Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, July 17, 2019

အရက္သမား ျဖစ္ေနတဲ့ သမၼတေဟာင္းႀကီးအတြက္ ေဝဘူဆရာေတာ္ဘုရားႀကီးေပးတဲ့ အရက္ေသာက္နည္း


မဟာေဗာဓိျမိဳင္ဆရာေတာ္ဘုရားၾကီးဟာ ဆရာေတာ္ၾကီး အင္မတန္ၾကည္ညိဳတန္ဘိုးထားတဲ့ ေဝဘူဆရာေတာ္ဘုရားႀကီး အေၾကာင္းကို တရားေဟာတုိင္း အလ်င္းသင့္သလို ထည့္ေျပာေလ့ရိွတယ္။

မဟာေဗာဓိျမိဳင္ဆရာေတာ္ဘုရားႀကီးရဲ့ဒကာထဲက တဦးျဖစ္တဲ့ အပၸမာဒတို့ကို ေမြးထုတ္ခဲ့ေသာ ဦးျမသန္းစံ မွာ သူငယ္ခ်င္းတဦးရိွပါတယ္။
အဲဒီရန္ကင္းက သူငယ္ခ်င္းဟာ အရက္ေသာက္လြန္းလို့ ဗိုလ္မွဴး ျမသန္းစံကလည္း မေသာက္ဖို့ေျပာေပမဲ့ ေျပာလို႔မရ။ ေသာက္ၿမဲေသာက္ေနလို့ “မင္းဒီလိုဆိုရင္ ဆရာေတာ္ႀကီးဆီသြား”ဆုိျပီး ဆရာေတာ္ဘုရားၾကီးထံ လႊတ္္လိုက္တယ္ေလ။
ဆရာေတာ္ဘုရားႀကီးထံ ေရာက္ေတာ့ “အဲဒီေတာ့ ဒုိ့ကဘာေျပာရမလဲ။ အရက္ေသာက္တာေတာ့။ ေသာက္တာေသာက္။ ေသာက္တာေသာက္ေပါ့။



သခင္နု(ဦးနု)တို့ေခတ္က သမၼတ စ၀္ေရႊသိုက္ဆိုတာရိွတယ္။ အဲသူက သမၼတေနရာကေန ဖယ္ခံရတယ္။ အဲဒီေတာ့ တေန့ကို အရက္(၃)ပုလင္း ေသာက္ေတာ့တယ္။

အဲၾကာေတာ့ သူ့ဇနီးက ေဝဘူဆရာေတာ္ဘုရားၾကီးကို ၾကည္ညိဳကိုးကြယ္ေတာ့ လာတိုင္တယ္။ ေျပာမရလို့ေပါ့။
အဲဒီေတာ့ ေ၀ဘူဆရာေတာ္ၾကီးက “ဒါျဖင့္ရင္ စ၀္ေရႊသိုက္ကို ေခၚလာခဲ့ အရက္ပုလင္းပါ ယူလာခဲ့လို့ေျပာလိုက္တယ္” တဲ့။
အဲဒီေတာ့ ေ၀ဘူဆရာေတာ္ၾကီးက အရက္ပုလင္းပါယူခုိင္းတယ္ဆိုေတာ့ မယူဘဲမေနရဲဘူး။ ေက်ာင္းေရာက္လာေတာ့ ေ၀ဘူဆရာေတာ္ၾကီးက အရက္ပုလင္းခ်ခိုင္းျပီးအရက္ငွဲ့ခိုင္းတယ္တဲ့။“ေျဖးေျဖးငွဲ့ေနာ္။

ငွဲ့ျခင္တာေလးကို ၾကည့္။ ငွဲ့လိုက္ျပီ။ ခြက္ထဲကို ေလာင္းထည့္ဗ်ာ။ ေျဖးေျဖးခ်င္းထည့္ဗ်ာ။ ေျဖးေျဖးခ်င္း။ကဲဗ်ာ ခြက္ကိုကိုင္လိုက္ ေဟာခြက္ကို မ,လိုက္တေျဖးေျဖးခ်င္း မ,ယူဗ်ာ။ ပါးစပ္ကုိ ဟလိုက္ဗ်ာ။ ေျဖးေျဖးခ်င္း ေသာက္ဗ်ာ။

ေဟာ အခုပါးစပ္ထဲမွ ေဟာ လည္ေခ်ာင္းထဲ ေရာက္သြားျပီ။ေဟာ ရင္ေခါင္းထဲ ေဟာ အူထဲဗ်ာနဲ့ ေဟာ အေၾကာေတြထဲ ေ၇ာက္လာျပီဗ်ာ။ ေဟာ ဦးေဏွာက္ထဲေရာက္ျပီဗ်ာ။ ေဟာ ေခါင္းထဲေရာက္ျပီဗ်ာ”

အဲဒီလို တဆင့္ျပီးတဆင့္ လုပ္ခိုင္းေတာ့တယ္တဲ့။အဲဒီကစျပီး စပ္ေရႊသိုက္လည္း (၃)ပုလင္းကေန(၂ ပုလင္းခြဲ) ေနာက္ေတာ့ တေျဖးေျဖးနဲ့ျပတ္သြားတယ္တဲ့။

“အဲဒီေတာ့ အရက္ေသာက္တဲ့သူေတြကို က်ဳပ္ကေတာ့ ေသာက္ဗ်ာ ေသာက္ဗ်ာ ေသေအာင္ေသာက္ဗ်ာ” လို့ဘဲ ေျပာရမွာဘဲလို့ဆုိျပီး ေ၀ဘူဆရာေတာ္ဘုရားၾကီး အရက္ေသာက္နည္းျဖစ္တဲ့ သတိျဖင့္လွဳပ္ရွားမွု အဆင့္ဆင့္ ခံစားမွဳအဆင့္ဆင့္ကို သိရိွေအာင္လုပ္တဲ့နည္းနဲ့ ေသာက္နည္းကို ေဟာေျပာေတာ္မူသြားပါသည္။

ကဲ ဓမၼမိတ္ေဆြေတြထဲက တရားလည္းလုပ္တယ္။ ဘာသာေရးလည္းလိုက္စားတယ္။ ဒါေပမဲ့ ဒါေလးေတာ့ မျပတ္နိုင္ပါဆိုတဲ့ သူမ်ား ေ၀ဘူဆရာေတာ္ဘုရားႀကီး အရက္ေသာက္နည္းနဲ့သာ ကုသိုလ္ရတဲ့ အရက္ေသာက္နည္းနဲ့ ေသာက္နုိင္ၾကပါေစလို့ ဆရာေတာ္ဘုရားႀကီးရဲ့တရားထဲမွ ေဖာ္ျပလိုက္ရပါတယ္။
အရူးဦးေႏွာက္မွအႏွစ္မ်ား

Unicode
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဆရာတော်ကြီး အင်မတန်ကြည်ညိုတန်ဘိုးထားတဲ့ ဝေဘူဆရာတော်ဘုရားကြီး အကြောင်းကို တရားဟောတိုင်း အလျင်းသင့်သလို ထည့်ပြောလေ့ရှိတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ဒကာထဲက တဦးဖြစ်တဲ့ အပ္ပမာဒတို့ကို မွေးထုတ်ခဲ့သော ဦးမြသန်းစံ မှာ သူငယ်ချင်းတဦးရှိပါတယ်။

အဲဒီရန်ကင်းက သူငယ်ချင်းဟာ အရက်သောက်လွန်းလို့ ဗိုလ်မှူး မြသန်းစံကလည်း မသောက်ဖို့ပြောပေမဲ့ ပြောလို့မရ။ သောက်မြဲသောက်နေလို့ “မင်းဒီလိုဆိုရင် ဆရာတော်ကြီးဆီသွား”ဆိုပြီး ဆရာတော်ဘုရားကြီးထံ လွှတ််လိုက်တယ်လေ။

ဆရာတော်ဘုရားကြီးထံ ရောက်တော့ “အဲဒီတော့ ဒို့ကဘာပြောရမလဲ။ အရက်သောက်တာတော့။ သောက်တာသောက်။ သောက်တာသောက်ပေါ့။



သခင်နု(ဦးနု)တို့ခေတ်က သမ္မတ စဝ်ရွှေသိုက်ဆိုတာရှိတယ်။ အဲသူက သမ္မတနေရာကနေ ဖယ်ခံရတယ်။ အဲဒီတော့ တနေ့ကို အရက်(၃)ပုလင်း သောက်တော့တယ်။

အဲကြာတော့ သူ့ဇနီးက ဝေဘူဆရာတော်ဘုရားကြီးကို ကြည်ညိုကိုးကွယ်တော့ လာတိုင်တယ်။ ပြောမရလို့ပေါ့။

အဲဒီတော့ ဝေဘူဆရာတော်ကြီးက “ဒါဖြင့်ရင် စဝ်ရွှေသိုက်ကို ခေါ်လာခဲ့ အရက်ပုလင်းပါ ယူလာခဲ့လို့ပြောလိုက်တယ်” တဲ့။

အဲဒီတော့ ဝေဘူဆရာတော်ကြီးက အရက်ပုလင်းပါယူခိုင်းတယ်ဆိုတော့ မယူဘဲမနေရဲဘူး။ ကျောင်းရောက်လာတော့ ဝေဘူဆရာတော်ကြီးက အရက်ပုလင်းချခိုင်းပြီးအရက်ငှဲ့ခိုင်းတယ်တဲ့။“ဖြေးဖြေးငှဲ့နော်။



ငှဲ့ခြင်တာလေးကို ကြည့်။ ငှဲ့လိုက်ပြီ။ ခွက်ထဲကို လောင်းထည့်ဗျာ။ ဖြေးဖြေးချင်းထည့်ဗျာ။ ဖြေးဖြေးချင်း။ကဲဗျာ ခွက်ကိုကိုင်လိုက် ဟောခွက်ကို မ,လိုက်တဖြေးဖြေးချင်း မ,ယူဗျာ။ ပါးစပ်ကို ဟလိုက်ဗျာ။ ဖြေးဖြေးချင်း သောက်ဗျာ။

ဟော အခုပါးစပ်ထဲမှ ဟော လည်ချောင်းထဲ ရောက်သွားပြီ။ဟော ရင်ခေါင်းထဲ ဟော အူထဲဗျာနဲ့ ဟော အကြောတွေထဲ ရောက်လာပြီဗျာ။ ဟော ဦးဏှောက်ထဲရောက်ပြီဗျာ။ ဟော ခေါင်းထဲရောက်ပြီဗျာ”

အဲဒီလို တဆင့်ပြီးတဆင့် လုပ်ခိုင်းတော့တယ်တဲ့။အဲဒီကစပြီး စပ်ရွှေသိုက်လည်း (၃)ပုလင်းကနေ(၂ ပုလင်းခွဲ) နောက်တော့ တဖြေးဖြေးနဲ့ပြတ်သွားတယ်တဲ့။

“အဲဒီတော့ အရက်သောက်တဲ့သူတွေကို ကျုပ်ကတော့ သောက်ဗျာ သောက်ဗျာ သေအောင်သောက်ဗျာ” လို့ဘဲ ပြောရမှာဘဲလို့ဆိုပြီး ဝေဘူဆရာတော်ဘုရားကြီး အရက်သောက်နည်းဖြစ်တဲ့ သတိဖြင့်လှုပ်ရှားမှု အဆင့်ဆင့် ခံစားမှုအဆင့်ဆင့်ကို သိရှိအောင်လုပ်တဲ့နည်းနဲ့ သောက်နည်းကို ဟောပြောတော်မူသွားပါသည်။



ကဲ ဓမ္မမိတ်ဆွေတွေထဲက တရားလည်းလုပ်တယ်။ ဘာသာရေးလည်းလိုက်စားတယ်။ ဒါပေမဲ့ ဒါလေးတော့ မပြတ်နိုင်ပါဆိုတဲ့ သူများ ဝေဘူဆရာတော်ဘုရားကြီး အရက်သောက်နည်းနဲ့သာ ကုသိုလ်ရတဲ့ အရက်သောက်နည်းနဲ့ သောက်နိုင်ကြပါစေလို့ ဆရာတော်ဘုရားကြီးရဲ့တရားထဲမှ ဖော်ပြလိုက်ရပါတယ်။
အရူးဦးနှောက်မှအနှစ်များ

No comments:

Post a Comment