CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 9, 2019
အပျိုကြီး ၏ လျှို့ ဝှက်ခလုတ်
ပြဿနာက စပါပြီ။
“ ဘူးးးးးးးးးးးးးးးးးး ဘွတ်~~~~~~~~~~~~~~”(လေလည်သံ အကျယ်ကြီး၊အရှည်ကြီး ထွက်ပြိး အနံ့ ဆိုးတွေ တထောင်းထောင်းနဲ့ ။)
Thet Myo Oo
Unicode
ပဲအရမ်းများတဲ့ အပျိုကြီးတစ်ယောက်ဟာ သူ ့ကို ချစ်ခွင့်ပန်လာသူတိုင်းကို အိုက်တင်အရမ်းခံပြီး ငြင်းပယ်လာရင်းနဲ ့အသက် (၅၀)ကျော်သွားတော့ သူ ့ကို ကြိုက်မယ့်လူမရှိတော့ဘူး။နောက်ဆုံးမှာ ရှားရှားပါးပါး (၁၆)နှစ်သား ကောင်လေးတစ်ယောက်ကိုချစ်သူအဖြစ် ရလိုက်ပါတယ်။
အတိုချုပ်ပြောရရင် ကောင်လေးရဲ ့ချိန်းဆိုမှုနဲ ့အပျိုကြီး ကန်ဘောင်ပေါ်ကို ရောက်လာပါတယ်။ကန်ဘောင်မြက်ခင်းပေါ်ထိုင်ရင်း စကားပြောကြ၊ဘယ်ရွှေ ့ဘယ်မျှ ချစ်ပါတယ်စသဖြင့် ပြောကြရင်း ထီးကိုအကာအကွယ်ယူကာ အနမ်းမိုး စွေကြတာလည်း အပါပေါ့။ကောင်လေးက အတွေ ့အကြုံသစ်မို ့အပျိုကြီးကို အားပါးတရ ဖက်ထားပါတယ်။
ပြဿနာက စပါပြီ။
ရည်းစား တစ်ခါမှ မထားခဲ့ဖူးတဲ့ အပျိုကြီး ရှက်နေတဲ့အပြင် ညက ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင်း ပဲကြီးလှော်တွေ အားပါးတရ စားခဲ့တာရယ်၊ဒီမနက်ခင်း ထမင်းကြော်နဲ့ကြက်ဥပြုတ် စားခဲ့တာမို ့ဗိုက်ကရစ်ပြီး လေလည်ချင်နေပါတယ်။ကောင်လေးကလည်း အတင်းဖက်ထားလေတော့ ရင်ခွင်ထဲက ရုန်းထွက်လို ့က မရ။
ဒါနဲ ့အပျိုကြီး မျက်စိကိုမှိတ် အံကြိတ်ပြီး လေမလည်အောင် အတင်း အောင့်ခံရင်းကချွေးသီးချွေးပေါက်တွေ ကျနေပေါ့။ကောင်လေးက ဖက်လေ၊အခြေအနေ မဟန်လို ့အံကြိတ်ရုံတင်မက၊ခြေမကိုပါ အသားကုန်ကွေးပြိး မနည်းကြီး တောင့်ထားရှာပါတယ်။
ဒါကို ကောင်လေးက မြင်တဲ့အခါ (နားမလည်လို ့နေမှာပေါ့)“ ချစ်မကြီးရယ်၊ဒီလောက်လှတဲ့ ခြေမလေးကို ဘာပြုလို ့များ ကွေးထားတာလဲ “ကောင်လေးစကားကြားတော့ အပျိုကြီးခမြာ ချွေးသီးချွေးပေါက်တွေ ကျနေတဲ့ကြားကမျက်လုံးပြူး ခေါင်းခါပြပါတယ်။
(ဆိုလိုချင်တာကတော့-သွားမထိလိုက်နဲ ့ပေါ့)။ဒါကိုမသိလို ့ကောင်လေးက ကွေးထားတဲ့ ခြေမကို ဆွဲဆန် ့လိုက်တဲ့အခါ
“ ဘူး ဘွတ်~~~~~~~~~~~~~~”(လေလည်သံ အကျယ်ကြီး၊အရှည်ကြီး ထွက်ပြိး အနံ ့ဆိုးတွေ တထောင်းထောင်းနဲ ့။)
အပျိုကြီးခမြာ အရှက်ဗြန်းဗြန်းကွဲပြီး ခေါင်း မဖော်ဝံ ့တော့ပါ။ဒါနဲ ့ကောင်လေးခမြာဘာလုပ်လို ့လုပ်ရမယ် မသိ။အပျိုကြီး မရှက်အောင်လို ့ပြောမိပြောရာ စကားတစ်ခွန်း ပြောလိုက်သည်မှာ“ ဆောရီးပါ ချစ်မကြီးရယ်၊ဒီခလုပ်က အီးခလုပ်မှန်း မသိလို ့မှားနှိပ်မိတာပါ။နောက်ဆိုမနှိပ်တော့ပါဘူး”
Thet Myo Oo
အပျိုကြီး ၏ လျှို့ ဝှက်ခလုတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment