Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 23, 2019

ေတာ္ေတာ္ေလး သေဘာက်မိတဲ့ ..အခမဲ့.. ေရြ႕လ်ားအထည္ဆိုင္... လိုတဲ႔သူယူ … ပိုတဲ႔သူ လွဴ


တကယ္လိုအပ္တဲ႔သူေတြရဲ႕ အေပ်ာ္ေတြက ကိုယ္ေတြရဲ႕ရင္ထဲကိုပါ ကူးစက္ေစပါတယ္။
ယေန႔ စလုပ္ျဖစ္တဲ႔ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔၏ “အခမဲ႔” ေရြ႕လ်ား အထည္ဆိုင္ရဲ႕ လွဳဒါန္းမႈ ျမင္ကြင္းေတြပါ။
တကယ္႔ကို မရွိဆင္းရဲသား လက္လုပ္လက္စား ရပ္ကြက္ေတြဆီကို အေရာက္သြားျပီး ေဝဌလွဴဒါန္းေပးခဲ႔တာပါ။
ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔သို႔ ေရေဘးတုန္းက အိႏၵိယႏိုင္ငံမွ လွဴဒါန္းထားတဲ႔ ပိုေနတဲ႔ အထည္ေတြ အမ်ားျပည္သူ လွဴဒါန္းထားတဲ႔
အဝတ္အစား အထည္မ်ိဳးစုံနဲ႔ ထပ္မံျဖည္႔တင္းထားတဲ႔ အဝတ္အစား ေတြ အမ်ားႀကီး ရွိေနတဲ႔အတြက္ တကယ္လိုအပ္ေနတဲ႔သူေတြဆီကို ယေန႔ ၃ ေနရာတိတိ လွဴဒါန္းေပးႏိုင္ခဲ႔ပါတယ္။
မရွိဆင္းရဲသား လက္လုပ္လက္စား ရပ္ကြက္က ျပည္သူေတြ ကြ်န္ေတာ္တို႔ အထည္ဆိုင္မွာ လိုအပ္တဲ႔ အဝတ္အစားေတြ အခမဲ႔ ဝမ္းသာေပ်ာ္ရႊင္စြာ လာေရာက္ယူငင္ၾကပါတယ္။ သူတို႔လို လိုအပ္တဲ႔ သူေတြအတြက္ေတာ႔ အရမ္းအဖိုးတန္တဲ႔ ပစၥည္းေတြပါ။
ပိုလ်ွံေနတဲ႔ သူေတြကလဲ မိမိတို႔ အသုံးမျပဳေတာ႔တဲ႔ အသစ္ေတြေရာ အေဟာင္းေတြေရာ မ်ိဳးစုံကို လာလွဴႏိုင္ပါတယ္။
ကြ်န္ေတာ္တို႔ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔မွ လိုအပ္ေနတဲ႔ သူေတြဆီထံ အေရာက္ အခမဲ႔ လိုက္လံ လွဴဒါန္းေပးသြားမွာပါ။
” လိုတဲ႔သူယူ … ပိုတဲ႔သူ လွဴ”
ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔ အခမဲ႔ ေရႊ႕လ်ားအထည္ဆိုင္
တကယ္လိုအပ္ေနတဲ႔ ျပည္သူေတြအတြက္ လုပ္ႏိုင္သမ်ွ အေကာင္းဆုံး ေတြကိုပဲ ဆက္လုပ္ေပးေနပါ႔မယ္။
09 784 784 199
09 785 785 199
09 260 144 199
057 2021640







ရုပ္သံဖိုင္ၾကည့္ရန္

Unicode Version

တကယ်လိုအပ်တဲ့သူတွေရဲ့ အပျော်တွေက ကိုယ်တွေရဲ့ရင်ထဲကိုပါ ကူးစက်စေပါတယ်။

ယနေ့ စလုပ်ဖြစ်တဲ့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၏ “အခမဲ့” ရွေ့လျား အထည်ဆိုင်ရဲ့ လှုဒါန်းမှု မြင်ကွင်းတွေပါ။

တကယ့်ကို မရှိဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်တွေဆီကို အရောက်သွားပြီး ဝေဌလှူဒါန်းပေးခဲ့တာပါ။
မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ရေဘေးတုန်းက အိန္ဒိယနိုင်ငံမှ လှူဒါန်းထားတဲ့ ပိုနေတဲ့ အထည်တွေ အများပြည်သူ လှူဒါန်းထားတဲ့
အဝတ်အစား အထည်မျိုးစုံနဲ့ ထပ်မံဖြည့်တင်းထားတဲ့ အဝတ်အစား တွေ အများကြီး ရှိနေတဲ့အတွက် တကယ်လိုအပ်နေတဲ့သူတွေဆီကို ယနေ့ ၃ နေရာတိတိ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
မရှိဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်က ပြည်သူတွေ ကျွန်တော်တို့ အထည်ဆိုင်မှာ လိုအပ်တဲ့ အဝတ်အစားတွေ အခမဲ့ ဝမ်းသာပျော်ရွှင်စွာ လာရောက်ယူငင်ကြပါတယ်။ သူတို့လို လိုအပ်တဲ့ သူတွေအတွက်တော့ အရမ်းအဖိုးတန်တဲ့ ပစ္စည်းတွေပါ။
ပိုလျှံနေတဲ့ သူတွေကလဲ မိမိတို့ အသုံးမပြုတော့တဲ့ အသစ်တွေရော အဟောင်းတွေရော မျိုးစုံကို လာလှူနိုင်ပါတယ်။
ကျွန်တော်တို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်နေတဲ့ သူတွေဆီထံ အရောက် အခမဲ့ လိုက်လံ လှူဒါန်းပေးသွားမှာပါ။
” လိုတဲ့သူယူ … ပိုတဲ့သူ လှူ”
မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အခမဲ့ ရွှေ့လျားအထည်ဆိုင်
တကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် လုပ်နိုင်သမျှ အကောင်းဆုံး တွေကိုပဲ ဆက်လုပ်ပေးနေပါ့မယ်။

09 784 784 199
09 785 785 199
09 260 144 199
057 2021640

No comments:

Post a Comment