Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 16, 2019

ပျောက်ဆုံးနေတဲ့ မူကြိုဆရာမလေးကို ကြိုးကွင်းစွပ်အသတ်ခံရသည့် အနေထားဖြင့် ပြန်လည်တွေ့ရှိ



အမွှာညီနောင်







Unicode Version
ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမလေးအား (၁၀)ရက်အကြာ၌ ကြိုးကွင်းစွပ် အသတ်ခံရသည့်အနေထားဖြင့် ပြန်လည်တွေ့ရှိ။

မုဒုံမြို့နယ် ကော့ခပုံကျေးရွာမှ (၆.၇.၂၀၁၉)ရက်နေ့ညနေ၌ ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမအား ( ၁၅.၇.၁၉)ရက်နေ့ ညနေ၃ နာရီချိန်ခန့်၌ ကွမ်တာကျေးရွာ ဆည်းမြောင်အနီးရှိ ချောင်းအတွင်းတွင် ဂုံနီအိတ်အပြာရောင်ဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်အတွင်း၌ ပျောက်ဆုံးနေသူအား လည်ပင်ကြိုးကွင်းစွပ်လျက် အသတ်ခံရသည့်

အနေထားဖြင့် အနီးနားပါတ်ဝန်းကျင်မှ တွေ့ရှိခဲ့၍ မုဒုံမြို့မရဲစခန်းသို့အကြောင်းကြားသောကြောင့် မုဒုံမြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ်ရာသို့သွားရောက်ပြီးမှတ်တမ်းဓာတ်ပုံများရယူခြင်း၊ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စေတနာအလင်းရောင် နာကူ အဖွဲ့တို့မှ သေဆုံးသူ၏ ရုပ်အလောင်းအားဆယ်ယူ၍ မုဒုံမြို့နယ်ဆေးရုံ ရင်ခွဲရုံးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ မုဒုံမြို့မရဲစခန်း သေမှုသေခင်းဖွင့်လျက် အသေးစိပ်စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်း သတင်းရရှိသည်။
အမွှာညီနောင်

No comments:

Post a Comment