Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 20, 2019

အသားပိုေတြကို သဘာဝအတိုင္း ဖယ္ရွားေပးမယ့္ အသီးအႏွံမ်ား


အသားပိုေတြက အမ်ားအားျဖင့္ အႏၲရာယ္ မရွိသလို နာက်င္မႈလည္း မရွိပါဘူး ။ အသားပိုရွိလာရင္ လူေတြက ဖယ္ရွားၾကပါတယ္ ။ အသားပိုေတြက အဝလြန္ျခင္း ၊ ဆီးခ်ိဳေရာဂါနဲ႔ ဆက္စပ္ေနတယ္လို႔ အခ်ိဳ႕ သိပၸံပညာရွင္ေတြက ေျပာပါတယ္ ။

ေဟာ္မုန္း မညီမွ်လို႔လည္း အသားပိုေတြ ျဖစ္ပါတယ္ ။ အသားပိုေတြက အမ်ားအားျဖင့္ မ်က္ခုံး ၊ လည္ပင္ ၊ ရင္ဘတ္ ၊ ဂ်ိဳင္း ၊ ေပါင္ၿခံေနရာ တစ္ဝိုက္ေတြမွာ ရွိပါတယ္ ။ အသားပိုေတြ ေပ်ာက္သြားလို႔ လုပ္လို႔ရမယ့္ သဘာဝ နည္းလမ္းေတြ ရွိပါတယ္ ။

1. ဆရာဝန္ဆီ အရင္သြားပါ

အိမ္မွာ သဘာဝ အသီးအႏွံေတြနဲ႔ အသားပိုကို မဖယ္ရွားခင္မွာ ဆရာဝန္ဆီ အရင္သြားပါ ။ ဆရာဝန္က အသားပိုကို သံသယ ရွိတယ္ဆိုရင္ အသားမွ်င္ ဓာတ္ခြဲ စစ္ေဆးတာေတြကို လုပ္ေပးမွာပါ ။

2. ပန္းသီးရွာလကာရည္



ပန္းသီးရွာလကာရည္က က်န္းမာေရးအတြပ္ အမ်ားႀကီး အက်ိဳးရွိပါတယ္ ။ ပန္းသီးရွာလကာရည္မွာ အက္ဆစ္ဓာတ္ ပါဝင္တာေၾကာင့္ အေရျပား တစ္ရွဴးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္ ။

– ခ်ည္သား ပိတ္စေလးကို ပန္းသီး ရွာလကာရည္ထဲ ထည့္ၿပီး ေရညႇစ္ပါ ။
– ခ်ည္သား ပိတ္စကို အသားပိုေပၚမွာ ထားပါ ။
– ခ်ည္သား ပိတ္စေပၚကို အနာကပ္ ပလာစတာနဲ႔ ကပ္ေပးပါ ။
– တစ္ညၾကာ ထားေပး႐ုံပါပဲ ။
– အသားပိုမည္းၿပီး ကြာက်သြားတဲ့အထိ ေန႔စဥ္ လုပ္ေပးပါ ။

3. လက္ဖက္ဆီ



100 ရာခိုင္ႏႈန္းျပည့္ လက္ဖက္ဆီမွာ မႈိ ၊ ဘက္တီးရီးယားေတြကို ေသေစတဲ့ ဂုဏ္သတၱိ ရွိပါတယ္ ။ ဒီနည္းလမ္းက အႏၲရာယ္ ကင္းပါတယ္ ။

– အသားပို ရွိတဲ့ေနရာကို သန႔္ရွင္းေရး လုပ္ပါ ။
– ခ်ည္သား ပိတ္စေလးေပၚကို လက္ဖက္ဆီ 3 စက္ထည့္ပါ ။
– အသားပို ရွိတဲ့ေနရာကို ခ်ည္သား ပိတ္စေလးနဲ႔ ပြတ္ေပးပါ ။
– တစ္ရက္ကို 3 ႀကိမ္ ၊ 4 ႀကိမ္ ျပဳလုပ္ေပးလို႔ ရပါတယ္ ။

4. ေတာရႈံး ပင္ဆီႏွင့္ အုန္းဆီ



ေတာရႈံးပင္ဆီက မယ္လနင္ဓာတ္ ၊ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးပါတယ္ ။ အုန္းဆီက ႂကြက္ႏို႔ ၊ အသားမာေတြကို ကုသရာမွာ ထိေရာက္ပါတယ္ ။
– ေတာရႈံးပင္ဆီ 3 စက္နဲ႔ အုန္းဆီ 5 စက္ကို ေရာပါ ။
– အသားပို ရွိတဲ့ေနရာကို ေရေႏြနဲ႔ သန႔္ရွင္းပါ ။
– ေရာထားတဲ့ ဆီကို ခ်ည္သားပိတ္စနဲ႔ ဆြတ္ၿပီး အသားပို ရွိတဲ့ေနရာကို ထားေပးပါ ။
– အသားပို မည္းသြားၿပီး ကြာက်သြားတဲ့အထိ တစ္ေန႔ကို 2 ႀကိမ္ ၊ 3 ႀကိမ္ ျပဳလုပ္ေပးလို႔ ရပါတယ္ ။

5. သံပ႐ိုသီး



သံပ႐ိုသီးမွာ ဆီထရစ္အက္ဆစ္ ပါဝင္တာေၾကာင့္ ဆဲလ္ေသေတြနဲ႔ အသားပိုေတ္ကို ဖယ္ရွားဖို႔ ကူညီေပးပါတယ္ ။ သံပ႐ိုသီးကို ႏွစ္ပတ္ေလာက္ အသုံးျပဳေပးတဲ့အခါ အသားပိုက တျဖည္းျဖည္း ေသးသြားမွာပါ ။

– အသားပို ရွိတဲ့ေနရာကို သန႔္ရွင္းေပးပါ ။
– သံပ႐ိုသီးကို အရည္ညႇစ္ၿပီး ခ်ည္သားပိတ္စေလးနဲ႔ အသားပိုရွိ တဲ့ေနရာကို ပြတ္တိုက္ေပးပါ ။
– တစ္ေန႔ကို 2 ႀကိမ္ ၊ 3 ႀကိမ္ခန႔္ ျပဳလုပ္ေပးလို႔ ရပါတယ္ ။

6. ရွားေစာင္းလက္ပတ္



ရွားေစာင္းလက္ပတ္က အနာေတြကို သက္သာေစၿပီး အသားအေရကို ေခ်ာေမြ႕ေစပါတယ္ ။
-အသားပို ရွိတဲ့ေနရာကို သန႔္ရွင္းေရး လုပ္ေပးပါ ။
– ရွားေစာင္းလက္ပတ္ အႏွစ္နဲ႔ အသားပို ရွိတဲ့ေနရာကို ပြတ္တိုက္ေပးပါ ။
– တစ္ေန႔ကို 2 ႀကိမ္ ၊ 3 ႀကိမ္ခန႔္ ျပဳလုပ္ေပးႏိုင္ပါတယ္ ။

7. ၾကက္သြန္ျဖဴ



ၾကက္သြန္ျဖဴက မႈိေတြ ၊ ဘက္တီးရီးယားေတြ ၊ အသားပိုေတြကို ေပ်ာက္ကင္းေတဲ့ သဘာဝေဆးပါ ။ ၾကက္သြန္ျဖဴရဲ႕ အနံ႔က မေကာင္းေပမယ့္ အသားအေရကို ေခ်ာေမြ႕ေစပါတယ္ ။

– ၾကက္သြန္ျဖဴ 3 မႊာေလာက္ကို ေထာင္းပါ ။
– ၾကက္သြန္ျဖဴ ေထာင္းထားတာေလးကို ခ်ည္သား ပိတ္စေလးနဲ႔အတူ အသားပိုေပၚ ကပ္ေပးပါ ။
– ခ်ည္သား ပိတ္စကို အနာကပ္ ပလာစတာနဲ႔ ျပန္ကပ္ၿပီး တစ္ညလုံး ထားပါ ။
– ႏွစ္ည ၊ သုံးညခန႔္ ျပဳလုပ္ၿပီးရင္ေတာ့ ထူးျခားလာပါတယ္ ။

8. ငွက္ေပ်ာသီးအခြံ



ငွက္ေပ်ာသီး အခြံမွာ အစြမ္းေတြ ရွိပါတယ္ ။ ငွက္ေပ်ာသီးအခြံက အသားပိုေတြ ၊ အသားမာေတြကို ထိထိေရာက္ေရာက္ ဖယ္ရွား ေပးႏိုင္ပါတယ္ ။
– အသားပို ရွိတဲ့ေနရာကို သန႔္ရွင္းေရး လုပ္ပါ ။
– ငွက္ေပ်ာသီးခြံကို အပိုင္း ေသးေသးေလးတြျဖစ္ေအာင္ လွီးပါ ။
– ငွက္ေပ်ာသီးအခြံ အတြင္းသားကို အသားပိုေပၚ တင္ၿပီး အနာကပ္ ပလာစတာနဲ႔ ကပ္လိုက္ပါ ။
– တစ္ညတာ ထားေပး႐ုံပါပဲ ။
– အသားပို ကြာက်သြားတဲ့အထိ ညတိုင္း ျပဳလုပ္ေပးႏိုင္ပါတယ္ ။
Zombie ( Love အတိုစေလးမ်ား )
# Unicode Version # ျဖင့္ ဖတ္ပါ #

အသားပိုတွေက အများအားဖြင့် အန္တရာယ် မရှိသလို နာကျင်မှုလည်း မရှိပါဘူး ။ အသားပိုရှိလာရင် လူတွေက ဖယ်ရှားကြပါတယ် ။ အသားပိုတွေက အဝလွန်ခြင်း ၊ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတယ်လို့ အချို့ သိပ္ပံပညာရှင်တွေက ပြောပါတယ် ။

ဟော်မုန်း မညီမျှလို့လည်း အသားပိုတွေ ဖြစ်ပါတယ် ။ အသားပိုတွေက အများအားဖြင့် မျက်ခုံး ၊ လည်ပင် ၊ ရင်ဘတ် ၊ ဂျိုင်း ၊ ပေါင်ခြံနေရာ တစ်ဝိုက်တွေမှာ ရှိပါတယ် ။ အသားပိုတွေ ပျောက်သွားလို့ လုပ်လို့ရမယ့် သဘာဝ နည်းလမ်းတွေ ရှိပါတယ် ။

1. ဆရာဝန်ဆီ အရင်သွားပါ

အိမ်မှာ သဘာဝ အသီးအနှံတွေနဲ့ အသားပိုကို မဖယ်ရှားခင်မှာ ဆရာဝန်ဆီ အရင်သွားပါ ။ ဆရာဝန်က အသားပိုကို သံသယ ရှိတယ်ဆိုရင် အသားမျှင် ဓာတ်ခွဲ စစ်ဆေးတာတွေကို လုပ်ပေးမှာပါ ။

2. ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ကျန်းမာရေးအတွပ် အများကြီး အကျိုးရှိပါတယ် ။ ပန်းသီးရှာလကာရည်မှာ အက်ဆစ်ဓာတ် ပါဝင်တာကြောင့် အရေပြား တစ်ရှူးတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။

– ချည်သား ပိတ်စလေးကို ပန်းသီး ရှာလကာရည်ထဲ ထည့်ပြီး ရေညှစ်ပါ ။
– ချည်သား ပိတ်စကို အသားပိုပေါ်မှာ ထားပါ ။
– ချည်သား ပိတ်စပေါ်ကို အနာကပ် ပလာစတာနဲ့ ကပ်ပေးပါ ။
– တစ်ညကြာ ထားပေးရုံပါပဲ ။
– အသားပိုမည်းပြီး ကွာကျသွားတဲ့အထိ နေ့စဉ် လုပ်ပေးပါ ။

3. လက်ဖက်ဆီ

100 ရာခိုင်နှုန်းပြည့် လက်ဖက်ဆီမှာ မှို ၊ ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ် ။ ဒီနည်းလမ်းက အန္တရာယ် ကင်းပါတယ် ။

– အသားပို ရှိတဲ့နေရာကို သန့်ရှင်းရေး လုပ်ပါ ။
– ချည်သား ပိတ်စလေးပေါ်ကို လက်ဖက်ဆီ 3 စက်ထည့်ပါ ။
– အသားပို ရှိတဲ့နေရာကို ချည်သား ပိတ်စလေးနဲ့ ပွတ်ပေးပါ ။
– တစ်ရက်ကို 3 ကြိမ် ၊ 4 ကြိမ် ပြုလုပ်ပေးလို့ ရပါတယ် ။

4. တောရှုံး ပင်ဆီနှင့် အုန်းဆီ

တောရှုံးပင်ဆီက မယ်လနင်ဓာတ် ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ် ။ အုန်းဆီက ကြွက်နို့ ၊ အသားမာတွေကို ကုသရာမှာ ထိရောက်ပါတယ် ။
– တောရှုံးပင်ဆီ 3 စက်နဲ့ အုန်းဆီ 5 စက်ကို ရောပါ ။
– အသားပို ရှိတဲ့နေရာကို ရေနွေနဲ့ သန့်ရှင်းပါ ။
– ရောထားတဲ့ ဆီကို ချည်သားပိတ်စနဲ့ ဆွတ်ပြီး အသားပို ရှိတဲ့နေရာကို ထားပေးပါ ။
– အသားပို မည်းသွားပြီး ကွာကျသွားတဲ့အထိ တစ်နေ့ကို 2 ကြိမ် ၊ 3 ကြိမ် ပြုလုပ်ပေးလို့ ရပါတယ် ။

5. သံပရိုသီး

သံပရိုသီးမှာ ဆီထရစ်အက်ဆစ် ပါဝင်တာကြောင့် ဆဲလ်သေတွေနဲ့ အသားပိုတေ်ကို ဖယ်ရှားဖို့ ကူညီပေးပါတယ် ။ သံပရိုသီးကို နှစ်ပတ်လောက် အသုံးပြုပေးတဲ့အခါ အသားပိုက တဖြည်းဖြည်း သေးသွားမှာပါ ။

– အသားပို ရှိတဲ့နေရာကို သန့်ရှင်းပေးပါ ။
– သံပရိုသီးကို အရည်ညှစ်ပြီး ချည်သားပိတ်စလေးနဲ့ အသားပိုရှိ တဲ့နေရာကို ပွတ်တိုက်ပေးပါ ။
– တစ်နေ့ကို 2 ကြိမ် ၊ 3 ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ် ။

6. ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အနာတွေကို သက်သာစေပြီး အသားအရေကို ချောမွေ့စေပါတယ် ။
-အသားပို ရှိတဲ့နေရာကို သန့်ရှင်းရေး လုပ်ပေးပါ ။
– ရှားစောင်းလက်ပတ် အနှစ်နဲ့ အသားပို ရှိတဲ့နေရာကို ပွတ်တိုက်ပေးပါ ။
– တစ်နေ့ကို 2 ကြိမ် ၊ 3 ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ် ။

7. ကြက်သွန်ဖြူ

ကြက်သွန်ဖြူက မှိုတွေ ၊ ဘက်တီးရီးယားတွေ ၊ အသားပိုတွေကို ပျောက်ကင်းတေဲ့ သဘာဝဆေးပါ ။ ကြက်သွန်ဖြူရဲ့ အနံ့က မကောင်းပေမယ့် အသားအရေကို ချောမွေ့စေပါတယ် ။

– ကြက်သွန်ဖြူ 3 မွှာလောက်ကို ထောင်းပါ ။
– ကြက်သွန်ဖြူ ထောင်းထားတာလေးကို ချည်သား ပိတ်စလေးနဲ့အတူ အသားပိုပေါ် ကပ်ပေးပါ ။
– ချည်သား ပိတ်စကို အနာကပ် ပလာစတာနဲ့ ပြန်ကပ်ပြီး တစ်ညလုံး ထားပါ ။
– နှစ်ည ၊ သုံးညခန့် ပြုလုပ်ပြီးရင်တော့ ထူးခြားလာပါတယ် ။

8. ငှက်ပျောသီးအခွံ

ငှက်ပျောသီး အခွံမှာ အစွမ်းတွေ ရှိပါတယ် ။ ငှက်ပျောသီးအခွံက အသားပိုတွေ ၊ အသားမာတွေကို ထိထိရောက်ရောက် ဖယ်ရှား ပေးနိုင်ပါတယ် ။
– အသားပို ရှိတဲ့နေရာကို သန့်ရှင်းရေး လုပ်ပါ ။
– ငှက်ပျောသီးခွံကို အပိုင်း သေးသေးလေးတွဖြစ်အောင် လှီးပါ ။
– ငှက်ပျောသီးအခွံ အတွင်းသားကို အသားပိုပေါ် တင်ပြီး အနာကပ် ပလာစတာနဲ့ ကပ်လိုက်ပါ ။
– တစ်ညတာ ထားပေးရုံပါပဲ ။
– အသားပို ကွာကျသွားတဲ့အထိ ညတိုင်း ပြုလုပ်ပေးနိုင်ပါတယ် ။
Zombie ( Love အတိုစလေးများ )

No comments:

Post a Comment