CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 20, 2019
New York Times သတင်းစာမှာတောင် ဖော်ပြခံလိုက်ရတဲ့ နန်းမွေစံ
နန်းမွေစံက ဂျူတီကုတ်နဲ့ နားကြပ်အစား ဘီကီနီနဲ့ ညှို့အားပြင်းတဲ့ဝတ်စုံတွေကို ရွေးချယ်ခဲ့တယ်လို့လည်း သတင်းထဲမှာရေးထားတဲ့အပြင် နန်းမွေစံဟာ သူ့ရဲ့ညို့အားပြင်းတဲ့ခန္ဓာကိုယ်အလှကိုFacebookပေါ်မှာလည်းတင်လာခဲ့တာကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီကဆေးကုသခွင့်လိုင်စင်ကိုပိတ်သိမ်းလိုက်ကြောင်းပါဖြော်ပထားခဲ့ပါတယ်။
Can’t Wait To Say
# Unicode Version # ဖြင့် ဖတ်ပါ #
မကြာသေးမီကမှ ဟိုးလေးတကျော်ဖြစ်သွားတဲ့ မော်ဒယ်နန်းမွေစံရဲ့ ဆေးကုသခွင့်လိုင်စင်အသိမ်းခံလိုက်ရတဲ့ ကိစ္စကို ပရိသတ်တော်တော်များများသိလိုက်ကြမှာပါ။
နန်းမွေစံဟာ သူ့ရဲ့ပွင့်လင်းမြင်သာတဲ့ပုံတွေ facebook ပေါ်တင်နေတာကို ရပ်ဖို့ အထက်ကတာဝန်ရှိသူတွေက သတိပေးခဲ့ပြီးနောက်မှာ နန်းမွေစံက ဂရုမစိုက်ပဲ ဆက်တင်နေခဲ့တဲ့အတွက်ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းလိုက်တာပါ။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မခံချိမခံသာဖြစ်နေကြတဲ့ ပရိသတ်တွေလည်းများစွာရှိသလို အနုပညာရှင်အသိုင်းအဝိုင်းထဲကလည်းနန်းမွေစံကိုအားပေးကြတဲ့သူတွေများစွာပေါ်ထွက်လာခဲ့တယ်ဆိုရင်မမှားပါဘူး။အဲဒီနောက်ပိုင်းမှာနန်းမွေစံဟာလွန်ခဲ့တဲ့ငါးနှစ်တုန်းကလက်ထပ်ခဲ့ဖူးတယ်ဆိုတဲ့ကောလဟလသတင်းတွေလည်းထွက်လာခဲ့ပါသေးတယ်။
အခုတော့ နန်းမွေစံဟာကမ္ဘာကျော်သွားခဲ့ပြီး မြန်မာကိုကမ္ဘာကသိအောင်လုပ်နိုင်ခဲ့ပြီလို့ဆိုရမှာပါ။ နန်းမွေစံက The New York Times သတင်းစာမှာတောင် ဖော်ပြခံနေရပါပြီ။ ကမ္ဘာ့အထင်ကရ သတင်းစာတိုက်ကြီးတွေထဲကတစ်ခုဖြစ်တဲ့The New York Times ရဲ့ Jun လ18 ရက်နေ့ Issue မှာ နန်းမွေစံကိုfeature ပြီးရေးထားတဲ့သတင်းတစ်ပုဒ်ပေါ်ထွက်လာခဲ့ပါတယ်။
သတင်းစာထဲမှာဖော်ပြထားတာကတော့ ဒေါက်တာနန်းမွေစံဟာ ဆက်ဆီမော်ဒယ်ဖြစ်ဖို့ ဆန္ဒရှိနေခဲ့ပြီး သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ရေးသားထားပါတယ်။
နန်းမွေစံက ဂျူတီကုတ်နဲ့ နားကြပ်အစား ဘီကီနီနဲ့ ညှို့အားပြင်းတဲ့ဝတ်စုံတွေကို ရွေးချယ်ခဲ့တယ်လို့လည်း သတင်းထဲမှာရေးထားတဲ့အပြင် နန်းမွေစံဟာ သူ့ရဲ့ညို့အားပြင်းတဲ့ခန္ဓာကိုယ်အလှကိုFacebookပေါ်မှာလည်းတင်လာခဲ့တာကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီကဆေးကုသခွင့်လိုင်စင်ကိုပိတ်သိမ်းလိုက်ကြောင်းပါဖောြ်ပထားခဲ့ပါတယ်။
အဲဒီဆောင်းပါးထဲမှာ စာရေးသူဟာ နန်းမွေစံဘက်ကရပ်တည်ပြီးရေးသားထားခဲ့တာကို “မြန်မာဆေးဘက်ဆိုင်ရာကောင်စီက အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်၊အထူးသဖြင့်နန်းမွေစံရဲ့ ခန္ဓာကိုယ်ကိုဒီလိုပြသနေခြင်းဟာ မသင့်လျော်ဘူးလို့ယူဆခဲ့ကြောင်းနဲ့ အဲဒါကြောင့်လည်း အတန်တန်သတိပေးပြီးမှ သတိပေးစကားတွေကိုနားမထောင်လို့ ဆမ သိမ်းခဲ့ရတာဖြစ်ကြောင်း”ရေးထားတာကို မြင်နိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ရခိုင်မှာဖြစ်နေတဲ့စစ်ပွဲတွေ၊ပြည်တွင်းစစ်တွေ၊ မျိုးတုန်းသတ်ဖြတ်မှုတွေကိုတော့ စိတ်မဝင်စားပဲနဲ့ မိန်းကလေးတစ်ယောက် ဘီကီနီနဲ့ပုံတွေတင်တာကိုတော့မျက်စိစပါးမွှေးစူးတယ်ပေါ့လို့အဓိပ္ပါယ်ရတဲ့စာသားတွေလည်းရေးသားထားတာတွေ့ရပါတယ်။
နန်းမွေစံကတော့ “ဒီမှာက လိင်ခွဲခြားမှုအရမ်းပြင်းထန်တယ်။ နောက်ပြီး အမျိုးသမီးတွေကို အမြင့်ပိုင်းနေရာတွေ မရောက်စေချင်ကြဘူး။ မိန်းကလေးတွေဝတ်သမျှကိုလည်းလိုက်ပြီး ကဲ့ရဲ့ပြစ်တင်ကြတယ်။ ဖြစ်နိုင်ရင်မိန်းကလေးတွေကို ဘောင်းဘီတောင်ပေးဝတ်ချင်ကြ တာမဟုတ်ဘူး”လို့ ပြောထားတယ်လို့လည်းဆောင်းပါးမှာပါရှိပါတယ်။
နန်းမွေစံကတော့ feature ခံရတဲ့ဆောင်းပါးကို ဂုဏ်ယူစွာနဲ့ သူမရဲ့page မှာ share ထားခဲ့တာတွေ့ရပါတယ်။ပရိသတ်ကြီးရော မြန်မာကိုကမ္ဘာကသိအောင်စွမ်းဆောင်ခဲ့တဲ့ နန်းမွေစံအတွက်ဂုဏ်ယူြုကလား။နန်းမွေစံကိုဆက်ပြီးတော့ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Can’t Wait To Say
New York Times သတင်းစာမှာတောင် ဖော်ပြခံလိုက်ရတဲ့ နန်းမွေစံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 20, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 20, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment