Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 23, 2019

ဆိုင်မှဈေးရောင်းကူသူ အမျိုးသမီးတဦးကို အလုပ်ထုတ်လို့ဆိုပြီး ပိုးပန်းနေသူမှ ဆိုင်ရှင်ကိုဒါးဖြင့်ဝင်ခုတ်






ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ တရားရုံးလမ်းထောင့်နှင့် ရန်ကုန်- ပြည်ကားလမ်းမကြီးဘေးရှိ ကုန်စုံဆိုင်တွင် ယမန်နေ့က နေ့လည် ၁ နာရီခန့်က ဒါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒါးခုတ်ခံရသူ ဆိုင်ပိုင်ရှင် ဦးဇေယျာညွန့်မှ " ကျနော်နဲ့လည်း မရင်းနှီးဘူး သိလည်းမသိဘူး။ ဘာကြောင့်ဖြစ်လဲဆိုတာ ရဲတွေရဲ့ပြောကြားချက်အရတော့ ဒီဆိုင်က အလုပ်သမားတယောက်ကို သူကကြိုက်နေတဲ့ တယောက်ကိုပေါ့၊ အဲအလုပ်သမားက အလုပ်ထွက်သွားတော့ ကျနော်က ထုတ်တယ်ဆိုပြီး ကျနော်ကို မဲနေတဲ့သဘောရှိပါတယ်။" ဟု ပြောသည်။

အဆိုပါကုန်စုံဆိုင်မှာ ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေ၏ နေအိမ်ကုန်စုံဆိုင်ဖြစ်ပြီး ဒါဖြင့်အခုတ်ခံရသူမှာ လွှတ်တော်ကိုယ်စားလှယ်၏သားဖြစ်သူ ဦးဇေယျာညွန့်၏ ဘယ်ဘက်လက်အား ဒါးဖြင့် ၃ ချက် အခုတ်ခံရခြင်းဖြစ်ပြီး၊ တရားဥပဒေအရ ပြစ်မှုကျူးလွန်သူကို ရွှေတောင်မြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

"ခုတ်တဲ့သူက ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် နှပ်တန်းကွက်သစ် ၂ လမ်းမှာနေတဲ့ ဘုထစ်(ခေါ်) ဟိန်းထက်စိုး အရှည် ၂ တောင်လောက်ရှိတဲ့ ကိုင်းခုတ်ဒါးကိုကိုင်ပြီး နေအိမ်ထဲကိုဝင်သွားပြီး ကိုဇေယျာညွန့်ကို မ.... ရှိလားမေးတယ်။ မရှိကြောင်းနဲ့ ကိုင်းခုတ်ဒါးကို ချဖို့ပြောတဲ့အချိန်မှာ ဘုထစ်က ဆဲဆိုပြီး အသင့်ပါလာတဲ့ ကိုင်းခုတ်ဒါးနဲ့ ဦးဇေယျာညွန့်ကိုခုတ်တော့ လက်ဝဲဘက် လက်ဝါးစောင်းမှာ တလက်မလောက် ပြတ်ရှဒဏ်ရာရယ်၊ ဝဲဘက်တဒေါင်မှာ လက်မဝက်လောက် ပြတ်ရှဒဏ်ရာနဲ့ ပြင်ပလူနာ(မစိုးရိမ်ရ) အဲဒိလို ဒဏ်ရာရရှိခဲ့တယ်" ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းစင့်က ပြောသည်။

ပြစ်မှုကျူးလွန်သူ ဘုထစ် (ခေါ်) ဟိန်းထက်စိုးအား ဦးဇေယျာညွန့်မှ ရွှေတောင်မြို့နယ် မြို့မရဲစခန်းတွင် ယမန်နေ့ညနေ ၅ နာရီခန့်က အမှုဖွင့်ထားပြီး၊ ပြစ်မှုကျူလွန်သူအား ရာဇသတ်ကြီးပုဒ်မ ၄၅၂၊ ၃၂၄ နှင့် ၂၉၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

#မြေလတ်အသံ

No comments:

Post a Comment