Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 20, 2019

ခ်စ္သူျပန္လာေစေသာ အစီအရင္မ်ား ယုံယုံၾကည္ၾကည္ျပဳလုပ္ပါ


၁။ ဖဲထုပ္တစ္ထုပ္ထဲမွ ညင္းဖဲနံပါတ္ (၉)၌ မိမိခ်စ္သူအမည္ကို ေရးပါ။ သခ်ႋဳင္းသို႔သြား၍ ဂူ တစ္ဂူကို ထိုဖဲခ်ပ္ျဖင့္ ခုနစ္ခ်က္ထိပါ။ မိမိခ်စ္သူ မိမိဆီ ျပန္လာ၏။ ေယာပညာျဖစ္ပါသည္။ ေအာက္ လမ္းပညာမဟုတ္ပါ။

၂။ ညသန္းေခါင္ယံ၌ မိမိအခန္းတြင္ မွန္ တစ္ခ်ပ္ ေထာင္ထားပါ။ ထိုမွန္ေရွ႕၌ မိမိစီးေနၾက ဖိနပ္ကို ေျပာင္းျပန္စီး၍ မိမိခ်စ္သူကို အာ႐ုံျပဳၿပီး ]ငါ့ဆီကို ျပန္လာခဲ့ပါ}ဟု စိတ္ထဲမွေျပာကာ ေနာက္ကို ေျခ ခုနစ္လွမ္းဆုတ္ပါ။

တစ္လွမ္း၌ တစ္ခါေျပာပါ။ခုနစ္လွမ္းျပည့္လွ်င္ ဖိနပ္ကို အတည့္ျပန္စီးကာ ခုန မွန္ေရွ႕သို႔ ]ငါ့ဆီကို အျမန္ဆုံးျပန္လာခဲ့ေစ}ဟု ေျပာ ၿပီး ေျခခုနစ္လွမ္း ျပန္သြားပါ။ မွန္အေရွ႕ေရာက္လွ်င္ ဖိနပ္ကို ခုထိုင္၍ မွန္ကို မိမိခ်စ္သူ အမွတ္ျဖင့္ မိမိ လိုရာစကားေျပာပါ။ ခုနစ္ည ဆက္တိုက္အခ်ိန္မွန္ ျပဳလုပ္ပါ။

မိမိခ်စ္သူသည္ မိမိအား သတိ အၿမဲ တမ္းရေစ၍ အျမန္ဆုံးျပန္လာ၏။ ျပန္ဆက္သြယ္၏။ ယုံၾကည္စြာျပဳလုပ္ပါေလ။ ေရွးေဟာင္း ျမန္မာ့ ေလာကီပညာရပ္တစ္ခုျဖစ္ပါသည္။

၃။ အသစ္ရွာၿပီးပစ္ခြာသြားေသာ မိမိခ်စ္သူ က ထိုအသစ္ကို အဆက္အသြယ္ျဖတ္ၿပီး မိမိအနား ကို အျမန္ဆုံးျပန္ကပ္လာေစနည္း

(၁) ေခြးေတာက္ႏြယ္ရဲ႕ အ႐ြက္ခပ္ႀကီးႀကီးတစ္႐ြက္

(၂) ခံတတ္ပင္ရဲ႕ အ႐ြက္ခပ္ႀကီးႀကီး တစ္႐ြက္

(၃) မိမိဝတ္ေနက် နားကပ္ႏွစ္ဖက္ (မရွိလွ်င္ ဖန္စီ နားကပ္အသစ္တစ္ရံကို အနည္းဆုံး တစ္ပတ္ခန႔္ မခြၽတ္တမ္း ဝတ္ပါ)

(၄) ေဘာလ္ပင္တစ္ေခ်ာင္း (မင္အျပာေရာင္)

ေခြးေတာက္ႏြယ္ အ႐ြက္အတြင္းမ်က္ႏွာဘက္မွာ အဖ်ားဘက္မွ အရင္းဘက္သို႔ ေအာက္ပါစာကိုေရးပါ။(ကြၽန္ေတာ္/ကြၽန္မ ခ်စ္သူ (—–)နဲ႔ခ်စ္ႀကိဳက္ ေနသူမ်ား အျမန္ဆုံးမုန္းတီး အဆက္အသြယ္ျပတ္ၿပီး ကြၽန္ေတာ္/ကြၽန္မ ခ်စ္သူက ကြၽန္ေတာ္/ကြၽန္မထံ အျမန္ဆုံး ျပန္ကပ္လာပါေစ) ခံတတ္႐ြက္ရဲ႕ အတြင္း မ်က္ႏွာေပၚမွာလည္း ေဘာလ္ပင္နဲ႔ ေအာက္ပါစာကို အ႐ြက္ဖ်ားမွ အရင္းဘက္သို႔ ေရးပါ။



(ကြၽန္ေတာ္/ကြၽန္မ ( ——) အနားသို႔ ကြၽန္ေတာ္/ကြၽန္မခ်စ္သူ (—-) အျမန္ဆုံးျပန္ ကပ္လာၿပီး ယခင္ကလို ခ်စ္ခင္ေပ်ာ္႐ႊင္စိတ္ခ်မ္းသာ ရပါေစ)

ညအိပ္ရာဝင္ခါနီးတိုင္း ဘယ္ဘက္နားကပ္ ကို ခြၽတ္၊ ေခြးေတာက္ႏြယ္႐ြက္နဲ႔ ထုတ္ၿပီး အိပ္ရာ ေခါင္းအုံး ဘယ္ဘက္ေအာက္မွာ ထားအိပ္ပါ။ ညာ ဘက္နားကပ္ကိုခြၽတ္၊ ခံတတ္႐ြက္နဲ႔ထုပ္၊ အိပ္ရာ ေခါင္းအုံး ညာဘက္ေအာက္မွာထား အိပ္ပါ။ မနက္ အိပ္ရာထခ်ိန္မွာ ဘယ္နားကပ္ ေခြးေတာက္႐ြက္ ထုပ္ကို ဘယ္လက္နဲ႔ကိုင္ၿပီး အ႐ြက္ေပၚက စာသား အတိုင္း ႏႈတ္က သုံးေခါက္႐ြတ္ပါ။

အလားတူ ညာ ဘက္နားကပ္ ခံတတ္႐ြက္ထုပ္ကို ညာလက္ႏွင့္ ကိုင္ ၿပီး ခံတတ္႐ြက္ေပၚက ေရးထားတဲ့စာအတိုင္း ေလး ေခါက္ ႐ြတ္ပါ။ အ႐ြက္မ်ားကို ဘယ္ညာ ေခါင္းအုံး ေအာက္မွာ ျပန္ထည့္ထားပါ။

အဲဒီလို႐ြတ္ၿပီးမွ ဘယ္ နားကပ္နဲ႔ ညာနားကပ္ကို တစ္ေနကုန္ ဝတ္ဆင္ ထားပါ။ ထိုအတိုင္း ညစဥ္လုပ္ပါ။ အ႐ြက္မ်ားကို တစ္ပတ္တစ္ႀကိမ္ျဖစ္ေစ အသစ္လဲႏိုင္သည္။ စိတ္ စူးစိုက္၍ ယုံၾကည္စြာလုပ္ေဆာင္ပါ။ ကိုးရက္အတြင္း ေအာင္ျမင္ေစ၏။

မွတ္ခ်က္။ ။ အ႐ြက္မ်ားေပၚတြင္ေရးေသာ စာကို ပထမဦးဆုံး စတင္ေရးခ်ိန္တြင္ ျမန္မာလဆန္း ၉ ရက္/ လဆုတ္ ၉ ရက္ တစ္ရက္ရက္တြင္ေရး သားက ပို၍ စြမ္းသည္။

စဝ္ခြန္ဖသိုင္# Unicode Version # ျဖင့္ ဖတ္ပါ #

၁။ ဖဲထုပ်တစ်ထုပ်ထဲမှ ညင်းဖဲနံပါတ် (၉)၌ မိမိချစ်သူအမည်ကို ရေးပါ။ သင်္ချိုင်းသို့သွား၍ ဂူ တစ်ဂူကို ထိုဖဲချပ်ဖြင့် ခုနစ်ချက်ထိပါ။ မိမိချစ်သူ မိမိဆီ ပြန်လာ၏။ ယောပညာဖြစ်ပါသည်။ အောက် လမ်းပညာမဟုတ်ပါ။

၂။ ညသန်းခေါင်ယံ၌ မိမိအခန်းတွင် မှန် တစ်ချပ် ထောင်ထားပါ။ ထိုမှန်ရှေ့၌ မိမိစီးနေကြ ဖိနပ်ကို ပြောင်းပြန်စီး၍ မိမိချစ်သူကို အာရုံပြုပြီး ]ငါ့ဆီကို ပြန်လာခဲ့ပါ}ဟု စိတ်ထဲမှပြောကာ နောက်ကို ခြေ ခုနစ်လှမ်းဆုတ်ပါ။

တစ်လှမ်း၌ တစ်ခါပြောပါ။ခုနစ်လှမ်းပြည့်လျှင် ဖိနပ်ကို အတည့်ပြန်စီးကာ ခုန မှန်ရှေ့သို့ ]ငါ့ဆီကို အမြန်ဆုံးပြန်လာခဲ့စေ}ဟု ပြော ပြီး ခြေခုနစ်လှမ်း ပြန်သွားပါ။ မှန်အရှေ့ရောက်လျှင် ဖိနပ်ကို ခုထိုင်၍ မှန်ကို မိမိချစ်သူ အမှတ်ဖြင့် မိမိ လိုရာစကားပြောပါ။ ခုနစ်ည ဆက်တိုက်အချိန်မှန် ပြုလုပ်ပါ။

မိမိချစ်သူသည် မိမိအား သတိ အမြဲ တမ်းရစေ၍ အမြန်ဆုံးပြန်လာ၏။ ပြန်ဆက်သွယ်၏။ ယုံကြည်စွာပြုလုပ်ပါလေ။ ရှေးဟောင်း မြန်မာ့ လောကီပညာရပ်တစ်ခုဖြစ်ပါသည်။

၃။ အသစ်ရှာပြီးပစ်ခွာသွားသော မိမိချစ်သူ က ထိုအသစ်ကို အဆက်အသွယ်ဖြတ်ပြီး မိမိအနား ကို အမြန်ဆုံးပြန်ကပ်လာစေနည်း

(၁) ခွေးတောက်နွယ်ရဲ့ အရွက်ခပ်ကြီးကြီးတစ်ရွက်

(၂) ခံတတ်ပင်ရဲ့ အရွက်ခပ်ကြီးကြီး တစ်ရွက်

(၃) မိမိဝတ်နေကျ နားကပ်နှစ်ဖက် (မရှိလျှင် ဖန်စီ နားကပ်အသစ်တစ်ရံကို အနည်းဆုံး တစ်ပတ်ခန့် မချွတ်တမ်း ဝတ်ပါ)

(၄) ဘောလ်ပင်တစ်ချောင်း (မင်အပြာရောင်)

ခွေးတောက်နွယ် အရွက်အတွင်းမျက်နှာဘက်မှာ အဖျားဘက်မှ အရင်းဘက်သို့ အောက်ပါစာကိုရေးပါ။(ကျွန်တော်/ကျွန်မ ချစ်သူ (—–)နဲ့ချစ်ကြိုက် နေသူများ အမြန်ဆုံးမုန်းတီး အဆက်အသွယ်ပြတ်ပြီး ကျွန်တော်/ကျွန်မ ချစ်သူက ကျွန်တော်/ကျွန်မထံ အမြန်ဆုံး ပြန်ကပ်လာပါစေ) ခံတတ်ရွက်ရဲ့ အတွင်း မျက်နှာပေါ်မှာလည်း ဘောလ်ပင်နဲ့ အောက်ပါစာကို အရွက်ဖျားမှ အရင်းဘက်သို့ ရေးပါ။

(ကျွန်တော်/ကျွန်မ ( ——) အနားသို့ ကျွန်တော်/ကျွန်မချစ်သူ (—-) အမြန်ဆုံးပြန် ကပ်လာပြီး ယခင်ကလို ချစ်ခင်ပျော်ရွှင်စိတ်ချမ်းသာ ရပါစေ)

ညအိပ်ရာဝင်ခါနီးတိုင်း ဘယ်ဘက်နားကပ် ကို ချွတ်၊ ခွေးတောက်နွယ်ရွက်နဲ့ ထုတ်ပြီး အိပ်ရာ ခေါင်းအုံး ဘယ်ဘက်အောက်မှာ ထားအိပ်ပါ။ ညာ ဘက်နားကပ်ကိုချွတ်၊ ခံတတ်ရွက်နဲ့ထုပ်၊ အိပ်ရာ ခေါင်းအုံး ညာဘက်အောက်မှာထား အိပ်ပါ။ မနက် အိပ်ရာထချိန်မှာ ဘယ်နားကပ် ခွေးတောက်ရွက် ထုပ်ကို ဘယ်လက်နဲ့ကိုင်ပြီး အရွက်ပေါ်က စာသား အတိုင်း နှုတ်က သုံးခေါက်ရွတ်ပါ။

အလားတူ ညာ ဘက်နားကပ် ခံတတ်ရွက်ထုပ်ကို ညာလက်နှင့် ကိုင် ပြီး ခံတတ်ရွက်ပေါ်က ရေးထားတဲ့စာအတိုင်း လေး ခေါက် ရွတ်ပါ။ အရွက်များကို ဘယ်ညာ ခေါင်းအုံး အောက်မှာ ပြန်ထည့်ထားပါ။

အဲဒီလိုရွတ်ပြီးမှ ဘယ် နားကပ်နဲ့ ညာနားကပ်ကို တစ်နေကုန် ဝတ်ဆင် ထားပါ။ ထိုအတိုင်း ညစဉ်လုပ်ပါ။ အရွက်များကို တစ်ပတ်တစ်ကြိမ်ဖြစ်စေ အသစ်လဲနိုင်သည်။ စိတ် စူးစိုက်၍ ယုံကြည်စွာလုပ်ဆောင်ပါ။ ကိုးရက်အတွင်း အောင်မြင်စေ၏။

မှတ်ချက်။ ။ အရွက်များပေါ်တွင်ရေးသော စာကို ပထမဦးဆုံး စတင်ရေးချိန်တွင် မြန်မာလဆန်း ၉ ရက်/ လဆုတ် ၉ ရက် တစ်ရက်ရက်တွင်ရေး သားက ပို၍ စွမ်းသည်။

စဝ်ခွန်ဖသိုင်

No comments:

Post a Comment