Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 25, 2019

ဝိသမေလာဘသား.. ေဆးကုမၸဏီေတြ ၾကားထဲက… သူေတာ္ေကာင္း ကုမၸဏီတခု


“DKSH ” ေဆးကုမၸဏီတစ္ခုပါ.. သစၥာလမ္း(မိုးေကာင္းဘုရားလမ္းအနီး)မွာရွိပါတယ္။

ကာ ကြယ္ေ ဆးေတြ၊ ကင္ဆာေဆးေတြ အမ်ားဆုံးတင္သြင္းေရာင္းခ်တာပါ။ ဒီကုမၸဏီနဲ႕ ၂၀၁၄ခုနစ္ကစဆက္သြယ္ခဲ့ျဖစ္တယ္။ အမ်ိဳးသမီးအတြက္ကင္ဆာေဆးေတြဝယ္ခဲ့ရလိုပါ။ ၂လစာဝယ္ၿပီးလ်င္ ၂လစာအလကားေပးပါတယ္။ ၆လစာဝယ္ၿပီးလို႔လူနာအသက္ရွင္ေနလ်င္… အသက္ရွင္ေနသ၍အလကားေပးပါတယ္…။

အဲ ဒီ လို ဘဲ… ဘီကာကြယ္ေဆး၊စီကုသေဆးေတြကိုလည္း ဘယ္နစ္ခါဝယ္၊ဘယ္ႏွစ္ခါအလကားေပးစနစ္နဲ႕ေရာင္းခ်ပါတယ္။ ကုသေနတယ္ဆိုတဲ့ဆရာဝန္ရဲ႕ေဆးမွတ္တမ္းပါရပါတယ္။ သူ႕မွာဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားမွလူနာမ်ားကိုကူညီတဲ့အစီအစဥ္တစ္ရပ္ ပါလာဘာတယ္… အဲဒီ့အစီအစဥ္ပါformမ်ားနဲ႕ဆရာဝန္ေထာက္ခံခ်က္နဲ႕အတူ တင္ျပေလ်ာက္ထားလိုက္လ်င္ contributeလုပ္တဲ့အစီအစဥ္ေလးကိုခံစားရရွိခဲ့ဘူးပါတယ္။ အလြန္ေဈးႀကီးတဲ့ေဆးေတြေပမဲ့…အျခားနိုင္ငံမ်ားထက္ မ်ားစြာသက္သာခဲ့ပါတယ္…။

အ ခု တုတ္ေ ကြး ကာကြယ္ေဆးေတြကို… အခ်ိန္ရာသီကိုက္…အခြင့္ေရးသမားမ်ားက… အဆမတန္ေဈးမ်ားနဲ႕ျပည္သူကိုဂုတ္ေသြးစုတ္အျမတ္ထုတ္ေနၾက တာfbသတင္းမွာေတြ႕ရေတာ့…အေတာ္စိတ္တိုတယ္.. သူမ်ားဒုကၡေရာက္ေလ၊ပိုက္ဆံပိုရေလဆိုတဲ့ေအာက္တန္းစား စိတ္ဓာတ္ရွိသူေတြကိုလည္းရႈံ႕ခ်ခ်င္တယ္…။

၁၇.၆.၂၀၁၉ေန႕က ဘဲအိမ္ကလူ၅ေယာက္… DKSH ကဝယ္ထိုးတာ..၁၄၉၀၀က်ပ္ဘဲေပးရပါတယ္..။ မေန႕ကထဲက…. တခ်ိဳ႕ပုဂၢလိကေဆး႐ုံေတြမွာ ၉၀၀၀၀က်ပ္နဲ႕ဖဲ့ေနပါတယ္..။ ယခုညေန ၃နာရီေလာက္ကDKSH ကိုဖုန္းနဲ႕ဆက္သြယ္လိုက္ပါတယ္….။ သူတို႔ဆီမွာေဆးျပတ္ေနေၾကာင္း… လြန္ခဲ့သည့္တစ္ရက္၊ႏွစ္ရက္ေဆးျပတ္သြားခ်ိန္ထိ… ၁၄၉၀၀က်ပ္နဲ႕သာေရာင္းပါေၾကာင္း… ၂၇.၆.၂၀၁၉ ေန႕မွာတုတ္ေကြးကာကြယ္ေဆး(လူႀကီး) ေရာက္ဖို႔ရွိေၾကာင္းနဲ႕…ဖုန္းဆက္ၾကည့္ဖို႔ေျပာပါတယ္။ ေရာက္ခဲ့လ်င္လည္းပုံမွန္ေဈးျဖင့္သာေရာင္းခ်မွာျဖစ္ေၾကာင္း ေျပာပါတယ္…။

ျပင္ ပ source ကမတက္ဘဲ… ကးူစက္ေရာဂါေပၚေပါက္လာမႈေပၚ… မ်က္ျဖဳဆိုက္ေလ၊ဆရာႀကိဳက္ေလလုပ္တဲ့… ေအာက္တန္းစားအခြင့္အေရးသမားေတြကိုအျပတ္ရႈံ႕ခ်တယ္။ က်န္းမာေရးဝန္ႀကီးဌာနအေနႏွင့္လည္းဥပေဒႏွင့္ကိုင္တြယ္ေပး ေစလိုတယ္..အမ်ိဳးသားက်န္းမာေရးတာဝန္တရပ္ျဖစ္တယ္။ DKSH ကိုအထူးေက်းဇူးတင္တယ္… လိုအပ္ခ်က္ရွိတဲ့လူေတြကိုဆက္လက္ contribute လုပ္ေပးနိုင္ ပါေစလို႔ဆႏၵျပဳပါတယ္။ DKSHဆက္သြယ္ရန္ဖုန္း…၀၉၄၄၄၄၃၈၁၆၀ ။

တုတ္ေ ကြး မကူးစက္ေအာင္ကိုယ္ခံအားေကာင္းေအာင္ေနပါ။ လက္ကိုစဥ္က်ယ္စြာေဆးပါ။ သိပ္ေၾကာက္ၿပီးတ႐ုံး႐ုံးနဲ႕ကာကြယ္ေဆးစြတ္ထိုးေနၾကလ်င္.. မ်က္ျဖဴဆိုက္ေလဆရာႀကိဳက္ေလျဖစ္ေနပါလိမ့္မယ္။

(မွတ္ခ်က္။ DKSH ဝန္ထမ္းမဟုတ္ပါ။ေၾကာ္ျငာသူမဟုတ္ပါ။ ျပည္သူအေပၚမတရားလုပ္စားေနတာေတြေတြ႕လို႔ ျပည္သူမ်ားသက္ သာေစလိုေသာဆႏၵျဖင့္တင္ျပခ်င္းသက္သက္သာျဖစ္သည္။)

Htin Kyaw

Credit:

Unicode Version
“DKSH ” ဆေးကုမ္ပဏီတစ်ခုပါ.. သစ္စာလမ်း(မိုးကောင်းဘုရားလမ်းအနီး)မှာရှိပါတယ်။

ကာကွယ်ဆေးတွေ၊ကင်ဆာဆေးတွေ အများဆုံးတင်သွင်းရောင်းချတာပါ။ ဒီကုမ္ပဏီနဲ့ ၂၀၁၄ခုနစ်ကစဆက်သွယ်ခဲ့ဖြစ်တယ်။ အမျိုးသမီးအတွက်ကင်ဆာဆေးတွေဝယ်ခဲ့ရလိုပါ။ ၂လစာဝယ်ပြီးလျင် ၂လစာအလကားပေးပါတယ်။ ၆လစာဝယ်ပြီးလို့လူနာအသက်ရှင်နေလျင်… အသက်ရှင်နေသ၍အလကားပေးပါတယ်…။

အဲဒီလိုဘဲ… ဘီကာကွယ်ဆေး၊စီကုသဆေးတွေကိုလည်း ဘယ်နစ်ခါဝယ်၊ဘယ်နှစ်ခါအလကားပေးစနစ်နဲ့ရောင်းချပါတယ်။ ကုသနေတယ်ဆိုတဲ့ဆရာဝန်ရဲ့ဆေးမှတ်တမ်းပါရပါတယ်။ သူ့မှာဖွံ့ဖြိုးဆဲနိုင်ငံများမှလူနာများကိုကူညီတဲ့အစီအစဉ်တစ်ရပ် ပါလာဘာတယ်… အဲဒီ့အစီအစဉ်ပါformများနဲ့ဆရာဝန်ထောက်ခံချက်နဲ့အတူ တင်ပြလျောက်ထားလိုက်လျင် contributeလုပ်တဲ့အစီအစဉ်လေးကိုခံစားရရှိခဲ့ဘူးပါတယ်။ အလွန်ဈေးကြီးတဲ့ဆေးတွေပေမဲ့…အခြားနိုင်ငံများထက် များစွာသက်သာခဲ့ပါတယ်…။

အခုတုတ်ကွေးကာကွယ်ဆေးတွေကို… အချိန်ရာသီကိုက်…အခွင့်ရေးသမားများက… အဆမတန်ဈေးများနဲ့ပြည်သူကိုဂုတ်သွေးစုတ်အမြတ်ထုတ်နေကြ တာfbသတင်းမှာတွေ့ရတော့…အတော်စိတ်တိုတယ်.. သူများဒုက္ခရောက်လေ၊ပိုက်ဆံပိုရလေဆိုတဲ့အောက်တန်းစား စိတ်ဓာတ်ရှိသူတွေကိုလည်းရှုံ့ချချင်တယ်…။

၁၇.၆.၂၀၁၉နေ့ကဘဲအိမ်ကလူ၅ယောက်… DKSH ကဝယ်ထိုးတာ..၁၄၉၀၀ကျပ်ဘဲပေးရပါတယ်..။ မနေ့ကထဲက…. တချို့ပုဂ္ဂလိကဆေးရုံတွေမှာ ၉၀၀၀၀ကျပ်နဲ့ဖဲ့နေပါတယ်..။ ယခုညနေ ၃နာရီလောက်ကDKSH ကိုဖုန်းနဲ့ဆက်သွယ်လိုက်ပါတယ်….။ သူတို့ဆီမှာဆေးပြတ်နေကြောင်း… လွန်ခဲ့သည့်တစ်ရက်၊နှစ်ရက်ဆေးပြတ်သွားချိန်ထိ… ၁၄၉၀၀ကျပ်နဲ့သာရောင်းပါကြောင်း… ၂၇.၆.၂၀၁၉ နေ့မှာတုတ်ကွေးကာကွယ်ဆေး(လူကြီး) ရောက်ဖို့ရှိကြောင်းနဲ့…ဖုန်းဆက်ကြည့်ဖို့ပြောပါတယ်။ ရောက်ခဲ့လျင်လည်းပုံမှန်ဈေးဖြင့်သာရောင်းချမှာဖြစ်ကြောင်း ပြောပါတယ်…။

ပြင်ပ source ကမတက်ဘဲ… ကူးစက်ရောဂါပေါ်ပေါက်လာမှုပေါ်… မျက်ဖြုဆိုက်လေ၊ဆရာကြိုက်လေလုပ်တဲ့… အောက်တန်းစားအခွင့်အရေးသမားတွေကိုအပြတ်ရှုံ့ချတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့်လည်းဥပဒေနှင့်ကိုင်တွယ်ပေး စေလိုတယ်..အမျိုးသားကျန်းမာရေးတာဝန်တရပ်ဖြစ်တယ်။ DKSH ကိုအထူးကျေးဇူးတင်တယ်… လိုအပ်ချက်ရှိတဲ့လူတွေကိုဆက်လက် contribute လုပ်ပေးနိုင် ပါစေလို့ဆန္ဒပြုပါတယ်။ DKSHဆက်သွယ်ရန်ဖုန်း…၀၉၄၄၄၄၃၈၁၆၀ ။

တုတ်ကွေးမကူးစက်အောင်ကိုယ်ခံအားကောင်းအောင်နေပါ။ လက်ကိုစဉ်ကျယ်စွာဆေးပါ။ သိပ်ကြောက်ပြီးတရုံးရုံးနဲ့ကာကွယ်ဆေးစွတ်ထိုးနေကြလျင်.. မျက်ဖြူဆိုက်လေဆရာကြိုက်လေဖြစ်နေပါလိမ့်မယ်။

(မှတ်ချက်။ DKSH ဝန်ထမ်းမဟုတ်ပါ။ကြော်ငြာသူမဟုတ်ပါ။ ပြည်သူအပေါ်မတရားလုပ်စားနေတာတွေတွေ့လို့ ပြည်သူများသက် သာစေလိုသောဆန္ဒဖြင့်တင်ပြချင်းသက်သက်သာဖြစ်သည်။)

Htin Kyaw

No comments:

Post a Comment