Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 23, 2019

အသက်​(၇)နှစ်​အရွယ်​မိန်းက​လေးအားပထွေးဖြစ်သူမှ သားမယားပြုကျင့်






အောင်သူဟိန်း(ပြန်ဆက်)

Unicode
၂၀၁၉ ဇူလှိုင်​ ၂၂ ညနေ(၆းဝ၀)နာရီအချိန်​ခန်​့ ဘုရားသုံးဆူနယ်​​မြေရဲစခန်​းသို့ ​ဒေါ်နန်​းခမ်​းပွဲ၊ဘုရားသုံးဆူ NLD အမျိုးသမီးလုပ်​ငန်​းအဖွဲ့ဝင်​၊ ​ဒီပင်္ကရာလမ်​း၊အမှတ်​ ၄ ရပ်​ကွက်​၊ဘုရားသုံးဆူမြို့​နေသူ​ရောက်​ရှိလာပြီး

၎င်း၏​နေအိမ်​တွင်​ယခင်​ကအိမ်​​ဖော်​လုပ်​ဖူးသည်​့ ​ဒေါ်မိုးမိုး(ခ)မခင်​မိုး၊ ၄၄ နှစ်​၊(ဘ)ဦးမြထွန်​း၊ကျဘမ်​းလုပ်​၊ ဥ​ဒေါင်​းကန်​ ၂ လမ်​း၊အမှတ်​ ၂ ရပ်​ကွက်​၊ဘုရားသုံးဆူမြို့​နေသူ၏ သမီးဖြစ်​သူ မ……အသက်​ ၇ နှစ်​၊(ဘ)ဦး​ကျော်​ခိုင်​၊ ပထမတန်​းအား ပ​ထွေးဖြစ်​သူ ​ဇော်​နိုင်(ခ)သရဲ (ခ)ကုလားမှ

ဇူလှိုင်​ ၁၃ ရက်​​နေ့ညပိုင်​းတွင်​ ​ဥ​ဒေါင်​းကန်​ ​၂ လမ်​းနေအိမ်​၌ ၃ ဦးအတူအိပ်​ကြစဉ်​ ၁ ကြိမ်​မုဒိမ်​းပြု ကျင်​့ခဲ့​ကြောင်​းသိရှိရ၍ အ​ရေးယူ​ပေးရန်​ လာ​ရောက်​တိုင်​ကြားခဲ့​သဖြင့်ညနေ(၇း၁၅)အချိန်​တွင်ဘုရားသုံးဆူနယ်​​မြေရဲစခန်​းမှပထမသတင်​း​ပေးတိုင်​ချက်​အမှတ်​ ၂၆/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင်​့အမှုဖွင်​့ပြီ

း ပြစ်​မှုကျုးလွန်​​ကြောင်​းစွပ်​စွဲခံရသူ ​ဇော်​နိုင်​(ခ) သရဲ(ခ) ကုလား ၊ အသက်​ ၃၅ နှစ်​၊ (ဘ)ဦးဉာဏ်​​ဆွေ၊ ကျဘမ်​း၊ နိုင်​ငံသားစိစစ်​​ရေးကဒ်​မရှိ၊ ၊ ကျဘမ်​းလုပ်​၊ ဥ​ဒေါင်​းကန်​ ၂ လမ်​း၊ အမှတ်​ ၂ ရပ်​ကွက်​၊ဘုရားသုံးဆူမြို့​နေသူအား ဖမ်​းဆီးရမိစစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်​း သတင်​းရရှိခဲ့ပါသည်။

အောင်သူဟိန်း(ပြန်ဆက်)

No comments:

Post a Comment