Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, July 17, 2019

ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္္တက္္လတၱံ႔ေသာ ဗုဒၶဟူးသားသမီးမ်ား အတြက္္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း


က်န္သည့္ေန႔ သား သမီးမ်ားအတြက္ ေအာက္တြင္ Link ထည့္ေပးထားပါတယ္ေ

ကာဇာ သကၠရာဇ္ ၁၃၈၁-ခုႏွစ္၊ ဦးတန္ခူးလဆန္း (၁၃)ရက္ (၁၇-၄-၂၀၁၉) ဗုဒၶဟူးေန႔သည္ ႏွစ္ဆန္း(၁)ရက္ေန႔ ျဖစ္သည္။
ဗုဒၶဟူးသားသမီးမ်ား အတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း
ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္္တက္လတၱံ႔။
အတိတ္ကံကိုအေၾကာင္းျပဳၿပီးေငြအစုလိုက္အပံုလိုက္ရျခင္း၊ထီဆုႀကီးေပါက္ျခင္း ၊ၿခံ၊ကား၊ေက်ာက္ ေကာင္းေသာ၀င္ျခင္းတြင္ရွိလတၱံ႔။

အခ်စ္ေရးေမတၱာေရးကံေကာင္းျခင္း၊မ်က္ႏွာပြင့္ စန္းပြင့္ျခင္း၊ေငြေၾကးဥစၥာပစၥည္းမ်ား စုေဆာင္းတိုးပြားျခင္းတို႔ႀကံဳရလတၱံ႔။
စိတ္ကူးဥာဏ္ေပၚသေလာက္ လက္ေတြ႔အေကာင္အထည္ေဖာ္ေဆာင္ရြက္ပါ အခ်ိန္မျဖဳန္းသင့္။ရည္ရြယ္ခ်က္ရွိသမွ် ရဲရဲလုပ္ပါ။
ဘာပဲလုပ္လုပ္ အတိုက္အခံ အခက္အခဲ စိတ္ပူစရာ စိတ္လႈပ္ရွားစရာမ်ားႀကံဳေတြ႕ၿပီးမွ ေအာင္ျမင္လတၱံ႔။
မိမိမသိခဲ့ေသာ အတိတ္ကံ အေကာင္းအဆိုး ႏွစ္မ်ဳိးစလံုး၏ အက်ဳိးကို ေတြ႔ႀကံဳခံစားရလတၱံ႔။
ေငြေရးေၾကးေရး – အတိတ္ကံကို အေၾကာင္းျပဳ၍ ေငြေၾကးအစုလိုက္အပံုလိုက္ရအံ့။ ေငြေၾကးကံ အထူးေကာင္းေနအံ့။
ေငြေၾကးကိစၥမ်ား မိမိရည္မွန္းထားတာထက္ ပိုမိုေအာင္ျမင္အံ့။ မိမိရည္မွန္းထားတာထက္ ပိုမိုစုေဆာင္းရအံ့။ တိုးပြားအံ့။

မလိုအပ္သည့္ေနရာမ်ားတြင္ ေငြေၾကးျဖဳန္းတီးမိတတ္တာကိုေတာ့ သိထားသင့္။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္း ေဆာင္ရြက္သင့္။

ေငြေရးေၾကးေရး အထူးယၾတာ – ယၾတာမလိုပါ ( ေငြထည့္ဖို႔ အိတ္ႀကီးႀကီး ၊ ေသတၱာႀကီးႀကီး အသင့္ျပင္ထားပါ ၊ ေငြကို ေရလိုသံုးဖို႔ အားေမြးထားပါ )

ထီထိုးကံစမ္းရန္ – ၾကက္သားေၾကာ္ဘုရားလွဴပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကိုိ ဒါနလုပ္ပါ ။
ၿပီးလွ်င္ ( သ ဟ က ခ ဂ ဃ င ) ပါေသာထီဆိုင္တြင္ (၂) ႏွင့္ (၆) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။

အခ်စ္ေရး – အပ်ဳိလူပ်ဳိမ်ား အတိတ္ဘ၀က ဆုေတာင္းရွိခဲ့ဖူးေသာ အခ်စ္ေဟာင္း အဆက္ေဟာင္းမ်ားႏွင့္ ျပန္လည္ဆံုေတြ႕ရလတၱံ႔။

ခ်စ္သူထံမွ အမွတ္တရလက္ေဆာင္တစ္ခု ႀကီးႀကီးမားမားရအံ့။ မိမိကိုစိတ္၀င္စား ခ်စ္ႀကိဳက္ေနသူမ်ား အမ်ားအျပားေပၚလာလတၱံ႔။ ၀ိုင္း၀ိုင္းလည္ေနအံ့။

အလြန္အမင္း စိတ္လႈပ္ရွား ရင္ခုန္ေနရအံ့။ စိတ္ေကာက္လိုက္ ျပန္တည့္လိုက္ျဖင့္ ၾကည္ႏူးစရာမ်ား အတိၿပီးေနအံ့။

အိိမ္ေထာင္ေရး – မိမိအိမ္ေထာင္ဖက္၏ သ၀န္တိုျခင္းကို ခံရအံ့။ အိမ္ေထာင္ဖက္ကိုအေၾကာင္းျပဳ၍ ေငြေၾကးစီးပြားဥစၥာမ်ား တိုးပြားလတၱံ႔။

အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္းဥာဏ္ေကာင္းမ်ားရလတၱံ႔။ တစ္ဦးနဲ႔တစ္ဦး နားလည္မႈ မွ်ေ၀ခံစားမႈမ်ားျဖင့္ သာယာေနအံ့။

မယ္တစ္ထမ္း ေမာင္တစ္ရြက္ျဖင့္ ေရွ႕သြားေနာက္လိုက္ညီေနအံ့။အိမ္ေထာင္ေရးသုခ ခံစားရအံ့။ စိတ္လႈပ္ရွား ရင္ခုန္ ၾကည္ႏူးမႈမ်ား ေရေထြးေနလတၱံ႔။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ စေနသားသမီးမ်ား ၊ နာမည္တြင္ တ ထ ဒ ဓ န ပါေသာသူမ်ား ၊ လူမ်ဳိးျခား ဘာသာျခား ၊ မီးလွ်ပ္စစ္ ၊ အထည္အလိပ္ ၊ ႏိုင္ငံရပ္ျခားႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – မလိုပါ လုပ္ခ်င္သပဆိုလွ်င္္ သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္ကို ေရေမႊးလက္ေဆာင္ေပးရင္း ဆုေတာင္းပါ။

ပညာေရး – ပညာေရးကံတအားေကာင္းေနအ့ံ ထူးထူးခၽြန္ခၽြန္ ေအာင္ျမင္အံ့။ နည္းနည္းူႀကိဳးစားလိုက္ယံုႏွင့္ မ်ားမ်ားေအာင္ျမင္လတၱံ႔။ ဆရာေကာင္း သမားေကာင္းေတြ႔ရအံ့။

ပညာေရးကံေကာင္းေစရန္္ – မနက္ေစာေစာ ကိတ္မုန္႔(၂)ခ်ပ္၊ ပန္းအ၀ါ(၅)ပြင့္၊ ေသာက္ေတာ္ေရ(၅)ခြက္၊

ဖေယာင္းတိုင္(၅)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။

ခ်ဳိးမယ့္ေရထဲမွာ ပန္းအ၀ါ(၅)ပြင့္ထည့္ၿပီးေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။

( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)

က်န္းမာေရး – နား ၊ႏွာေခါင္း ၊ ဒူး ၊ ကိုယ္ပူျခင္း ၊ ဖ်ားျခင္း ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – ဗုဒၶဟူးေန႔ည ။ ေရသန္႔ဗူးအခြံထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။

အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။

မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို စာအုပ္တစ္အုပ္နဲ႔ ယပ္ခပ္ေပးပါ …။

ရုိက္ေပးပါ …။ ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၁၀)နာရီ (၁၀)မိနစ္ (သို႔မဟုတ္ ) မနက္(၅)နာရီ (၂၀)မိနစ္တိတိတြင္ ေကာ္ဖီ (၂)ခြက္ ၊

အုန္းသီးပါေသာမုန္႔ (၆)ခု ၊ ပန္းအ၀ါ (၅)ပြင့္ ၊ ေသာက္ေတာ္ေရ (၁)ခြက္ ၊ ဖေယာင္းတိုင္ (၁) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္္

တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

Credit: မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

တနဂၤေႏြေန႔ေမြးသူမ်ားအတြက္ဖတ္ရန္

တနလၤာေန႔ေမြးသူမ်ားအတြက္ဖတ္ရန္

အဂၤါေန႔ေမြးသူမ်ားအတြက္ဖတ္ရန္

ဗုဒၶဟူးေန႔ေမြးသူမ်ားအတြက္ ဖတ္ရန္

ၾကာသပေတးေန႔ေမြးသူမ်ားအတြက္ဖတ္ရန္

ေသၾကာေန႔ေမြးသူမ်ားအတြက္ဖတ္ရန္

စေနေန႔ေမြးသူမ်ားအတြက္ဖတ္ရန္

Unicode Version

ကောဇာ သက္ကရာဇ် ၁၃၈၁-ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် (၁၇-၄-၂၀၁၉) ဗုဒ္ဓဟူးနေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။

ဗုဒ္ဓဟူးသားသမီးများ အတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း

ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့််တက်လတ္တံ့။

အတိတ်ကံကိုအကြောင်းပြုပြီးငွေအစုလိုက်အပုံလိုက်ရခြင်း၊ထီဆုကြီးပေါက်ခြင်း ၊ခြံ၊ကား၊ကျောက် ကောင်းသောဝင်ခြင်းတွင်ရှိလတ္တံ့။

အချစ်ရေးမေတ္တာရေးကံကောင်းခြင်း၊မျက်နှာပွင့် စန်းပွင့်ခြင်း၊ငွေကြေးဥစ္စာပစ္စည်းများ စုဆောင်းတိုးပွားခြင်းတို့ကြုံရလတ္တံ့။

စိတ်ကူးဉာဏ်ပေါ်သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ အချိန်မဖြုန်းသင့်။ရည်ရွယ်ချက်ရှိသမျှ ရဲရဲလုပ်ပါ။

ဘာပဲလုပ်လုပ် အတိုက်အခံ အခက်အခဲ စိတ်ပူစရာ စိတ်လှုပ်ရှားစရာများကြုံတွေ့ပြီးမှ အောင်မြင်လတ္တံ့။

မိမိမသိခဲ့သော အတိတ်ကံ အကောင်းအဆိုး နှစ်မျိုးစလုံး၏ အကျိုးကို တွေ့ကြုံခံစားရလတ္တံ့။

ငွေရေးကြေးရေး – အတိတ်ကံကို အကြောင်းပြု၍ ငွေကြေးအစုလိုက်အပုံလိုက်ရအံ့။ ငွေကြေးကံ အထူးကောင်းနေအံ့။

ငွေကြေးကိစ္စများ မိမိရည်မှန်းထားတာထက် ပိုမိုအောင်မြင်အံ့။ မိမိရည်မှန်းထားတာထက် ပိုမိုစုဆောင်းရအံ့။ တိုးပွားအံ့။

မလိုအပ်သည့်နေရာများတွင် ငွေကြေးဖြုန်းတီးမိတတ်တာကိုတော့ သိထားသင့်။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်း ဆောင်ရွက်သင့်။

ငွေရေးကြေးရေး အထူးယတြာ – ယတြာမလိုပါ ( ငွေထည့်ဖို့ အိတ်ကြီးကြီး ၊ သေတ္တာကြီးကြီး အသင့်ပြင်ထားပါ ၊ ငွေကို ရေလိုသုံးဖို့ အားမွေးထားပါ )

ထီထိုးကံစမ်းရန် – ကြက်သားကြော်ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။



ပြီးလျှင် ( သ ဟ က ခ ဂ ဃ င ) ပါသောထီဆိုင်တွင် (၂) နှင့် (၆) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – အပျိုလူပျိုများ အတိတ်ဘဝက ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရလတ္တံ့။

ချစ်သူထံမှ အမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမားရအံ့။ မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာလတ္တံ့။ ဝိုင်းဝိုင်းလည်နေအံ့။

အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေရအံ့။ စိတ်ကောက်လိုက် ပြန်တည့်လိုက်ဖြင့် ကြည်နူးစရာများ အတိပြီးနေအံ့။

အိမ်ထောင်ရေး – မိမိအိမ်ထောင်ဖက်၏ သဝန်တိုခြင်းကို ခံရအံ့။ အိမ်ထောင်ဖက်ကိုအကြောင်းပြု၍ ငွေကြေးစီးပွားဥစ္စာများ တိုးပွားလတ္တံ့။

အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်းဉာဏ်ကောင်းများရလတ္တံ့။ တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် သာယာနေအံ့။

မယ်တစ်ထမ်း မောင်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက်ညီနေအံ့။အိမ်ထောင်ရေးသုခ ခံစားရအံ့။ စိတ်လှုပ်ရှား ရင်ခုန် ကြည်နူးမှုများ ရေထွေးနေလတ္တံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် စနေသားသမီးများ ၊ နာမည်တွင် တ ထ ဒ ဓ န ပါသောသူများ ၊ လူမျိုးခြား ဘာသာခြား ၊ မီးလျှပ်စစ် ၊ အထည်အလိပ် ၊ နိုင်ငံရပ်ခြားနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – မလိုပါ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို ရေမွှေးလက်ဆောင်ပေးရင်း ဆုတောင်းပါ။

ပညာရေး – ပညာရေးကံတအားကောင်းနေအံ့ ထူးထူးချွန်ချွန် အောင်မြင်အံ့။ နည်းနည်းူကြိုးစားလိုက်ယုံနှင့် များများအောင်မြင်လတ္တံ့။ ဆရာကောင်း သမားကောင်းတွေ့ရအံ့။

ပညာရေးကံကောင်းစေရန် – မနက်စောစော ကိတ်မုန့်(၂)ချပ်၊ ပန်းအဝါ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊

ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။

ချိုးမယ့်ရေထဲမှာ ပန်းအဝါ(၅)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – နား ၊နှာခေါင်း ၊ ဒူး ၊ ကိုယ်ပူခြင်း ၊ ဖျားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – ဗုဒ္ဓဟူးနေ့ည ။ ရေသန့်ဗူးအခွံထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။

အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။

မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို စာအုပ်တစ်အုပ်နဲ့ ယပ်ခပ်ပေးပါ …။

ရိုက်ပေးပါ …။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၁၀)နာရီ (၁၀)မိနစ် (သို့မဟုတ် ) မနက်(၅)နာရီ (၂၀)မိနစ်တိတိတွင် ကော်ဖီ (၂)ခွက် ၊

အုန်းသီးပါသောမုန့် (၆)ခု ၊ ပန်းအဝါ (၅)ပွင့် ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၁) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့်

တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

No comments:

Post a Comment