Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 17, 2019

ေဝဖန္သူေတြကို ျပန္လည္တုန္႔ျပန္လိုက္တဲ့ The Voice Myanmar Winner ဆုရွင္ Novem Htoo


ျမန္မာႏိုင္ငံမွာ အင္မတန္မွ ရွားပါးတဲ့ Metal ဂီတကို The Voice Myanmar မွာ ခ်ျပျပီး Winner ဆုၾကီးကို ရရွိသြားတဲ့ Novem Htoo ကိုေတာ့ ျပိဳင္ပြဲတေလွ်ာက္လံုးမွာ ေတာ္ေတာ္မ်ားမ်ားလည္း သတိထားမိၾကျပီးသား ျဖစ္မွာပါ။ Novem Htoo ကေတာ့ သူဆုရသြားတဲ့ ခံစားခ်က္နဲ႔ ေဝဖန္သူေတြနဲ႔ ပတ္သက္ျပီးလည္း ေျပာၾကားသြား ခဲ့ပါတယ္။

The Voice Myanmar Season 2 ရဲ့ Winner ျဖစ္တဲ့ Novem Htoo ကေတာ့ PannPwint နဲ႔ အင္တာဗ်ဴးတြင္ Winner ျဖစ္သြားတဲ့ခံစားခ်က္နဲ႔ ပတ္သက္ျပီး “ပါေတာ့ပါေနတယ္ေပါ့။ ဒီလိုမ်ိဳးျဖစ္သြားေတာ့လည္း အံ့ၾသသြားတယ္။ ေၾကာ္ျငာလိုက္တ့ဲအခ်ိန္မွာ က်ေနာ္ အ သြားတယ္။ က်ေနာ္မတ္တပ္ေတာင္ ေကာင္းေကာင္းမရပ္ႏုိင္ေတာ့ဘူး။ ျပီးေတာ့ က်ေနာ္က ဆုေတြဘာေတြလည္း တခါမွ မမွန္းဖူးဘူးေလ။ က်ေနာ့္မွ မဟုတ္ပါဘူး။ ကိုက်ားကိုယ္တိုင္ကလည္း မယံုႏိုင္ဘူး ျဖစ္ေနတယ္

ေဝဖန္မႈေတြနဲ႔ ပတ္သက္ျပီးေတာ့ “ေျပာရေတာ့ခက္တယ္ဗ်ာ။ ခုနက ေျပာသလို နံပါတ္တစ္က အရမ္းေရြးရခက္တယ္။ အဂၤလိပ္သီခ်င္းဆိုေတာ့လည္း မင္းကျမန္မာျပိဳင္ပြဲဝင္ျပီး ျမန္မာသီခ်င္းမဆိုဘူးလားတဲ့။ အဂၤလိပ္သီခ်င္းက်ေတာ့လည္း တိုင္လည္းပတ္ေရာ။ သီခ်င္းဖြင့္ေပးထားတာက်ေတာ့လည္း က်ေနာ္နဲ႔ လိုက္မလိုက္ကရွိေသးတယ္။ ဦးညီထြဋ္သီခ်င္းဆိုလည္း က်ေနာ္ဆိုျပတာပဲ။ အဲ့ဒါလည္း တလိုင္းထဲဆိုေတာ့ က်ေနာ္လည္း မေျပာတတ္ေတာ့ဘူး။ အဲ့ဒါဆို က်ေနာ္ Blue ဆိုတာ။ က်ေနာ့္ဟာေတြ ၾကည့္ခ်င္ရင္ေတာ့ က်ေနာ့္အေကာင့္မွာ ၾကည့္လို႔ရတယ္။ ဆဲတဲ့သူေတြကေတာ့ ဒီတိုင္းေနရင္းလည္းထိုင္ဆဲေနတာပဲေလ။ သူတို႔စိတ္ေျဖေဖ်ာက္ဖို႔အတြက္ ဆဲေနတယ္လို႔ က်ေနာ္ျမင္တယ္။ ဒီလိုေအာ္ေနလို႔ဆဲတာမွ မဟုတ္ဘူးေပါ့ေနာ္။ အဲ့အေပၚမွာလည္း က်ေနာ္ဘာမွ မျဖစ္ပါဘူး။ က်ေနာ္ကလည္း နဂိုကတည္းက ဂရုမစိုက္တတ္တ့ဲေကာင္ဆိုေတာ့”

ဆုလက္ေဆာင္ေတြကို ဘယ္လိုအသံုးျပဳသြားမလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “အဲ့လိုေတာ့ မေျပာျပတတ္ပါဘူး။ ဒီကားၾကီးကိုလည္း က်ေနာ္စီးခ်င္မွလည္း စီးမွာေလ။ အဓိကကေတာ့ က်ေနာ္ သီခ်င္းလုပ္မယ္။ အေခြလုပ္မယ္။ ရိႈးေတြလုပ္မယ္။ က်ေနာ့္ရည္ရြယ္ခ်က္ကေတာ့ ရွင္းရွင္းေလးပါ။ ကားရွိတာဘာမွမထူးဘူး။ က်ေနာ္ကားလည္း မေမာင္းတတ္ဘူး”



“က်ေနာ္အရမ္းေပ်ာ္ပါတယ္။ ေပ်ာ္လို႔လည္း ဘာေျပာလို႔ေျပာရမွန္းမသိပါဘူး။ အဲ့ေၾကာင့္လည္း က်ေနာ့္ကို နားလည္ေပးၾကပါ။ ေရွ႔မွာေျပာခဲ့သလိုပဲ က်ေနာ့္ ယံုၾကည္ခ်က္အတိုင္း က်ေနာ္ဆက္လုပ္မွာပါ။ က်ေနာ္ အရႈံးမေပးပါဘူး။ အရင္ကအႏိုင္က်င့္ခဲ့တဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ က်ေနာ့္ကို အားေပးၾကတဲ့ တႏိုင္ငံလံုးကသူေတြ ႏိုင္ငံျခားကလူေတြေရာ မြန္လူမ်ိဳးေတြေရာ အကုန္လံုးကို ေက်းဇူးတင္ပါတယ္။ အဓိကကေတာ့ က်ေနာ္ဆိုတာထက္ လမ္းသရဲဆန္တဲ့ ပံု က်ေနာ့္ရည္ရြယ္ခ်က္ကို နားလည္ေပးတဲ့သူေတြ လုပ္ျပႏိုင္တယ္လို႔ ယံုၾကည္တဲ့အတြက္ေၾကာင့္ ဒီဆုကိုေပးတယ္လို႔ ခံစားရပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: ဟီးဟီးဟားဟား

Unicode Version

မြန်မာနိုင်ငံမှာ အင်မတန်မှ ရှားပါးတဲ့ Metal ဂီတကို The Voice Myanmar မှာ ချပြပြီး Winner ဆုကြီးကို ရရှိသွားတဲ့ Novem Htoo ကိုတော့ ပြိုင်ပွဲတလျှောက်လုံးမှာ တော်တော်များများလည်း သတိထားမိကြပြီးသား ဖြစ်မှာပါ။ Novem Htoo ကတော့ သူဆုရသွားတဲ့ ခံစားချက်နဲ့ ဝေဖန်သူတွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားသွား ခဲ့ပါတယ်။



The Voice Myanmar Season 2 ရဲ့ Winner ဖြစ်တဲ့ Novem Htoo ကတော့ PannPwint နဲ့ အင်တာဗျူးတွင် Winner ဖြစ်သွားတဲ့ခံစားချက်နဲ့ ပတ်သက်ပြီး “ပါတော့ပါနေတယ်ပေါ့။ ဒီလိုမျိုးဖြစ်သွားတော့လည်း အံ့သြသွားတယ်။ ကြော်ငြာလိုက်တဲ့အချိန်မှာ ကျနော် အ သွားတယ်။ ကျနော်မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ဘူး။ ပြီးတော့ ကျနော်က ဆုတွေဘာတွေလည်း တခါမှ မမှန်းဖူးဘူးလေ။ ကျနော့်မှ မဟုတ်ပါဘူး။ ကိုကျားကိုယ်တိုင်ကလည်း မယုံနိုင်ဘူး ဖြစ်နေတယ်



ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့ “ပြောရတော့ခက်တယ်ဗျာ။ ခုနက ပြောသလို နံပါတ်တစ်က အရမ်းရွေးရခက်တယ်။ အင်္ဂလိပ်သီချင်းဆိုတော့လည်း မင်းကမြန်မာပြိုင်ပွဲဝင်ပြီး မြန်မာသီချင်းမဆိုဘူးလားတဲ့။ အင်္ဂလိပ်သီချင်းကျတော့လည်း တိုင်လည်းပတ်ရော။ သီချင်းဖွင့်ပေးထားတာကျတော့လည်း ကျနော်နဲ့ လိုက်မလိုက်ကရှိသေးတယ်။ ဦးညီထွဋ်သီချင်းဆိုလည်း ကျနော်ဆိုပြတာပဲ။ အဲ့ဒါလည်း တလိုင်းထဲဆိုတော့ ကျနော်လည်း မပြောတတ်တော့ဘူး။ အဲ့ဒါဆို ကျနော် Blue ဆိုတာ။ ကျနော့်ဟာတွေ ကြည့်ချင်ရင်တော့ ကျနော့်အကောင့်မှာ ကြည့်လို့ရတယ်။ ဆဲတဲ့သူတွေကတော့ ဒီတိုင်းနေရင်းလည်းထိုင်ဆဲနေတာပဲလေ။ သူတို့စိတ်ဖြေဖျောက်ဖို့အတွက် ဆဲနေတယ်လို့ ကျနော်မြင်တယ်။ ဒီလိုအော်နေလို့ဆဲတာမှ မဟုတ်ဘူးပေါ့နော်။ အဲ့အပေါ်မှာလည်း ကျနော်ဘာမှ မဖြစ်ပါဘူး။ ကျနော်ကလည်း နဂိုကတည်းက ဂရုမစိုက်တတ်တဲ့ကောင်ဆိုတော့”

ဆုလက်ဆောင်တွေကို ဘယ်လိုအသုံးပြုသွားမလဲဆိုတဲ့ မေးခွန်းကိုတော့ “အဲ့လိုတော့ မပြောပြတတ်ပါဘူး။ ဒီကားကြီးကိုလည်း ကျနော်စီးချင်မှလည်း စီးမှာလေ။ အဓိကကတော့ ကျနော် သီချင်းလုပ်မယ်။ အခွေလုပ်မယ်။ ရှိုးတွေလုပ်မယ်။ ကျနော့်ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါ။ ကားရှိတာဘာမှမထူးဘူး။ ကျနော်ကားလည်း မမောင်းတတ်ဘူး”



“ကျနော်အရမ်းပျော်ပါတယ်။ ပျော်လို့လည်း ဘာပြောလို့ပြောရမှန်းမသိပါဘူး။ အဲ့ကြောင့်လည်း ကျနော့်ကို နားလည်ပေးကြပါ။ ရှေ့မှာပြောခဲ့သလိုပဲ ကျနော့် ယုံကြည်ချက်အတိုင်း ကျနော်ဆက်လုပ်မှာပါ။ ကျနော် အရှုံးမပေးပါဘူး။ အရင်ကအနိုင်ကျင့်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်ကို အားပေးကြတဲ့ တနိုင်ငံလုံးကသူတွေ နိုင်ငံခြားကလူတွေရော မွန်လူမျိုးတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အဓိကကတော့ ကျနော်ဆိုတာထက် လမ်းသရဲဆန်တဲ့ ပုံ ကျနော့်ရည်ရွယ်ချက်ကို နားလည်ပေးတဲ့သူတွေ လုပ်ပြနိုင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဒီဆုကိုပေးတယ်လို့ ခံစားရပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: ဟီးဟီးဟားဟား

No comments:

Post a Comment