Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 3, 2019

ကေလးငယ္ ႏွင့္ နားဖာေခ်း သိေကာင္းစရာ


နားဖာေခ်း ဘယ္လိုျဖစ္လာသလဲ။

နားလမ္းေၾကာင္း မွ အေရျပားတြင္ မျမင္ရေသာ အရည္အိတ္ေလးမ်ားက ပ်စ္ခၽြဲခၽြဲအရည္တစ္မ်ိဳးကို သဘာဝအေလ်ာက္ထုတ္ပါသည္။ ထိုအရည္က ျပင္ပေလထုထဲမွ ဝင္လာေသာ ဖုန္မႈန္႔မ်ားကို အတြင္းနားစည္ထဲမေရာက္ခင္ ဖမ္းယူ၍ နားဖာေခ်းျဖစ္လာသည္။ ကေလးနားဖာေခ်းအေရာင္က မ်ိဳး႐ိုးလိုက္၍ ေမေမ (သို႔) ေဖေဖ့ နားဖာေခ်းႏွင့္ ဆင္ပါလိမ့္မည္။
နားဖာေခ်းရဲ႕ အေရးပါမႈ

နားဖာေခ်းက ျပင္ပမွ ဝင္လာေသာ ဖုန္ႏွင့္ အျခားအႏၲရာယ္မ်ားကို နားတြင္းမွ နားစည္ႏွင့္ မထိေတြ႕ေအာင္ ၾကားခံေပးသည္။

နားဖာေခ်းက အက္ဆစ္ဓာတ္ျဖစ္၍ နားလမ္းေၾကာင္းအတြင္း ဘက္တီးရီးယားပိုးမ်ား ႀကီးထြားမႈကို ဖ်က္ဆီးၿပီး နားစည္မေရာင္ေအာင္ ကာကြယ္ေပးသည္။

နားဖာေခ်းက အက္ဆစ္ဓာတ္ျဖစ္၍ နားတြင္း ေရဝင္ပါမ်ားေသာသူမ်ားတြင္ ျဖစ္တတ္ေသာ မွိ ုစြဲျခင္းကို ကာကြယ္ေပးႏိုင္သည္။

နားဖာေခ်းတြင္ အဆီဓာတ္ပါ၍ နားလမ္းေၾကာင္းတြင္း မေတာ္တဆဝင္လာေသာေရကို အေရျပားတြင္းစိမ့္ဝင္ျခင္းမရွိေအာင္ကာကြယ္ေပးသည္။ ထို႔ေၾကာင့္ တခါတရံ နားထဲသို႔ ေရမေတာ္တဆဝင္သြားလွ်င္ အတြင္းကို စိမ့္မဝင္သြားဘဲ အျပင္သို႔ လွ်ံထြက္လာပါသည္။
နားဖာေခ်း ေကာ္ဖို႔လိုလား။

နားလမ္းေၾကာင္းမွ အေရျပား၏ အေပၚဆံုးလႊာက သဘာဝအေလ်ာက္ အသစ္လဲလွ်င္ နားဖာေခ်းကို အျပင္သိ့ုတြန္းထုတ္၍ နားဖာေခ်းက နားဝေရာက္လာကာ ထြက္က်လာပါလိမ့္မည္။

နားၾကပ္တံ ဂြမ္းေခ်ာင္းသံုး၍ ဖယ္ရွားဖို႔ႀကိဳးစားလွ်င္ နားဖာေခ်းကို နားတြင္းသို႔ တြန္းထည့္သလိုျဖစ္ၿပီး နားစည္ဖိမိႏိုင္ပါသည္။ ကေလးနာလိမ့္မည္။

ဆံၫွပ္ကလစ္မ်ား၊ နားေကာ္တံမ်ားႏွင့္ နားဖာေခ်းကို ဖယ္ရွားဖို႔ႀကိဳးစားလွ်င္ ကေလး႐ုန္းသည္ႏွင့္ နားစည္ထိခိုက္ႏိုင္၊ နားစည္ ေပါက္ႏိုင္ပါသည္။
နားသန္႔ရွင္းေရး ဘယ္လိုလုပ္မလဲ။

ေရခ်ိဳးေပးလွ်င္ “နားရြက္”၏အတြင္းအျပင္ကို (နားတြင္းျပင္မဟုတ္ပါ) အဝတ္ေရစိုႏွင့္ သုတ္ေပးလွ်င္ လံုေလာက္ပါသည္။
ေရပက္ျခင္း၊ ေရေလာင္းျခင္းမျပဳပါႏွင့္။

တစ္လတစ္ႀကိမ္ စစ္ေဆးသည့္အေနႏွင့္ နားရြက္ကေလးကို အေပၚဘက္၊ အေနာက္ဘက္ ျဖည္းျဖည္းဆြဲမ၍ ကေလး၏ နားထဲေခ်ာင္းၾကည့္ပါ။ နားဖာေခ်းက နားလမ္းေၾကာင္းကို မျမင္ရေလာက္ေအာင္ ပိတ္ဆို႔မေနလွ်င္ သဘာဝအတိုင္းထြက္လာဖို႔သာ ေစာင့္ပါ။
နားဖာေခ်း ပိတ္ဆို႔ေသာ္

အခ်ိဳ႕ကေလးမ်ားက ပံုမွန္ထက္ နားဖာေခ်းပိုထြက္လွ်င္၊ နားလမ္းေၾကာင္းက ပံုမွန္ထက္ ပိုက်ဥ္းလွ်င္၊ နားၾကားကိရိယာတပ္ရလွ်င္ နားဖာေခ်းက အျပင္သို႔ အလိုလိုထြက္လာရမည့္အစား အတြင္းတြင္ ပိတ္ဆို႔မႈလြန္ကဲၿပီး နားၾကားမႈ အခက္အခဲ ယာယီရွိႏိုင္သည္။ ကေလးက နားကိုက္ျခင္း၊ ေခါင္းမူးျခင္း၊ နားထဲ ျပည့္တင္းေနျခင္း၊ နားအူျခင္းတို႔ ခံစားရႏိုင္သည္။

ထိုျပႆနာ ျဖစ္ေသာ္ နားဖာေခ်းအခဲ ေပ်ာ္က်လာေစရန္ သံလြင္ဆီ (သို႔) Waxsol, Cerumol စေသာ ေဆးရည္စက္ကို နားထဲ ညဘက္ထည့္ေပးပါ။ ထည့္ၿပီးလွ်င္ ၅-၁၀ မိနစ္ ေခါင္းေစာင္းထားခိုင္းပါ။ အမ်ားအားျဖင့္ ၁ ရက္မွ ၃ ရက္ေလာက္ထည့္ေပးလွ်င္ နားဖာေခ်းက အျပင္သို႔ေပ်ာ္ၿပီး ထြက္က်လာပါလိမ့္မည္။
နေနမိုးေဆြ

#Unicode Version# ျဖင့္ဖတ္ပါ ။

နားဖာချေး ဘယ်လိုဖြစ်လာသလဲ။

နားလမ်းကြောင်း မှ အရေပြားတွင် မမြင်ရသော အရည်အိတ်လေးများက ပျစ်ချွဲချွဲအရည်တစ်မျိုးကို သဘာဝအလျောက်ထုတ်ပါသည်။ ထိုအရည်က ပြင်ပလေထုထဲမှ ဝင်လာသော ဖုန်မှုန့်များကို အတွင်းနားစည်ထဲမရောက်ခင် ဖမ်းယူ၍ နားဖာချေးဖြစ်လာသည်။ ကလေးနားဖာချေးအရောင်က မျိုးရိုးလိုက်၍ မေမေ (သို့) ဖေဖေ့ နားဖာချေးနှင့် ဆင်ပါလိမ့်မည်။
နားဖာချေးရဲ့ အရေးပါမှု

နားဖာချေးက ပြင်ပမှ ဝင်လာသော ဖုန်နှင့် အခြားအန္တရာယ်များကို နားတွင်းမှ နားစည်နှင့် မထိတွေ့အောင် ကြားခံပေးသည်။

နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်၍ နားလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးများ ကြီးထွားမှုကို ဖျက်ဆီးပြီး နားစည်မရောင်အောင် ကာကွယ်ပေးသည်။

နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်၍ နားတွင်း ရေဝင်ပါများသောသူများတွင် ဖြစ်တတ်သော မှိ ုစွဲခြင်းကို ကာကွယ်ပေးနိုင်သည်။

နားဖာချေးတွင် အဆီဓာတ်ပါ၍ နားလမ်းကြောင်းတွင်း မတော်တဆဝင်လာသောရေကို အရေပြားတွင်းစိမ့်ဝင်ခြင်းမရှိအောင်ကာကွယ်ပေးသည်။ ထို့ကြောင့် တခါတရံ နားထဲသို့ ရေမတော်တဆဝင်သွားလျှင် အတွင်းကို စိမ့်မဝင်သွားဘဲ အပြင်သို့ လျှံထွက်လာပါသည်။
နားဖာချေး ကော်ဖို့လိုလား။

နားလမ်းကြောင်းမှ အရေပြား၏ အပေါ်ဆုံးလွှာက သဘာဝအလျောက် အသစ်လဲလျှင် နားဖာချေးကို အပြင်သိ့ုတွန်းထုတ်၍ နားဖာချေးက နားဝရောက်လာကာ ထွက်ကျလာပါလိမ့်မည်။

နားကြပ်တံ ဂွမ်းချောင်းသုံး၍ ဖယ်ရှားဖို့ကြိုးစားလျှင် နားဖာချေးကို နားတွင်းသို့ တွန်းထည့်သလိုဖြစ်ပြီး နားစည်ဖိမိနိုင်ပါသည်။ ကလေးနာလိမ့်မည်။

ဆံညှပ်ကလစ်များ၊ နားကော်တံများနှင့် နားဖာချေးကို ဖယ်ရှားဖို့ကြိုးစားလျှင် ကလေးရုန်းသည်နှင့် နားစည်ထိခိုက်နိုင်၊ နားစည် ပေါက်နိုင်ပါသည်။
နားသန့်ရှင်းရေး ဘယ်လိုလုပ်မလဲ။

ရေချိုးပေးလျှင် “နားရွက်”၏အတွင်းအပြင်ကို (နားတွင်းပြင်မဟုတ်ပါ) အဝတ်ရေစိုနှင့် သုတ်ပေးလျှင် လုံလောက်ပါသည်။
ရေပက်ခြင်း၊ ရေလောင်းခြင်းမပြုပါနှင့်။

တစ်လတစ်ကြိမ် စစ်ဆေးသည့်အနေနှင့် နားရွက်ကလေးကို အပေါ်ဘက်၊ အနောက်ဘက် ဖြည်းဖြည်းဆွဲမ၍ ကလေး၏ နားထဲချောင်းကြည့်ပါ။ နားဖာချေးက နားလမ်းကြောင်းကို မမြင်ရလောက်အောင် ပိတ်ဆို့မနေလျှင် သဘာဝအတိုင်းထွက်လာဖို့သာ စောင့်ပါ။
နားဖာချေး ပိတ်ဆို့သော်

အချို့ကလေးများက ပုံမှန်ထက် နားဖာချေးပိုထွက်လျှင်၊ နားလမ်းကြောင်းက ပုံမှန်ထက် ပိုကျဉ်းလျှင်၊ နားကြားကိရိယာတပ်ရလျှင် နားဖာချေးက အပြင်သို့ အလိုလိုထွက်လာရမည့်အစား အတွင်းတွင် ပိတ်ဆို့မှုလွန်ကဲပြီး နားကြားမှု အခက်အခဲ ယာယီရှိနိုင်သည်။ ကလေးက နားကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နားထဲ ပြည့်တင်းနေခြင်း၊ နားအူခြင်းတို့ ခံစားရနိုင်သည်။

ထိုပြဿနာ ဖြစ်သော် နားဖာချေးအခဲ ပျော်ကျလာစေရန် သံလွင်ဆီ (သို့) Waxsol, Cerumol စသော ဆေးရည်စက်ကို နားထဲ ညဘက်ထည့်ပေးပါ။ ထည့်ပြီးလျှင် ၅-၁၀ မိနစ် ခေါင်းစောင်းထားခိုင်းပါ။ အများအားဖြင့် ၁ ရက်မှ ၃ ရက်လောက်ထည့်ပေးလျှင် နားဖာချေးက အပြင်သို့ပျော်ပြီး ထွက်ကျလာပါလိမ့်မည်။
နေနေမိုးဆွေ

No comments:

Post a Comment