Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 9, 2019

တရုတ်နိုင်ငံ ပြည်တွင်းနို့ မှုန့် အတု


အ နောက်နိုင်ငံများအ ပေါ် စကားလုံးကြီးများဖြင့်မာန်တက်ပြောဆိုနေသည့်တရုတ်နိုင်ငံမှ ရေတပ်စစ်သည်များရဲ လုပ်ရပ်ကြောင့် အ နောက်နိုင်ငံသားများက ခေါင်းခါစရာဖြစ်ပြန် - - -
လွန်ခဲ့သော ရက်သတ္တပါတ်က တရုတ်ရေတပ်စစ်သ င်္ဘော ၃စင်းဟာ သြစ တြေးလျနိုင်ငံဆစ်ဒနီဆိပ်ကမ်းသို့  အလည်အပတ်ခရီးစဉ်ဖြင့် ဆိုက်ရောက်လာခဲ့ပါတယ်။ အဆိုပါစစ်သ င်္ဘောများမှ သြစ တြေးလျနိုင်ငံတွင် ၅ရက်ခန့် ဆိုက်ကပ်ထားစဉ်အတွင်း တရုတ်ရေတပ်စစ်သည်များရဲ့ လုပ်ဆောင်မှုတစ်ခုက တရုတ်ပြည်သူများရဲ့ ရင်တွင်းသရုပ်သဏ္ဍန်အမှန်ကို ဖေါ်ပြလိုက်သလိုဖြစ်တယ်လို့  သြစ တြေးလျပြည်တွင်းသတင်းများမှ ရေးသားကြပါတယ်။

အဲဒါက တော့ တရုတ်ရေတပ်သားများဟာ အပြန်သယ်ဆောင်သွားရန်အတွက် သြစ တြေးလျကုန်တိုက်၊ဆိုင်များမှ နို့ မှုန့် ဗူးများ၊အလှပြင်သုံးမျက်နှာဖုံးများအား ကားစီးတိုက် ရုပ်ပျက်ဆင်းပျက်ဝယ်ယူခဲကြသည့်ဖြစ်ရပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင် ၂၀၀၈ခုနှစ်က ပြည်တွင်းနို့ မှုန့် အတုထုတ်လုပ်မှုဖြစ်စဉ်ကြောင့် တရုတ်ခ လေးငယ်၅ သောင်းခွဲနီးပါး အဆိပ်သင့်၊ရောဂါရအဖြစ်ဆိုးကြီးဖြစ်ပွါးခဲ့ပြီးနောက် ယခုထက်တိုင် တရုတ်ပြည်သူအများစုဟာ ပြည်တွင်းကုန်ပစ္စည်း(အထူးသဖြင့် နို့ မှုန့် ၊စားသုံးကုန်)များအ ပေါ်ယုံကြည်မှုကင်းမဲ့မှုကြောင့် ပြည်ပသို့ ရောက်ရှိတာနှင့် အ နောက်နိုင်ငံထုတ်နို့ မှုန့် နှင့်စားသုံးကုန်များအား ရသ လောက်အိမ်အပြန်ဝယ်ယူသယ်ဆောင်ကြသည့်ဖြစ်ရပ်များဟာ ထုံးစံတစ်ခုလိုဖြစ်နေခဲ့ပြီးနောက် ယခုဖြစ်ရပ်က တော့ အ နောက်နိုင်ငံများ အ ပေါ်စကားလုံးကြီးများဖြင့် ပြောဆိုလေ့ရှိသည့် တရုတ်စစ်တပ်(PLA) မှစစ်သည်များရဲ့ ရင်တွင်းသ ဘောထားအမှန်အားဖွင့်လှစ်လိုက်သလိုဖြစ်စေခဲ့ပါတယ်။

P.S - မြန်မာပြည်တွင်းသို့ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအား ပြည်သူများအတွက် အစိုးရမှ ရေပက်မ၀င်သေချာစွာ မစီစစ်၊မကာကွယ်သေးနိုင်ခင်စပ်ကြားဝယ် ပြည်သူများမှ ဆင်ခြင်၊နှိုင်းယှဉ်သုံးသပ်နိုင်စရာတစ်ခုအဖြစ် ရေးသားဖေါ်ပြလိုက်ပါတယ်။
Dr Myo Tun

No comments:

Post a Comment