Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 26, 2019
မောင်ညို မှိုင်း
ကားသတင်းစုံ
Unicode Version
ရန်ကုန်-ပြည်အဝေးပြေးလမ်းမပေါ်က ပရလောကသားများ ကြီးစိုးနေတဲ့ မိုင်တိုင် ၈၆ (ဖြစ်ရပ်မှန်)
ရန်ကုန်-ပြည်အဝေးပြေးလမ်းမကြီးရဲ့ဒီနေရာ လက်ပံတန်းမြို့မှကြိုဆိုပါ၏ ဆိုတဲ့မြို့နယ်အစ ဆိုင်းဘုတ်တင်ထားတဲ့ ၈၆ မိုင် ကနေ ၈၇/၈၈/၈၉ ၃မိုင်လောက်အကွာဝေး ချမ်းသာကုန်းဆိုတဲ့ရွာလေးကိုတွေ့ရင် ကားသမား/ဆိုင်ကယ်သမားများ အထူးသတိထား မောင်းနှင်ကြပါရန်လေးစားစွာသတိပေးပါရစေ။
လမ်းကိုကြည့်ပါ ဖြူးဖြောင့်ပြီးမျက်ကွယ်မရှိပါ။ သို့သော်အဲဒီလမ်းပိုင်းလေးမှာ မျက်ရည်ကျခဲ့ရတဲ့မိသားစုတွေ ဘဝပျက်ခဲ့ ရတဲ့မိသားစုတွေ မပြန်လမ်းမြန်းသွားခဲ့ရတဲ့လူကြီးလူငယ်လူရွယ်တွေ ထောင်နန်းစံသွားရတဲ့ယဉ်မောင်းတွေ များခဲ့ရပြီ။ ပရိတ်လဲရွတ်မရ ကမ္မဝါလဲဖတ်မရ။
ပုံမှန်လို ရက်ပတ်နဲ့ကိုဖြစ်နေတာပါ။ သေရင်သေ မသေရင် အသဲသန်။ ထို့ကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဲ့ဒီနေရာလေးကို ရောက်ရင် မိမိမောင်းနှင်ရာ ယာဉ်ကိုအရှိန်လျှော့ပြီး ဂရုစိုက်မောင်းနှင်ကြပါရန် နယ်ခံတစ်ဦး အနေနှင့် လေးစားစွာသတိပေးပါရစေခင်ဗျာ။ ။ ။
မောင်ညို မှိုင်း
 ကားသတင်းစုံ
No comments:
Post a Comment