Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 16, 2019

ဧရာဝတီဘဏ္ အငယ္တန္းစားေရးမက ဘဏ္အပ္ေငြ သိန္း(၂၁၀၀) ကို သူ႔ရည္းစားျဖစ္သူရဲ႕ ေငြစာရင္းထဲ လႊဲေျပာင္းေပးမွုျဖစ္ပြား


“ဧရာဝတီဘဏ္ အငယ္တန္းစားေရးမက ဘဏ္အပ္ေငြ သိန္း(၂၁၀၀) ကို သူ႔ရည္းစားျဖစ္သူရဲ႕ ေငြစာရင္းထဲ လႊဲေျပာင္းေပးမွုျဖစ္ပြား”

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၅ ရက္ေန႔ ၁၀၃၀ အခ်ိန္ မရမ္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္ရွိ ဧရာဝတီ ဘဏ္ခြဲ(၄၅)တာဝန္ခံ မအိသူျမင့္(၂၉)ႏွစ္သည္ ဘဏ္လုပ္ငန္းေဆာင္႐ြက္ေနစဥ္ ၎ဘဏ္မွ အငယ္တန္း စာေရး မႏွင္းဦးေဝ(၂၆)ႏွစ္မွ ေဒၚၾကင္ျမင့္(၅၅)ႏွစ္ပိုင္ဆိုင္သည့္ ေငြစာရင္းအမွတ္အားသုံးစြဲ၍ ေငြက်ပ္ ၂,၁၀၀ သိန္းအား ၎၏ရည္းစားျဖစ္သူ ၿဖိဳးေဝစိုး(၂၅)ႏွစ္၏ ေငြစာရင္းသို႔လႊဲေျပာင္းေပးခဲ့ရာ

ၿဖိဳးေဝစိုးက ေငြက်ပ္ ၂,၁၀၀ သိန္းအနက္မွ ေငြက်ပ္ ၁,၇၀၀ သိန္းအား လႈိင္သာယာၿမိဳ႕နယ္ရွိ ဧရာဝတီဘဏ္ခြဲ(၂)မွ ထုတ္ယူသြားခဲ့ေၾကာင္းေတြ႕ရွိရသျဖင့္ မႏွင္းဦးေဝႏွင့္ ၿဖိဳးေဝစိုးတို႔အား ဘုရင့္ေနာင္နယ္ေျမရဲစခန္း(ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၀၈/၁၁၄(စာေရးမွ ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈ၊ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
ျပည္ထဲေရး၀န္ႀကီးဌာန
Unicode version

“ဧရာဝတီဘဏ် အငယ်တန်းစားရေးမက ဘဏ်အပ်ငွေ သိန်း(၂၁၀၀) ကို သူ့ရည်းစားဖြစ်သူရဲ့ ငွေစာရင်းထဲ လွှဲပြောင်းပေးမှုဖြစ်ပွား”

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၁၀၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)တာဝန်ခံ မအိသူမြင့်(၂၉)နှစ်သည် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်း စာရေး မနှင်းဦးဝေ(၂၆)နှစ်မှ ဒေါ်ကြင်မြင့်(၅၅)နှစ်ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်အားသုံးစွဲ၍ ငွေကျပ် ၂,၁၀၀ သိန်းအား ၎င်း၏ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်၏ ငွေစာရင်းသို့လွှဲပြောင်းပေးခဲ့ရာ



ဖြိုးဝေစိုးက ငွေကျပ် ၂,၁၀၀ သိန်းအနက်မှ ငွေကျပ် ၁,၇၀၀ သိန်းအား လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွားခဲ့ကြောင်းတွေ့ရှိရသဖြင့် မနှင်းဦးဝေနှင့် ဖြိုးဝေစိုးတို့အား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄(စာရေးမှ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 ပြည်ထဲရေးဝန်ကြီးဌာန fb page

No comments:

Post a Comment