်ပြပေးချင်တဲ့ သတင်းရုပ်သံလေးကတော့ ဟိုတလောက အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ကလေးငယ်လေးကို သူ့မိခင်က ပြောစကားနားမထောင်လို့ဆိုပြီး အိမ်အပြင်ထုတ် ကြိုးတုတ်ထားတဲ့ ဓာတ်ပုံလေးရဲ့

နောက်ဆက်တွဲ ရုပ်သံဖိုင်လေးပဲ ဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်လေးထဲမှာ ဆိုရင် ကလေးရဲ့မိခင်ဖြစ်သူဟာ သားဖြစ်သူကို ရိုက်နှက်ဆုံးမတာ မရတော့လို့ အရှက်အောင်ဆိုပြီး အိမ်အပြင်ထုတ် ကြိုးတုတ်ထားတာကို တွေ့ရပါတယ်။

ထို့အတူပဲ လမ်းသွားလမ်းလာတွေက မဖြစ်သင့်တဲ့အတွက် ပြောဆိုမှုတွေ ရှိခဲ့ပြီး ဒါကို ရုပ်သံရိုက်တင်လိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံးသူ့မိခင်ဟာလည်း ကလေးကို ကြိုးဖြည်ပေးလိုက်တာကို တွေ့မြင်နိုင်ပါတယ်။

ဒါပေမယ့်..ကလေးစိတ်ထဲက နာကျင်ခြင်း ကြိုးကတော့ သူ့မိခင်အပေါ် ဖြေခဲ့ပါရဲ့လားဆိုတာတော့..ဘယ်သူမှ မသိနိုင်ပါဘူး။

ချစ်ခင်ရသော စာရှုသူတို့ခင်ဗျာ..

အိမ်ထောင်တိုင်းမှာ ကလေးတွေ ရှိကြမှာပါ။ ကလေးတိုင်းမှာလည်း စိတ် ဆိုတာ ရှိပါတယ်။ သူတို့အသိဉာဏ် သူတို့အတွေးက သူတို့က ရှင်သန်ချင်ကြပါတယ်။ အထူးသဖြင့် မိဘလွှမ်းမိုးမှု ကြီးတဲ့ မြန်မာနိုင်ငံလို လူ့အသိုက်အဝန်းထဲက

ကလေးတွေဟာဆိုရင် အင်မတန်မှကို သနားဖို့ကောင်းပါတယ်။ ရေခဲချောင်း စားချင်တဲ့ ကလေးကို မစားရဘူးဆိုတဲ့ အမိန့်တစ်ခုနဲ့ တားမြစ်တတ်ကြပါတယ်။ တကယ်တော့ သားလေးဒါစားရင် ချောင်းဆိုမယ်ဆိုတဲ့ အတွေးမျိုးကို ပေးသင့်

ပေမယ့် မိဘတွေဟာ ဒါမျိုးအတွက် ပျက်ကွက်မှုတွေလည်းရှိပါတယ်။

ဒါကြောင့် ကလေးတွေကို ထိန်းကြောင်းတဲ့နေရာမှာ အရာရာကို အမိန့်ဆန်ဆန်မဟုတ်ပဲ သူတို့ရဲ့ စိတ်ကလေးကို နားလည်အောင် လေ့လာပြီး ထိန်းကျောင်းသွားနိုင်ကြစေဖို့အတွက်

ဒီရုပ်သံဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ..

ရုပ်သံဖိုင်ကြည့်ရန်နှိပ်ပါ


Writer-SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video-သတင်းစုံမီဒီယာ

No comments:

Post a Comment