Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, July 17, 2019

ေဒၚေအာင္ဆန္းစုၾကည္ကို ေက်းဇူးတင္လိုက္ပါ


ဒီသတင္းကို ၾကားပါတယ္။ မယံုရဲလို႔ FB ေပၚလည္း မေရးခဲ့ပါဘူး။….စိတ္ထဲမွာေတာ့ တကယ္ျဖစ္ပါေစလို႔ ဆုေတာင္းေနမိတာ။အခုေတာ့ ေသခ်ာသြားၿပီဆုိေတာ့ ေရးၿပီေလ။

ဒီလိုပါ ။ ျမန္မာႏိုင္ငံမွာကမာၻေက်ာ္ေဟာလိ၀ုဒ္သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ Nicolas cage နီကုိလပ္ေက့ခ်္ ရုပ္ရွင္ လာရိုက္မယ္ဆိုတဲ့ သတင္းပါ။ လာရိုက္မယ့္ ဇာတ္ကား နာမည္က Jiu-Jitsu ဇာတ္လမ္းအက်ဥ္းက ကမၻာေပၚကို ေျခာက္ႏွစ္တစ္ႀကိမ္ က်ဴးေက်ာ္လာတဲ့ ၿဂိဳလ္သားေတြကို တိုက္ခိုက္မယ့္ ဇာတ္လမ္းေလးပါ။

နီကုိလပ္ကို အားလံုးသိၿပီးသား မင္းသားတစ္ဦးျဖစ္တယ္။Con Air, Face/Off, National Treasure ဇာတ္လမ္းတြဲေတြ Ghost Rider ဇာတ္လမ္းတြဲ ေတြ World Trade Center ဇာတ္ လမ္းေတြနဲ႔ ျမန္မာပရိတ္သတ္ေတြ သိၿပီးသား မင္းသားျဖစ္ပါတယ္။

ဒီမင္းသား လာရိုက္မယ္ဆိုေတာ့ ေပ်ာ္တာေပါ့ ။….ဘာေၾကာင့္လဲ ?…အိုေက ေျပာျပမယ္။….အရင္ က ထိုင္းႏိုင္ငံ ဘန္ေကာက္ဆိုတဲ့ ၿမိဳ႕ေလးဟာအင္မတန္မွ ေသးသိမ္တဲ့ မထင္မရွား ၿမိဳ႕ေလးပါပဲ။လူဦးေရ ၈ဒသမ ၂၈သန္းပဲ ေနထိုင္တဲ့ ရိုးရိုးသာမာန္ ၿမိဳ႕ေလးပါပဲ။

ဒီၿမိဳ႕ေလးမွာ ကမာၻေက်ာ္ေဟာလိ၀ုဒ္မင္းသား နီကုိလပ္အပါအ၀င္ ေဟာလိ၀ုဒ္က ရုပ္ရွင္ကုမၸဏီေတြက ရုပ္ရွင္ကားေတြ လာရိုက္လို႔ ေန႔ခ်င္းညခ်င္းပဲ ႏိုင္ငံအရပ္ရပ္က လူသိမ်ားလာၿပီး အက်ိဳးဆက္အေနနဲ႔ ျပည္ပ ခရီးသြားလုပ္ငန္းေတြကေန အစိုးရအတြက္ မ်ားစာြေသာ ဘတ္ဂ်က္ရွာေပးႏိုင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေဟာလိ၀ုဒ္ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာ ပါ၀င္လာခဲ့တဲ့ ဘန္ေကာက္ဟာ ရုပ္ရွင္ ၿမိဳ႕ေတာ္အျဖစ္ေတာင္ စည္ကားလာခဲ့ပါတယ္။ MasterCard ရဲ႕ ကမၻာလံုးဆိုင္ရာ ကမၻာၿမိဳ႕မ်ား ရည္မွန္းခ်က္ ႏွစ္အလိုက္အစီရင္ခံစာမွာ ၂၀၁၈ ခုႏွစ္အတြက္ ျမန္မာႏုိင္ငံရဲ႕ အိမ္နီးခ်င္း ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ က ခရီးသြား ၀င္ေရာက္မႈ ၂၀.၀၅ သန္းနဲ႔ ပထမေနရာမွာ ရပ္တည္ခဲ့ပါတယ္။

တိုင္းျပည္ရဲ႕ ၀င္ေငြကို ခရီးသြားလုပ္ငန္းက အဓိက အားထားရတဲ့အထိ အက်ိဳးသက္ေရာက္မႈရွိခဲ့ပါတယ္။ လက္ရွိမွာ ျမန္မာႏိုင္ငံကို ျပည္ပခရီးသြား ၀င္ေရာက္မႈက ၁ ဒသမ ၇ သန္းပဲ ရွိပါတယ္။အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ယွဥ္ရင္ အင္မတန္မွ နည္းပါေသးတယ္။

ဒီေနရာမွာ ဘန္ေကာက္ ၿမိဳ႕ ရဲ႕ အလွတရားနဲ႔ ျမန္မာႏိုင္ငံအတြင္းမွာ ရွိတဲ့ ၿမိဳ႕ေတြရဲ႕ အလွတရားခ်င္းက ယွဥ္စရာမလိုပါဘူး ။ ရိုးရာယဥ္ေက်းမႈေတြ၊ ဓေလ့ထံုးတမ္းေတြ ၊ ေရွးေဟာင္းအေမြအႏွစ္ေတြ ၊ သာသနိက အေဆာက္အအံုေတြ မ်ားျပားလွတဲ့ ရိုးရာ စားေသာက္ကုန္ေတြဟာ ဘန္ေကာက္ထက္ အစစအရာရာ သာပါတယ္။



ဒီလို တန္ဖိုးမျဖတ္ႏုိင္တဲ့ အရာေတြ ျမန္မာႏိုင္ငံမွာ ရွိတယ္ဆိုတာ ကမၻာလည့္ခရီးသြားဧည့္သည္ေတြ သိဖို႔ လိုပါတယ္။ အခု ေဟာလိ၀ုဒ္က ရုပ္ရွင္လာရိုက္ေတာ့မယ္ဆိုေတာ့ ျမန္မာ့ ရိုးရာအက အလွေတြနဲ႔ တန္ဖိုးမျဖတ္ႏိုင္တဲ့ ေရွးေဟာင္းအေမြအႏွစ္ေတြကို ကမၻာကို ခ်ျပခြင့္ရမယ့္ အခြင့္အေရးပါပဲ။

တစ္နည္းေျပာရရင္ စကၤာပူကို ေက်ာ္တတ္ဖို႔ ျဖတ္လမ္းလို႔ ေျပာလို႔ရပါတယ္။ ဒါေတြ ဘယ္က စျဖစ္လာသလဲဆိုေတာ့ Line Walker 2 ရုပ္ရွင္ဇာတ္ကားကို ဥာဏ္အေမ်ာ္အျမင္ ရွိရွိ နဲ႔ ရိုက္ကူးခြင္ေ့ပးခဲ့တဲ့ အေမ ေဒၚေအာင္ဆန္းစုၾကည္ ေၾကာင့္ပါပဲ။

ခြင့္ျပဳခ်က္ တစ္ခုေပးရမယ္ဆိုရင္ေတာင္ တိုင္းျပည္ရဲ႕ ေရွ႕ေရးကို ၾကည့္ၿပီး ဆံုးျဖတ္တဲ့ ေခါင္းေဆာင္ ရွားတယ္ဗ်ာ။
 မင္းရသ

#Unicode Version

ဒီသတင်းကို ကြားပါတယ်။ မယုံရဲလို့ FB ပေါ်လည်း မရေးခဲ့ပါဘူး။….စိတ်ထဲမှာတော့ တကယ်ဖြစ်ပါစေလို့ ဆုတောင်းနေမိတာ။အခုတော့ သေချာသွားပြီဆိုတော့ ရေးပြီလေ။

ဒီလိုပါ ။ မြန်မာနိုင်ငံမှာကမ္ဘာကျော်ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Nicolas cage နီကိုလပ်ကေ့ချ် ရုပ်ရှင် လာရိုက်မယ်ဆိုတဲ့ သတင်းပါ။ လာရိုက်မယ့် ဇာတ်ကား နာမည်က Jiu-Jitsu ဇာတ်လမ်းအကျဉ်းက ကမ္ဘာပေါ်ကို ခြောက်နှစ်တစ်ကြိမ် ကျူးကျော်လာတဲ့ ဂြိုလ်သားတွေကို တိုက်ခိုက်မယ့် ဇာတ်လမ်းလေးပါ။



နီကိုလပ်ကို အားလုံးသိပြီးသား မင်းသားတစ်ဦးဖြစ်တယ်။Con Air, Face/Off, National Treasure ဇာတ်လမ်းတွဲတွေ Ghost Rider ဇာတ်လမ်းတွဲ တွေ World Trade Center ဇာတ် လမ်းတွေနဲ့ မြန်မာပရိတ်သတ်တွေ သိပြီးသား မင်းသားဖြစ်ပါတယ်။

ဒီမင်းသား လာရိုက်မယ်ဆိုတော့ ပျော်တာပေါ့ ။….ဘာကြောင့်လဲ ?…အိုကေ ပြောပြမယ်။….အရင် က ထိုင်းနိုင်ငံ ဘန်ကောက်ဆိုတဲ့ မြို့လေးဟာအင်မတန်မှ သေးသိမ်တဲ့ မထင်မရှား မြို့လေးပါပဲ။လူဦးရေ ၈ဒသမ ၂၈သန်းပဲ နေထိုင်တဲ့ ရိုးရိုးသာမာန် မြို့လေးပါပဲ။

ဒီမြို့လေးမှာ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသား နီကိုလပ်အပါအဝင် ဟောလိဝုဒ်က ရုပ်ရှင်ကုမ္ပဏီတွေက ရုပ်ရှင်ကားတွေ လာရိုက်လို့ နေ့ချင်းညချင်းပဲ နိုင်ငံအရပ်ရပ်က လူသိများလာပြီး အကျိုးဆက်အနေနဲ့ ပြည်ပ ခရီးသွားလုပ်ငန်းတွေကနေ အစိုးရအတွက် များစာွသော ဘတ်ဂျက်ရှာပေးနိုင်ခဲ့ပါတယ်။



နောက်ပိုင်းမှာတော့ ဟောလိဝုဒ်ရုပ်ရှင်တော်တော်များများမှာ ပါဝင်လာခဲ့တဲ့ ဘန်ကောက်ဟာ ရုပ်ရှင် မြို့တော်အဖြစ်တောင် စည်ကားလာခဲ့ပါတယ်။ MasterCard ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာမြို့များ ရည်မှန်းချက် နှစ်အလိုက်အစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က ခရီးသွား ဝင်ရောက်မှု ၂၀.၀၅ သန်းနဲ့ ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ ဝင်ငွေကို ခရီးသွားလုပ်ငန်းက အဓိက အားထားရတဲ့အထိ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဝင်ရောက်မှုက ၁ ဒသမ ၇ သန်းပဲ ရှိပါတယ်။အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အင်မတန်မှ နည်းပါသေးတယ်။

ဒီနေရာမှာ ဘန်ကောက် မြို့ ရဲ့ အလှတရားနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ မြို့တွေရဲ့ အလှတရားချင်းက ယှဉ်စရာမလိုပါဘူး ။ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ၊ ရှေးဟောင်းအမွေအနှစ်တွေ ၊ သာသနိက အဆောက်အအုံတွေ များပြားလှတဲ့ ရိုးရာ စားသောက်ကုန်တွေဟာ ဘန်ကောက်ထက် အစစအရာရာ သာပါတယ်။



ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတာ ကမ္ဘာလည့်ခရီးသွားဧည့်သည်တွေ သိဖို့ လိုပါတယ်။ အခု ဟောလိဝုဒ်က ရုပ်ရှင်လာရိုက်တော့မယ်ဆိုတော့ မြန်မာ့ ရိုးရာအက အလှတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာကို ချပြခွင့်ရမယ့် အခွင့်အရေးပါပဲ။

တစ်နည်းပြောရရင် စင်္ကာပူကို ကျော်တတ်ဖို့ ဖြတ်လမ်းလို့ ပြောလို့ရပါတယ်။ ဒါတွေ ဘယ်က စဖြစ်လာသလဲဆိုတော့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကို ဉာဏ်အမျော်အမြင် ရှိရှိ နဲ့ ရိုက်ကူးခွင်ေ့ပးခဲ့တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပါပဲ။

ခွင့်ပြုချက် တစ်ခုပေးရမယ်ဆိုရင်တောင် တိုင်းပြည်ရဲ့ ရှေ့ရေးကို ကြည့်ပြီး ဆုံးဖြတ်တဲ့ ခေါင်းဆောင် ရှားတယ်ဗျာ။
မင်းရသ

No comments:

Post a Comment