Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 28, 2019

ကမၻာေက်ာ္ ေအာက္စဖုိဒ့္တကၠသုိလ္မွ ပါရဂူေဒါက္တာဘြဲ႕ရ ျမန္မာျပည္သား ဆရာေတာ္


ကမၻာေက်ာ္ ေအာက္စဖုိဒ့္တကၠသုိလ္မွ ပါရဂူေဒါက္တာဘြဲ႕ရ ျမန္မာျပည္သား ဆရာေတာ္ ေဒါက္တာဓမၼသာမိထရုပၸတၱိ အက်ဥ္း

ေဒါက္တာ ဓမၼသာမိ D Phil (oxford) ကို ၁၉၆၄ ခုႏွစ္ ႏို၀င္ဘာလ ၂၃ ရက္ေန႔တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း လဲခ်ားျမိဳ႔ ေနာင္ပန္ရြာ၌ ေမြးဖြားျပီး ခမည္းေတာ္ ဦးလံုးစန္းခမ္းၾသ (ရွမ္းတိုင္းရင္းသား ေဆးဆရာၾကီး ကြယ္လြန္) ႏွင့္ မယ္ေတာ္ ေဒၚပါစန္းေဆြတို႔၏ သားသမီး (၁၀) ေယာက္ရွိသည့္အနက္ (၇) ေယာက္ေျမာက္ေသာ သားျမတ္ရတနာျဖစ္သည္။
ဆရာေတာ္သည္ ဗုဒၶ က်မ္းစာေပမ်ားကို ျမန္မာ (ရွမ္းျပည္နယ္၊ပဲခူး) ၊ ထိုင္း၊ သီရိလကၤာ ႏွင့္ ျဗိတိန္ ႏိုင္ငံတုိ႔၌ ေလ့လာ သင္ၾကားျပီး ၂၀၀၄ ခုႏွစ္တြင္ ကမၻာ့အေက်ာ္ၾကားဆံုး တကၠသိုလ္ျဖစ္သည့္ ေအာက္စဖို႔ဒ္ တကၠသိုလ္တြင္ ပါရဂူ ေဒါက္တာဘြဲ႕ကို ဆြတ္ခူးရရွိသည္။

၂၀၀၃ ခုႏွစ္ ေအာက္ဖို႔ဒ္ တကၠသိုလ္ ဗုဒၶစာေပမ်ားကို လူအမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာသင္ၾကားႏိုင္ရန္ ရည္ရြယ္၍ ဆရာေတာ္သည္ ေအာက္စဖို႔ဒ္ျမိဳ႔တြင္ ေအာက္စဖို႔ဒ္ ဗုဒၶဝိဟာရေက်ာင္းတိုက္ကို တည္ေထာင္ျပီး ေအာက္စဖို႔ဒ္ တကၠသိုလ္ ႏွင့္ လက္တြဲကာ ဗုဒၶ စာေပ အႏွစ္သာရမ်ားကို ယခုအထိတိုင္ သင္ၾကားပို႔ခ် ေနသည္။ ကမၻာ႔ ဗုဒၶသာသနာျပဳ ေအာက္စဖို႔ဒ္ ဆရာေတာ္ ေဒါက္တာ ဓမၼသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာေတာ္အား ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံေတာ္ အစိုးရမွ ‘အဂၢမဟာ သဒၶမၼေဇာတိကဓဇ’ ဘဲြ႕တံဆိပ္ေတာ္ ဆက္ကပ္ခဲ့သည္။

၂ဝဝ၇ ခုႏွစ္တြင္ ကမၻာအရပ္ ရပ္ရိွ ဗုဒၶတကၠသိုလ္ မ်ားကို စုစည္း ေပးၿပီး ကမၻာ႔ ဗုဒၶတကၠသိုလ္မ်ား အသင္းႀကီးႏွင့္ အျပည္ျပည္ဆုိင္ရာ ေထရဝါဒ ဗုဒၶ တကၠသိုလ္မ်ား အသင္းႀကီးႏွစ္ခုကုိ တည္ေထာင္ေပးခဲ့ သည္။ ၄င္းအျပင္ ေထရဝါဒ ႏွင္ ့ကိုက္ညီစြာ ရွမ္း၊ ျမန္မာ၊ အဂၤလိပ္ ဘာသာမ်ားျဖင့္ ေဆာင္းပါးႏွင့္ ကဗ်ာ မ်ား ေရးသားခဲ့ၿပီး ဓမၼစာအုပ္မ်ားလည္း ေရးသား ထုတ္ေဝခဲ့သည္။



လက္ရိွ အခ်ိန္အထိ အေမရိကန္၊ အဂၤလန္၊ စပိန္၊ ျပင္သစ္၊ ဟန္ေဂရီ၊ ကေနဒါ၊ ဂ်ာမနီ၊ ေဝးလ္စ္၊ ကိုရီးယား၊ ထိုင္း၊ မေလးရွား၊ စင္ကာပူ စသည့္ ႏုိင္ငံမ်ားတြင္ ဝိပ ႆနာ တရားစခန္းမ်ား ဖြင့္လွစ္ျပသ ေပးလ်က္ ရိွသည္။ ဆရာေတာ္ သည္ ေအာက္စဖို႔ဒ္ တကၠသိုလ္တြင္ ကထိက ဆရာ၊ ရန္ကုန္ အျပည္ျပည္ ဆုိင္ရာ ေထရဝါဒ ဗုဒၶတကၠသိုလ္၏ ပါေမာကၡ၊ အျပည္ျပည္ဆုိင္ရာ ကမၻာ့ ဗုဒၶ တကၠသိုလ္ မ်ား အသင္းႀကီး( IABU ) ႏွင့္ အျပည္ျပည္ ဆိုင္ရာ ေထရဝါဒဗုဒၶ တကၠသိုလ္မ်ား အသင္းႀကီးတုိ႔၏ တည္ေထာင္သူႏွင့္ အတြင္းေရးမွဴးခ်ဳပ္အျဖစ္ ေဆာင္ရြက္လ်က္ရိွပါသည္။

Dragon Patriotic Myanmar Youths Association (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

ကမ္ဘာကျော် အောက်စဖိုဒ့်တက္ကသိုလ်မှ ပါရဂူဒေါက်တာဘွဲ့ရ မြန်မာပြည်သား ဆရာတော်
Bagan Thar June 27, 2019
SHARE
ကမ္ဘာကျော် အောက်စဖိုဒ့်တက္ကသိုလ်မှ ပါရဂူဒေါက်တာဘွဲ့ရ မြန်မာပြည်သား ဆရာတော် ဒေါက်တာဓမ္မသာမိထရုပ္ပတ္တိ အကျဉ်း

ဒေါက်တာ ဓမ္မသာမိ D Phil (oxford) ကို ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ နောင်ပန်ရွာ၌ မွေးဖွားပြီး ခမည်းတော် ဦးလုံးစန်းခမ်းသြ (ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး ကွယ်လွန်) နှင့် မယ်တော် ဒေါ်ပါစန်းဆွေတို့၏ သားသမီး (၁၀) ယောက်ရှိသည့်အနက် (၇) ယောက်မြောက်သော သားမြတ်ရတနာဖြစ်သည်။

ဆရာတော်သည် ဗုဒ္ဓ ကျမ်းစာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ပဲခူး) ၊ ထိုင်း၊ သီရိလင်္ကာ နှင့် ဗြိတိန် နိုင်ငံတို့၌ လေ့လာ သင်ကြားပြီး ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသည်။

၂၀၀၃ ခုနှစ် အောက်ဖို့ဒ် တက္ကသိုလ် ဗုဒ္ဓစာပေများကို လူအများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဆရာတော်သည် အောက်စဖို့ဒ်မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို တည်ထောင်ပြီး အောက်စဖို့ဒ် တက္ကသိုလ် နှင့် လက်တွဲကာ ဗုဒ္ဓ စာပေ အနှစ်သာရများကို ယခုအထိတိုင် သင်ကြားပို့ချ နေသည်။ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာတော်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ‘အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သည်။

၂ဝဝ၇ ခုနှစ်တွင် ကမ္ဘာအရပ် ရပ်ရှိ ဗုဒ္ဓတက္ကသိုလ် များကို စုစည်း ပေးပြီး ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးနှစ်ခုကို တည်ထောင်ပေးခဲ့ သည်။ ၎င်းအပြင် ထေရဝါဒ နှင့်ကိုက်ညီစွာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ဆောင်းပါးနှင့် ကဗျာ များ ရေးသားခဲ့ပြီး ဓမ္မစာအုပ်များလည်း ရေးသား ထုတ်ဝေခဲ့သည်။

လက်ရှိ အချိန်အထိ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ ကနေဒါ၊ ဂျာမနီ၊ ဝေးလ်စ်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ဝိပ ဿနာ တရားစခန်းများ ဖွင့်လှစ်ပြသ ပေးလျက် ရှိသည်။ ဆရာတော် သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် ကထိက ဆရာ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ် များ အသင်းကြီး( IABU ) နှင့် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးတို့၏ တည်ထောင်သူနှင့် အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

Dragon Patriotic Myanmar Youths Association (လေးစားမှုဖြင့် ခရက်ဒစ်)

No comments:

Post a Comment